Date : 01-Jun-2024
BreakingNews
၂၀၂၄ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့၊ နံနက် (၉) နာရီ နှင့် (၉) နာရီ (၄၅) မိနစ်ကြားတွင် ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာနှင့် ကြိမ်ခွေမော်ကျေးရွာအားလည်းကောင်း၊ နံနက် (၁၀) နာရီ (၂၄) မိနစ်အချိန်၌ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာအားလည်းကောင်း ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် Y-12 လေယာဉ်များ၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ဤကဲ့သို့ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီမှ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့်အရပ်သားပြည်သူအချို့မှာ သေဆုံး၊ အသေးစား၊ အလတ်စား၊ အပြင်းစား ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။
နောက်ဆက်တွဲသတင်းများနှင့်ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိသူများစာရင်းအားအတည်ပြု၍ တင်ပေးသွားပါမည်။
#AAInfoDesk