ချစ်သူ….ငါလေ့ လွမ်းတတ်ရေဝေး

 ချစ်သူ …
နီးခြင်းဝီးခြင်းဆိုရေ
စိတ္တဇနာမ်တိကို
ရိုးလှသန္တာနန့်အတူသီကုံးလို့
နင့်ဂေါင်းထက်မှာ
ငါကိုယ်တိုင်ပန်ပီးချင်ကေလေ့
ဒေတစ်နှစ်တော့ ဖြစ်ဖို့မထင်…။

ချစ်သူ…
လေးနှစ်လေးမိုးဆိုရေမိုင်တိုင်တိကို
ရဲဘော်ရဲဖက်တိနန့်ဖြတ်ကျော်ပြီ်းခကေလေ့
နင့်အပေါ်ထားရေ
ငါ့သစ္စာတရားဖွားဖက်တော်နန့်
ချစ်ခြင်းမိတ္တာလီးနက်မှုတိက
ပီအိပ်(ချ်)ဆဲဗန်း(pH-7)အောက်
တစ်ပြားတောင်မလျော့သိမ့်ဝေ….။

ချစ်သူ…
သစ္စာပန်းတိ
နောက်တစ်ခေါက်ထပ်ပွင့်ပြန်ကေလေ့
ဒေတစ်နှစ်လေ့မရောက်လာနိူင်သိမ့်လို့
ချဝါဘူ ဆိုရေခေါင်းစိုင်တပ်ပနာ
သစ္စာမဟိသူလို့ဆိုကေလေ့
မပြောင်းလဲရေအချစ်စစ်တိက
ရှိတန်းတစ်နီရာရဲ့
ငါ့ကျောပိုးအိတ်ထဲသေချာသိမ်းထားရေ။

ချစ်သူ…
“အချစ်တိခိုင်မြဲဖို့အတွက်
တတူနီရဖို့အချိန်တိမှာ
ခွဲပနာနီလိုက်ပါ”…လတ်
ဝီးကွာခြင်းစွာရေ
နီးစပ်ဖို့အခွင့်အရီးဖြစ်လို့
အလွမ်းကိုခေါက်ထားဗျာလ်
ဆန္ဒကိုမျိုသိပ်ရင်း
ဒေတစ်ညဉ့်တော့
အလွမ်းကိုတအောင့် မိ (မေ့)လိုက်ဗျာလ်…။

ရခိုင်လူမျိုး Dr.ညိုထွန်းအောင်
၂၀၁၃ အောက်တိုဘာ (၁၂) ရက်၊ စနီနိ။

 Dr.Nyo Twan Awng