လက်ဖက်ရည်ဆိုင် (ကဗျာ)

ဟိုဖက်ကမီးခိုးနှင့် ဒီဖက်ကဇွန်းသံတို့ဆုံမိချိန်
ဝတ်ရုံဟောင်းစွန့် ချွတ်ခြုံကျနံနက်ခင်း
နွားနို့ပို့ကုလားအသံနှင့် မျက်နှာသစ်ပြီး
ဂျောင်ကျကျစားပွဲမှာ ထိုင်လေပြီ။

တကယ်တော့ .....
လက်ဖက်ရည်ဆိုင်ဆိုတာ
သမားရိုးကျ ဇာတ်စင်တစ်ခုပါ။

ဘဝကိုဒုက္ခနှင့်ချက်စားပြီး ကြီးပြင်းသူတို့အသံ
ကလေးတစ်ကျိပ်ခါးစောင်းတင်ပြီး တောင်းစားသူတို့အသံ
ငြားစလင်မယားတို့၏အမှောင်လွန်ချိန် နောက်ကွယ်ကအသံ
တွဲ/ခွဲအုပ်ချုပ်ရေးကိုလက်မှတ်ထိုးနေသူတို့အသံ
ကိန်းကဏန်းတွေနှင့် စစ်တိုက်နေသောသူရဲကောင်းတို့အသံ
နစ္စတယ်ရွိုင်းကြောင့်ကွဲသွားသောပုလင်းကွဲသံ
အချစ်ကိုလွယ်လွယ်နှင့်ပြောပြီး လွယ်လွယ်နှင့်မေ့သူတို့အသံ
မုသားဝါဒကိုကျောပိုးပြီး သစ္စာတရားကိုခွစီးလာသူတို့အသံ
ဒီအသံတွေမဆုံးခင်
ညီလေးရေ...
ချိုပေါ့တစ်ခွက် ။

ဇော်မြို့သက်
(လက်ထိုး၍အန်ချင်သောအန်ဖတ်များ ကဗျာစာအုပ်ထဲမှ) ၂၀၀၃ ခုနှစ်

 Dr.Nyo Twan Awng