၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 16-Nov-2019

Nyo Twan Awng
Nyo Twan Awng
Nyo Twan Awng
Nyo Twan Awng

#Unicode ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၅) ရက်၊ နံနက်(၁၁) နာရီ(၃၀) မိနစ်တွင် ဘူးသီးတောငိမြို့နယ်၊ သရက်တပင်ကျေးရွာအနီး၌ တပ်မ(၂၂) လက်အောက်ခံ၊ "ထိလုံ"အခြေစိုက်၊ခမရ(၂၀၃) နှင့် မိနစ်အနည်းငယ်ကြာအပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ ရန်သူ(၁) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၅) ရက်၊နေ့လည်(၃) နာရီ(၃၀) မိနစ်ခန့်တွင် မြောက်ဦးမြို့နယ်၊ "မကျားဆည်ရွာ" အရှေ့မြောက်ဖက်(၃.၆) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်၌မိမိတို့အား အင်အားအလုံးအရင်း( ခန့်မှန်း ၄၀၀ ခန့်) ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ရန်ကြိုးစားလာနေသောမြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်၊လှုပ်ရှားစစ်ကြောင်းတို့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၂၀၁၉ ခုနှစ်၊နိုဝင်ဘာလ(၁၅) ရက်၊ ညနေ(၄) နာရီ(၁၆) မိနစ်တွင် ရသေ့တောင်မြို့နယ်၊ "ရေဘုတ်ကျေးရွာ"၏အရှေ့ဖက် (၂.၅)ကီလိုမီတာခန့်အကွာ(သို့မဟုတ်) ရသေ့တောင်မြို့နယ်၊ကျောက်တန်းကျေးရွာ၏အရှေ့မြောက်ဖက် ၃ ကီလိုမီတာခန့်အကွာအဝေးရှိတောင်တန်းပေါ်တွင်မြန်မာ့တပ်မတော်၏ တပ်မ(၂၂) (ဘားအံ) လက်အောက်ခံ၊ ကျောက်တလုံးအခြေစိုက်၊အင်အား(၁၀၀) ခန့်ပါ ခမရ (၂၁၀) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့သည် ညနေ(၈) နာရီခန့် အထိ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ့ဖက်မှ "အရာရှိငယ်"ဟု ယူဆရသူတစ်ဦးအပါအဝင်အနည်းဆုံး(၈) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ရန်သူ့ဖက်မှဒဏ်ရာရသူ(၁၀)ဦးခန့်ထပ်မံရှိနိုင်သည်။ မိမိတို့ဖက်မှ အာရက္ခစစ်သည်တော်တစ်ဦးတိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရပြီး ကြီးမားသောထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပါ။ ယခုတိုက်ပွဲအတွင်း ခမရ(၂၁၀) မှ အလောင်း(၂) လောင်း၊ သုံ့ပန်း(၁) ဦး MA-1 (၂) လက်၊ MA-3 (၂) လက်၊ MA-4( ၁) လက်၊ ခြင်းတောင်းအလုံး(၂၀) ခန့်သိမ်းဆည်းရမိခဲ့သည်။ ဆုတ်ခွာထွက်ပြေးနေသည့်ရန်သူများကိုလိုက်လံချေမှုန်းလျှက်ရှိသည်။ မြန်မာတပ်မတော်၊တပ်မ(၂၂) (ဘားအံ)လက်အောက်ခံ၊ ကျောက်တလုံးအခြေစိုက်၊ ခမရ (၂၁၀)သည် ရခိုင်ပြည်သူလူထုများအား မတရားသဖြင့်ဖမ်းဆီးခြင်း၊ အစုလိုက်အပုံလိုက်သတ်ဖြတ်ခြင်းအပါအဝင် ရွာသားများပိုင်ဆိုင်သောပစ္စည်းများကိုခိုးယူခြင်း၊လုယက်ခြင်း၊င/စံဘော်ရွာသူရွာသားများအား လူသားဒိုင်းကာအဖြစ်အသုံးပြုခဲ့ခြင်း၊အမျိုးသမီးများအား မုဒိန်းကျင့်ရန်ကြံစည်အားထုတ်နေမှုများရှိခဲ့ပြီးတစ်ရွာလုံးအားမီးရှို့ပစ်မည်ဟုခြိမ်းခြောက်ပြောဆိုခြင်းများကိုပြုလုပ်ခဲ့သောကြောင့်ရက္ခိုင့်တပ်တော်မှ လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်၊အောက်တိုဘာလ(၂၉) ရက်နေ့ တွင်လည်း ရသေ့တောင်မြို့နယ်၊ မညင်းတောင်ရွာနှင့် င/စံဘော်ရွာအကြားတွင် ခမရ(၂၁၀) အား ရက္ခိုင့်တပ်တော်မှလက်တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူ့ခြင်းတောင်း(၅၂) လုံးသိမ်းဆည်းရမိခဲ့သည်။ ယခုနိုဝင်ဘာလ(၁၅) ရက်နေ့၌ ဒုတိယအကြိမ်ထပ်မံလက်တုံ့ပြန်ခြင်းဖြစ်သည်။ ယခုအကြိမ်၌လည်း ခမရ(၂၁၀) သည် ပြည်သူပိုင်ကျွဲ၊နွားများကိုခိုးယူသတ်ဖြတ်စားသောက်နေပြီး မိမိတို့အားထိုးစစ်ဆင်တိုက်ခိုက်ရန်ကြိုးစားခြင်းအား ရက္ခိုင့်တပ်တော်မှ ချေမှုန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရက္ခိုင်ဒေသအတွင်း ရခိုင်ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို သတ်ဖြတ်၊ခိုးယူ၊လုယက်ကြသောတပ်ရင်းများထဲတွင် ခမရ(၂၁၀) သည်အဆိုးဝါးဆုံးဖြစ်သည်။ ၂၀၁၉ ခုနှစ်၊နိုဝင်ဘာလ(၁၅) ရက်၊ ည(၁၁) နာရီ(၁၅) မိနစ်တွင် ရသေ့တောင်အခြေစိုက် ခမရ(၅၃၆)၊(၅၃၇)၊(၅၃၈) တပ်ရင်းများကို ရက္ခိုင့်တပ်တော်မှ တပြိုင်နက်တည်း လက်နက်ကြီးများဖြင့်တန်ပြန်တိုက်ခိုက်ခဲ့သည်။ မြန်မာစစ်တပ်သည် မြို့နှင့်ကျေးရွာများကိုအကာအကွယ်ယူပြီး လက်နက်ကြီးများဖြင့် ဤတပ်ရင်းများမှပစ်ခတ်တိုက်ခိုက်နေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သောကြောင့်ယခုကဲ့သို့သတိပေးတုံ့ပြန်တိုက်ခိုက်ရခြင်းဖြစ်သည်။ အထိအခိုက်အကျအဆုံးများကိုမသိခဲ့ရပါ။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ(၁၅) ရက္၊ နံနက္(၁၁) နာရီ(၃၀) မိနစ္တြင္ ဘူးသီးေတာငိၿမိဳ႕နယ္၊ သရက္တပင္ေက်း႐ြာအနီး၌ တပ္မ(၂၂) လက္ေအာက္ခံ၊ "ထိလုံ"အေျခစိုက္၊ခမရ(၂၀၃) ႏွင့္ မိနစ္အနည္းငယ္ၾကာအျပန္အလွန္ပစ္ခတ္တိုက္ခိုက္ခဲ့ၾကသည္။ ရန္သူ(၁) ဦးအားသုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ(၁၅) ရက္၊ေန႔လည္(၃) နာရီ(၃၀) မိနစ္ခန႔္တြင္ ေျမာက္ဦးၿမိဳ႕နယ္၊ "မက်ားဆည္႐ြာ" အေရွ႕ေျမာက္ဖက္(၃.၆) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းေပၚ၌မိမိတို႔အား အင္အားအလုံးအရင္း( ခန႔္မွန္း ၄၀၀ ခန႔္) ျဖင့္ ထိုးစစ္ဆင္တိုက္ခိုက္ရန္ႀကိဳးစားလာေနေသာျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္၊လႈပ္ရွားစစ္ေၾကာင္းတို႔တိုက္ပြဲျဖစ္ပြားခဲ့သည္။ ၂၀၁၉ ခုႏွစ္၊ႏိုဝင္ဘာလ(၁၅) ရက္၊ ညေန(၄) နာရီ(၁၆) မိနစ္တြင္ ရေသ့ေတာင္ၿမိဳ႕နယ္၊ "ေရဘုတ္ေက်း႐ြာ"၏အေရွ႕ဖက္ (၂.၅)ကီလိုမီတာခန႔္အကြာ(သို႔မဟုတ္) ရေသ့ေတာင္ၿမိဳ႕နယ္၊ေက်ာက္တန္းေက်း႐ြာ၏အေရွ႕ေျမာက္ဖက္ ၃ ကီလိုမီတာခန႔္အကြာအေဝးရွိေတာင္တန္းေပၚတြင္ျမန္မာ့တပ္မေတာ္၏ တပ္မ(၂၂) (ဘားအံ) လက္ေအာက္ခံ၊ ေက်ာက္တလုံးအေျခစိုက္၊အင္အား(၁၀၀) ခန႔္ပါ ခမရ (၂၁၀) တပ္ရင္းႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔သည္ ညေန(၈) နာရီခန႔္ အထိ ျပင္းထန္စြာတိုက္ပြဲျဖစ္ပြားခဲ့သည္။ ရန္သူ႔ဖက္မွ "အရာရွိငယ္"ဟု ယူဆရသူတစ္ဦးအပါအဝင္အနည္းဆုံး(၈) ဦးအားသုတ္သင္ရွင္းလင္းႏိုင္ခဲ့ၿပီး ရန္သူ႔ဖက္မွဒဏ္ရာရသူ(၁၀)ဦးခန႔္ထပ္မံရွိႏိုင္သည္။ မိမိတို႔ဖက္မွ အာရကၡစစ္သည္ေတာ္တစ္ဦးတိုင္းျပည္ႏွင့္လူမ်ိဳးအတြက္အသက္ေပးဆပ္စြန႔္လႊတ္ခဲ့ရၿပီး ႀကီးမားေသာထိခိုက္ဒဏ္ရာရမႈမရွိခဲ့ပါ။ ယခုတိုက္ပြဲအတြင္း ခမရ(၂၁၀) မွ အေလာင္း(၂) ေလာင္း၊ သုံ႔ပန္း(၁) ဦး MA-1 (၂) လက္၊ MA-3 (၂) လက္၊ MA-4( ၁) လက္၊ ျခင္းေတာင္းအလုံး(၂၀) ခန႔္သိမ္းဆည္းရမိခဲ့သည္။ ဆုတ္ခြာထြက္ေျပးေနသည့္ရန္သူမ်ားကိုလိုက္လံေခ်မႈန္းလွ်က္ရွိသည္။ ျမန္မာတပ္မေတာ္၊တပ္မ(၂၂) (ဘားအံ)လက္ေအာက္ခံ၊ ေက်ာက္တလုံးအေျခစိုက္၊ ခမရ (၂၁၀)သည္ ရခိုင္ျပည္သူလူထုမ်ားအား မတရားသျဖင့္ဖမ္းဆီးျခင္း၊ အစုလိုက္အပုံလိုက္သတ္ျဖတ္ျခင္းအပါအဝင္ ႐ြာသားမ်ားပိုင္ဆိုင္ေသာပစၥည္းမ်ားကိုခိုးယူျခင္း၊လုယက္ျခင္း၊င/စံေဘာ္႐ြာသူ႐ြာသားမ်ားအား လူသားဒိုင္းကာအျဖစ္အသုံးျပဳခဲ့ျခင္း၊အမ်ိဳးသမီးမ်ားအား မုဒိန္းက်င့္ရန္ႀကံစည္အားထုတ္ေနမႈမ်ားရွိခဲ့ၿပီးတစ္႐ြာလုံးအားမီးရႈိ႕ပစ္မည္ဟုၿခိမ္းေျခာက္ေျပာဆိုျခင္းမ်ားကိုျပဳလုပ္ခဲ့ေသာေၾကာင့္ရကၡိဳင့္တပ္ေတာ္မွ လက္တုံ႔ျပန္တိုက္ခိုက္ျခင္းျဖစ္သည္။ ၂၀၁၉ ခုႏွစ္၊ေအာက္တိုဘာလ(၂၉) ရက္ေန႔ တြင္လည္း ရေသ့ေတာင္ၿမိဳ႕နယ္၊ မညင္းေတာင္႐ြာႏွင့္ င/စံေဘာ္႐ြာအၾကားတြင္ ခမရ(၂၁၀) အား ရကၡိဳင့္တပ္ေတာ္မွလက္တုံ႔ျပန္တိုက္ခိုက္ႏိုင္ခဲ့ၿပီး ရန္သူ႔ျခင္းေတာင္း(၅၂) လုံးသိမ္းဆည္းရမိခဲ့သည္။ ယခုႏိုဝင္ဘာလ(၁၅) ရက္ေန႔၌ ဒုတိယအႀကိမ္ထပ္မံလက္တုံ႔ျပန္ျခင္းျဖစ္သည္။ ယခုအႀကိမ္၌လည္း ခမရ(၂၁၀) သည္ ျပည္သူပိုင္ကြၽဲ၊ႏြားမ်ားကိုခိုးယူသတ္ျဖတ္စားေသာက္ေနၿပီး မိမိတို႔အားထိုးစစ္ဆင္တိုက္ခိုက္ရန္ႀကိဳးစားျခင္းအား ရကၡိဳင့္တပ္ေတာ္မွ ေခ်မႈန္းတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။ ရကၡိဳင္ေဒသအတြင္း ရခိုင္ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္မ်ားကို သတ္ျဖတ္၊ခိုးယူ၊လုယက္ၾကေသာတပ္ရင္းမ်ားထဲတြင္ ခမရ(၂၁၀) သည္အဆိုးဝါးဆုံးျဖစ္သည္။ ၂၀၁၉ ခုႏွစ္၊ႏိုဝင္ဘာလ(၁၅) ရက္၊ ည(၁၁) နာရီ(၁၅) မိနစ္တြင္ ရေသ့ေတာင္အေျခစိုက္ ခမရ(၅၃၆)၊(၅၃၇)၊(၅၃၈) တပ္ရင္းမ်ားကို ရကၡိဳင့္တပ္ေတာ္မွ တၿပိဳင္နက္တည္း လက္နက္ႀကီးမ်ားျဖင့္တန္ျပန္တိုက္ခိုက္ခဲ့သည္။ ျမန္မာစစ္တပ္သည္ ၿမိဳ႕ႏွင့္ေက်း႐ြာမ်ားကိုအကာအကြယ္ယူၿပီး လက္နက္ႀကီးမ်ားျဖင့္ ဤတပ္ရင္းမ်ားမွပစ္ခတ္တိုက္ခိုက္ေနခဲ့သည္မွာ ကာလအတန္ၾကာခဲ့ၿပီျဖစ္ေသာေၾကာင့္ယခုကဲ့သို႔သတိေပးတုံ႔ျပန္တိုက္ခိုက္ရျခင္းျဖစ္သည္။ အထိအခိုက္အက်အဆုံးမ်ားကိုမသိခဲ့ရပါ။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this