အဘာဆန္ဒ

မောင်ရယ်
ငါစောင့်နီခရေ
မတ်လာခဖို့လားလို့
အသင့်သုတ်စားလို့ရ
မျှော်လင့်ချက်တပုတ်
အေနိ နက်ဖန် သန်ဖက်
မတ်နန့်တတူပါလာဖို့
ဒေကမ႓ာကထွက်မလားခင်
ငါယင်းပိုင်မျှော်ခရေ။

သူများတိမလုပ်နိုင်ရေအလုပ်
အဂယောင့်
မတ်ရို့တိလုပ်နိုင်ခရေ
ပေါက်သင့်သလောက်ခရီးပေါက်ပနာ
ရောက်သင့်သလောက်
ရောက်ခဗျာယ်မှန်း
ငါသိလိုက်ရခါ
မတ်လေ့ငါ့ဘားမရောက်နိုင်
ငါလည်းမတ့်ဘားမလာနိုင်
သီချာစွာက
ငါလားဗျာယ်ဝေ။

နောက်လူလျှောက်ဖို့လမ်းမှာ
ငါ့ခြီရာတိမဟိခကေလေ့
မတ်ရို့ခြီရာတိ
ရှိဆုံးက
ထင်းလို့ဟိလီဖို့
ငါယုံရေ။

တော်လှန်ရီးသဏ္ဍာန်မှာ
ခြီရာတူ ပုံစံတူကေလေ့
အိုင်ဒီယာမတူ
ဗျူဟာမတူ
မင်းရို့ရလာဒ်သက်သီက
ငါ့အထင်ကိုမှားစီလို့
မတ်ကိုမွီးရကျိုးနပ်မှန်း
ငါ့အသုဘနိမှာသိလိုက်ရေ။

မတ်ရို့ကိုငါချီးကျူးယင်း
မတ်နန့်တတူပါလာဖို့
မျှော်လင့်ချက်တထွီး
ငါမျှော်နီခရေ။

မတ်ရို့အလုပ်ကိုမတ်ဆက်လုပ်
တော်လှန်ရီးကို အပြတ်ဖြတ်လို့
လွတ်မြောက်လမ်းကို 
နောက်မဆုတ်တမ်းယုံကြည်ချက်နန့်
ရောက်အောင်ဆက်လျှောက်ကတ်လို့
ငါမသီခင် မှာခတေ
မိန်းကြည့်လီ
မတ်အီးယောင်ကို။


၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၉) ရက်၊ ကြာသပတီးနိ။

(အာရက္ခတိုင်းပြည်တည်ဆောက်ရီးကာလ၊ ရက္ခိုင့်အမျိုးသားလွတ်မြောက်ရီးကာလ၊ ရက္ခိတလမ်းစဉ်အကောင်အထည်ဖော်ကာလအတွင်း၌ အာရက္ခစစ်သည်တော်များ၏ အဘာ၊အမင်၊ အဖိုး၊အဘောင်ရို့ ကွယ်လွန်အနိစ္စရောက်လားခစွာတိကိုကြားသိကေလေ့အသုဘပို့ဖို့ကိုမရောက်နိုင်သော အာရက္ခစစ်သည်တော်များအားလုံးအတွက် ရည်ရွယ်ရီးသားပါသည်။ မိမိ၏ကိုယ်တွိ၊ ဖြစ်ရပ်မှန်လည်းဖြစ်သည်။)

 Dr.Nyo Twan Awng