ဇာအချိန်ကြည့်ကြည့် စစ်သားကစစ်သားရာ

စစ်သားတစ်ယောက်စည်းကမ်း
ယင်းသူလမ်းလျှောက်ရေအချိန်မြင်နိုင်ရေ။
စစ်သားတစ်ယောက်ဂုဏ်သိက္ခာ
ယင်းသူနန့်စကားပြောကြည့်ခါ သိလိမ့်မယ်။
စစ်သားတစ်ယောက်သတ္တိ
ယင်းသူနန့်မျက်နှာချင်းဆိုင်ကြည့် တွိလိမ့်မယ်။
စစ်သားတစ်ယောက်အားမာန်
ယင်းသူ့နှလုံးခုန်သံကြားရခါသိလိမ့်မယ်။
စစ်သားတစ်ယောက်သစ္စာတရား
ဇာခါလေ့သင့်အစွန်းအထင်းခံလိမ့်မယ်မဟုတ်။
စစ်သားတစ်ယောက်အမာရွတ်
ရင့်ကျက်မှုနန့်အနစ်နာခံမှုကြားမှာထင်းနီရေ။
တစ်ခုရာမှတ်လီ
မင်းရေ ရှေ့တန်းကိုရောက်နီရေစစ်သား
ရခိုင်စစ်သား အိမ်စောင့်စစ်သား
ပြောက်ကျားစစ်သား ရခိုင်စစ်သား
ဇာနီရာကိုရောက်ရောက်
စစ်သားကစစ်သားရာ။
မင်းတာဝန် မင်းဝတ္တရား
ဇာခါလေ့သင့် မပျက်စီကေ့
မင်းဖက်ကတက်လာရန်သူမှန်သမျှ

မင်းဘားကမလွတ်လားစီကေ့
မင်းရှေ့ရောက်လာရေရန်သူ
မင်းလက်တစ်ကမ်းမှောက်လားစီရဖို့
တစ်ခုရာသိလီ
မင်းရေ
တာဝန်ကျီရေစစ်သားတစ်ယောက်ဖြစ်ကိုဖြစ်ရဖို့။

စစ်သားစော်စစ်သားရာ
အိပ်နီကေလေ့ စစ်သားရာ
တိုက်နီကေလေ့စစ်သားရာ
ခန္ဓာတစ်ဝက်စွန့်လွှတ်လိုက်ရကေလေ့ စစ်သားရာ
အသွီးအသားဆုံးယှုံးရကေလေ့ စစ်သားရာ
နောက်ဆုံးခြောက်ပေနှစ်ပေကျင်းထဲရောက်လားကေလေ့
မင်းစော်စစ်သားရာ။

ရဲဘော်…
မင်းရာစစ်သားတစ်ယောက်ဖြစ်ခကေ
ငါပြောဖူးရေ ဒေချင့်တိနားလည်လီဖို့
ဇာရာထူးကိုတပ်ထားတပ်ထား
ဇာတာဝန်ကိုထမ်းထားထမ်းထား
ဇာစစ်ဒေသကိုရောက်ရောက်
စစ်သားကစစ်သားရာဆိုစော်။

ဇာအနှောင့်အဖွဲ့တွယ်တာမှုမဟိရေ စစ်သား
ပီးဆပ်ဖို့အတွက်အားလုံးကိုစွန့်ထားရေစစ်သား
လွတ်လပ်ရေလူမျိုးနန့်လွတ်လပ်တေလူတိဖြစ်လာဖို့
မင်းရို့ငါ့ရို့ပိုင်စွန့်လွှတ်ပီးဆပ်ဖို့လူတိမကန်လိုရေ။

ဒေစာကိုဖတ်နီတုန်း
မင်းစော်စစ်သားတစ်ယောက်မဖြစ်သိမ့်ဆိုကေ
မင်းကိုယ်တိုင်မင်း စစ်သားဖြစ်ရေခါသိလိမ့်မေ။

******************************************
ရခိုင်လူမျိုး Dr.ညိုထွန်းအောင်
2016 March 21 , Monday ( ကမ္ဘာ့ကဗျာနေ့ - World Poetry Day)
စစ်ဒေသအသီးသီးမှာတိုက်ပွဲဝင်နီကတ်တေ တာဝန်ကျီပွန်သော ၊ သစ္စာဟိသော၊ သစ္စာမမဲ့သော၊ အမိန့်နာခံမှုကောင်းသော၊ သတ္တိဟိသော၊ ရက္ခိုင့်တပ်မတော် စစ်သားတိုင်းအားလုံးအတွက် ရည်ညွှန်းပါသည်။
Angela Goodwin ၏ A Soldier တစ်ဖဲ့ချေ ကိုမှီငြမ်းပါသည်။

 Dr.Nyo Twan Awng