အသား

ရန်သူစွာအသားကိုကိုင်ပနာ
ရခိုင်တောထဲအသာချေ ဝင်လာရေ
ယင်းသူလက်ထဲကအသားစွာ
ဝက်သားမဟုတ် ကြက်သားမဟုတ်
အမဲသားမဟုတ် ဆိတ်သားမဟုတ်
ခွီးသားမဟုတ် မျောက်သားမဟုတ်
ချီသားမဟုတ် ဆတ်သားမဟုတ်
လူသားလည်းမဟုတ်ရေပိုင်
စားလို့ရရေအသားမျိုးမဟုတ်။

ရန်သူစွာအသားကိုကိုင်ပနာ
ရခိုင်တောထဲချထားခရေ
ယင်းအသားထဲမှာ
ငါရို့တိကို စိတ်ဝမ်းကွဲစီဖို့ အသားမျှင်တိ
ငါရို့တိကိုသပ်သျှိုဖြိုကွဲစီဖို့ အရီပြားတိ
ငါရို့တိကိုလဲပြိုလားစီဖို့ ကလီစာတိ
ငါရို့မျိုးဆက်ကိုအဆိပ်အတောက်ဖြစ်စီဖို့ အညှီနံ့တိ
ငါရို့တိကို Comaဖြစ်လားနိုင်စီရေစကားလုံးတိ
အချင်းချင်းအပြစ်မြင်တတ်တေဗီတာမင်တိရာပါရေပိုင်
တစ်ခါတစ်ရီ လောက်ကောင်တိကပ်ပါလာရေ။

ငါရို့တိအဖို့မှာကား
ထိန်းချုပ်ခံ နှလုံးသား နန့် သံပတ်ပီးရခိုင့်ခန္ဓာ
မလွန်ဆန် စက္ကူကျားအဖြစ် နွံနစ်သထက်နစ်ယင်း
ရုန်းမထွက်နိုင် ကျွန်သံသရာထဲ
ယင်းသူရို့ယင်းအသားကိုချကျွေးတိုင်း
မဲမဲမြင်ဟောင်တတ်တေခွီးမဖြစ်စီဖို့
ငါးပွက်နီရာတိုင်း ငါးစာမချမိစီဖို့
အသိတရားနန့် သတိဟိနီဖို့ရာလိုရေ။

ယင်းရန်သူကိုင်ထားအဆိပ်နန့်အသားကား
ကျောက်ဖြူသား မြောက်ဦးသား မင်းပြားသား
စစ်တွေသား သံတွဲသား မာန်အောင်သား
တောင်ကုတ်သား ရမ်းဗြဲသား အမ်းသား
ရသေ့တောင်သား ကျောက်တော်သား ဂွသား
မင်းပြားသား ပုဏ္ဏားကျွန်းသား မြေပုံသား
ဘူးသီးတောင်သား မောင်တောသား ပေါက်တောသား
တောင်ပိုင်းသားမြောက်ပိုင်းသား
မယ်သယ်သား မယ်ဝါသားတိရာဖြစ်တေ။

အေနိတော့ မန်ယူကို ဆီးစိမ်နန့်ရောပနာ
ယင်းအသားကို အမြည်းလုပ်ပလိုက်တေ။

Dr.ညိုထွန်းအောင်
ရှုံးခလေသော မန်ယူညများ
Sep 18 , Super Suncky Day. 2016
I believe S1 more than LVH @ DMR.
GGMU
Photo Credit:Original Uploader

 Dr.Nyo Twan Awng