အမုန်းနန့်ဗုံး

 တိုက်လေယာဉ်တွေနဲ့
ဗုံးတွေကိုအမုန်းကြဲဖို့အမိန့်ပေးလိုက်တိုင်း
ရဟတ်ယာဉ် Fighter တွေထွက်လာပြီကြားတိုင်း

ငါတို့အသွေးအသားထဲ
ဗုံးကြဲဖို့အမိန့်ပေးတဲ့လူကိုမုန်းမိတယ်
ဗုံးကြဲဖို့အမိန့်နာခံလူတွေကိုပိုမုန်းမိတယ်
ဗုံးကြဲတဲ့စစ်တပ်ကိုပို၍ပို၍မုန်းမိတယ်
ဗုံးကြဲတာနဲ့ပတ်သက်တာဝန်ရှိတဲ့ကောင်တွေ
အမြန်သေစေ ဆုပေးမိတယ်။
(မိတ်ဆွေတို့လည်း ဆုတောင်းကူပေးကြလေ)

စစ်တမ်းတစ်ခုက
ဗုံးကြဲခံရလေ အမုန်းတရားပိုတိုးလာလေ
ဗုံးတစ်ခါကြဲတိုင်း အနာဖေးတက်နေတဲ့ငြိမ်းချမ်းမှု
တည်ငြိမ်စ သူတို့ပြောပြောနေတဲ့
ရင်ကြားစေ့မှုတွေ ဖင်နားရောက်သွားတယ်
နောက်ဆယ်လှမ်းဆုတ်သွားတယ်
ယုံကြည်မှုအဟုန်လျော့သွားတယ်
သူပုန်တွေပိုတိုးလာတယ်

အမုန်းကြဲခံရတဲ့ဗုံးဆံတွေကြောင့်
ငါတို့တွေသေခဲ့ရင်တောင်
နှလုံးသားမသေဘူး ဝိဉာဉ်မသေဘူး
လူမျိုးသေမသွားဘူး စိတ်ဓာတ်သေမသွားဘူး
တစ်ယောက်ကျန်သည့်တိုင်
မင်းတု့ိတွေကို အမုန်းဆတိုးကိန်းနန့်
ပုန်ကန်ဖို့အင်အားဖြစ်သွားတယ်
မျိုးရိုးဗီဇမှာတောင် ဒီကောင်တွေကိုမုန်းဖို့
A-G-T-C သူပုန် Nucleotides
မျိုးဆက်တိုင်းမှာစီးစေတယ်။

ရုပ်ဝတ္ထုကို ကြဲလို့ရပေမဲ့
ငါတို့လူမျိုးတွေရင်ထဲက
သူပုန် Genes တွေကိုဖြဲလို့မရဘူး
သူပုန် DNA မျိုးဆက်လိုက်စီးဆင်းအမြစ်တွယ်
စစ်မှန်တဲ့အမုန်းတရားက
ညီလေးညီမလေးတို့ရေ လောကျိတ်ထားကြ ။


Dr.ညိုထွန်းအောင်
December 6 , 2016 , Tuesday.
12:30 PM
Oct 30 , Super Sunday, 2016
(ကျနော်ကတော့သူပုန် Rebel အသုံးပိုကြိုက်တယ်။
မခေါ်မှာတောင် စိုးရိမ်တယ်
သူပုန်လုပ်ဖို့ အားလုံးနီးပါးစွန့်လို့ထွက်လာခဲ့သူတစ်ယောက်မို့)
Photo credit: Original Uploader
Researchers Discover that Bombing People Causes Them to Hate You.
(ဤ ဓာတ်ပုံအား ကြည့်၍ မုံးကိုးတိုက်ပွဲအတွင်း
ရန်သူ၏လေယာဉ်ပေါ်မှ ပစ်လိုက်သော ဗုံးဆံ၊ ကျည်ဆံကြောင့်
ပေးဆပ်စွန့်လွှတ်ခဲ့ရသောမဟာမိတ်တပ်ဖွဲ့ဝင်များ၊ သေဆုံး၊ဒဏ်ရာရခဲ့ကြသောအပြစ်မဲ့မုံးကိုးမြို့သူ၊မြို့သားများအတွက် ရေးဖွဲ့ပါသည်)

 Dr.Nyo Twan Awng