“ယမ်းငွိ့နံ့သင်းလေးမြို့ချောင်း’’

သရက်တံတိဖူး လက်ပံတိကြွီ
အယ်လ်နီညို ပူအိုက်စပ်ရာသီထဲ
အချစ်တိပိတ်လှောင်ဖန်များ
ကျင့်သားရအမှောင်တစ်ဖဲ့ချေနန့်
စကားတိဖောင်ဖွဲ့
နှောင်ကြိုးမဲ့တော်လှန်ရီးမှာ
သောကကို
သတ္တိနန့်အစားထိုးဖို့တတ်လာရေ။

ကြိုတင်စီစဉ်တိုင်းလွဲတတ်ရေခါ
အချစ်ဆိုစွာဦးသူကိုကျော်မဟုတ်မှန်း
အလိုလိုသိလာရေပိုင်
အနိုင်ယူဖို့တက်လာရေရန်သူအတွက်
ငါ့ကျည်ဘောက်ထဲကျည်ဆံတိုင်းကတော့
ဦးရာလူအလှည့်ကျလက်ယပ်ခေါ်လို့
တာဝန်တိကျီပလိုက်ဖို့
နှစ်ဆယ့်လေးနာရီတိုင်းအသင့်ဟိနီရေ။

အသွီးအသားခန္ဓာ မညောင်းကေလေ့
ကိုယ်စောင့်နတ်တောင်
Beri Beri ဘယ်ရီဘယ်ရီဖြစ်ရရေဘဝ
နောက်တစ်ခြီအမှားထပ်မဖြစ်ရအောင်
သစ္စာတရားနန့် ရဲဘော်ရဲဖက်စိတ်ဓာတ်
ငါ့ရို့ရင်ထဲမှာငွေ့ရည်ဖွဲ့
ရမ်းချောင်းမှာမြစ်ဖျားခံ
လိုရာခရီး ဟန်ချက်ညီစီးဆင်းနိုင်ဖို့
တားဆီးကွေ့ကောက်ကျော်ဖြတ်
လှည့်မကြည့်နိုင်သိမ့်ရေ မြစ်ချောင်းအလှ
ယင်းကလေတိကိုယ်ချင်းစာတတ်တေတစ်နိ
လေးမြို့ရေ......
ထပ်တွိကတ်မေ။

Dr.ညိုထွန်းအောင်
မတ်လ(၁၁) ရက်၊ သောကြာနိ၊ ၂၀၁၆။

Photo Credit:

 Dr.Nyo Twan Awng