အတု

 အတုမြင်အတတ်သင်ဆိုပေမဲ့
အတတ်မသင် အတုကိုအတူခိုးနေကြတော့
ငွေအတု ရွှေအတု စိန်အတု
တင်အတု ဖင်အတု ရင်အတု
ဘာအတု ညာအတု ဖာအတု
ဘွဲ့အတု ဝန်ကြီးချုပ်အတု သမ္မတအတု
ဖက်ဒရယ်အတု အကယ်ဒမီအတု
မိန်းမအတု ယောင်္ကျားအတု လိင်အတု
လူမျိုးအတု တိုင်းရင်းသားအတု
ဘုန်းကြီးအတု နိုင်ငံရေးသမားအတု
တူတာတစ်ခုအားလုံးဟာ အတုတွေပဲ။

အတုဟာအစစ်ဖြစ်မလာပေမဲ့
အစစ်တွေအတုဖြစ်သွားကြတော့
အတုနဲ့အစစ် အစစ်နဲ့အတု
ဘယ်သူဟာ အစစ်လဲစစ်ဆေးရင်း
အတုဟာအစစ်လိုအတုခိုးဖို့တတ်လာသလို
အစစ်ဟာလည်းအတုတွေဖြစ်သွားတယ်။

အတုယူဖို့မတတ်ကြပေမဲ့
အတုတွေမှိုလိုပေါတဲ့ခေတ်မှာ
အတတ်ပညာမခိုး အတုခိုးဖန်များရင်း
အတုမဟုတ်လူရာမသွင်းတဲ့အတုကမ္ဘာထဲ
ကျနော်အကြိုက်ဆုံးအတုကတော့
မောင်ချောနွယ်အတု။


ရခိုင်လူမျိုး Dr.ညိုထွန်းအောင်
လေးလေးဆယ့်ခြောက်

 Dr.Nyo Twan Awng