နာရီစင်က နာရီအဝိုင်းကျဉ်းလားခရေမြို့

အချေတုန်းက
နတ်ယောင်ကန်း နန့် ခွီးချီးပေါကေလေ့
ဒေနိဒေအချိန်ခါတော့
ဒေနိမိတ်ဒေသရုပ်တိကိုအတိတ်မှာထားလို့
ငါရို့တိမြီလှန်လိုက်ပြီးကေ
ကျောက်ဖြူမြို့ဆိုစွာ
သမိုင်းသစ်ချေတစ်ခုကို ကွမ်းတံတွီးထွီးရင်း
အသာချေထုဆစ်ပလိုက်ပြီးဗျာလ်။

နာရီစင်ဆိုစွာ
သင့်ရုံမြို့တိုင်းနီပါးဟိကေလေ့
ဒေမြို့ထက်ကနာရီစင်က
တစ်ခုခုလိုနီလို့
ပိုလို့ထူးပိုင်တွိမိရေ။

ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ)ဆိုစွာမဟိခကေ
နှစ်ခြောက်ဆယ်ကျော်ကိုသက်တမ်းထပ်တိုးရုံကလွဲလို့
ဝီးကွာမှုတိကိုရပ်တန့်ဖို့ဆိုစွာဝေလာဝီးရင်း
ရက္ခိတဘုံလမ်းစိုဉ် ဆိုစွာကတော့
ရွာနာမည်လားလို့မေးရဖို့အခြီအနီတိကို
မင်းလေ့သိရေငါလေ့သိရေ။

ရက္ခိုင်ဆိုစွာကိုက
အော်ရဂျနယ်အမျိုးချစ်ပြီးသားလူမျိုးတိဖြစ်လို့
ယင်းချင့်ထက်ဟန်ဆောင်မှုတိမပါရေ
အမျိုးသားရီးကာလာဖြူ းနိုင်ခကေတော့
တစ်ခေတ်တစ်ခါကရက္ခိုင်
ကိုယ့်ထီးကိုယ့်နန်းနန့်ရက္ခိုင်
ကိုယ့်အမျိုးသားတပ်မတော်နန့် ရက္ခိုင်ဆိုစွာက
ပီပီအပါးချေမှာရာ။

မုန်တိုင်းပြီးကေလီပြီချေတိလာရေပိုင်
ညီလာခံပြီးလားခဗျာလ်နောက်ပိုင်းမှာတော့
ငါရို့ညီအစ်ကိုတိ တွိဆုံမှုတိက
ဝီးကွာမှုတိကိုကျဉ်းပလိုက်နိုင်ခရေပိုင်
နားလည်မှုတိကိုအားကောင်းစီရေ
အမြင်ကျဉ်းမှုတိကိုအမြင်ကျယ်ခစီပြီး
ချစ်ခင်ရင်းနှီးမှုတိ ပိုလို့တိုးပွားစီရေ
သံသယအကြည့်တိကလိမ္မော်ရောင် အ ဆင့်အားပျော့စီပြီးကေ
တစ်မျိုးသားလုံးသွီးစည်းညီညွတ်မှုတိက
ဆူပါဂလူးပယှောင်ခိုင်မြဲမှုတိနန့်အတူ
ရက္ခိုင်ကိုရက္ခိုင်ဖြစ်စီရေ။

ဂုဏ်ယူစရာတိကိုဂုဏ်ယူလို့ပြောရဂျေးဆိုကေ
ကျောက်ဖြူသားတစ်ယောက်က
ကျောက်ဖြူညီလာခံကိုတက်ရောက်ရစွာကိုက
ကျောက်ဖြူမြို့ကိုဂုဏ်တက်စီရေပိုင်
ကျောက်ဖြူရဲ့ ဧည့်ခံကျွေးမွေးကျီပွန်မှုတိက
ကျောက်ဖြူရဲ့အလှကိုအယဉ်ဆင့်စီရေ
ကျောက်ဖြူရနံ့ကိုရှုယှိုက်ခွင့်ရစွာကိုက
သွီးသားလည်ပတ်မှုကိုအားကောင်းစီရေ
ရခိုင်လူထုရဲ့ နွီးထွီးစွာကြိုဆိုမှုတိက
ငါရို့တိအတွက် ခွန်အားဖြစ်စီရေပိုင်
တာဝန်ကိုပိုကြီးလားစီရေဆိုစွာကတော့အမှန်ရာ။

မျှော်လင့်ချက်တိအရောင်မပြယ်လားခင်
ရနံ့တိမပျောက်လားသိမ့်ခင်မှာတော့
ရကောက်တိအားလုံးကြိုးစားဖို့လိုရေပိုင်
ကျောက်ဖြူနာရီစင်က
နာရီအဝိုင်းကိုလည်း ချဲ့ဖို့လိုလိမ့်မယ်။

ရခိုင်လူမျိုး Dr.ညိုထွန်းအောင်
မေလ (၂၃) ရက်၊ ၂၀၁၄ ခုနှစ်၊ သောကြာနိ။

 Dr.Nyo Twan Awng