ပင်လယ်နားက စစ်သည်တော်

poem

Date : 21-Mar-2022

Nyo Twan Awng

"ပင်လယ်နားက စစ်သည်တော်"

 

တော်လှန်ရီးနယ်မြီထဲ

ပင်လယ်ကိုမမြင်ရဖန်များလို့

ပင်လယ်ကိုလွမ်း

ပင်လယ်နာကျ

ပင်လယ်စာငတ်

အလွမ်းကအနာမဖြစ်ခင်

ငါရို့ပင်လယ်ဘား

ငါးနီတူဖမ်းချိန်

ဖြစ်အောင်တခေါက်လားဖို့

အားလုံး

အားတည်းထားကတ်တေ။

 

 

ခေတ်လူငယ်တိ

ခေတ်တာဝန်ထမ်းဖို့

တော်လှန်ရီးဆုံချက်ဗဟို

အစ်ကို ညီချေ ညီမချေ အေးမကြီး

သူ့ထက်ငါအယင်

မိသားစု အဆင်ပြေပြေမပြေပြေ

မရောက်ရောက်အောင်ချီတက်

ဘုံရည်ရွယ်ချက်အတွက်

စစ်သည်တော်အဖြစ်ပြောင်းလဲ

ငါရို့တိစွာ

ပင်လယ်နားက မွီးလာလူ

ပင်လယ်နားက စစ်သည်တော်ဖြစ်လို့။

 

ငါ့ပင်လယ်

ငါ့ဇာတိမြီ ရွက်နုပြန်စီဖို့

ငါရို့တရွီ ထွက်တိုက်ကတ်မေ။

 

 

World poetry Day (2022)

ကမ္ဘာ့ကဗျာများနိ

ရခိုင်လူမျိုး Dr. ညိုထွန်းအောင်

၂၀၂၂ ခုနှစ်၊ မာ့ချ်လ (၂၁) ရက်၊ တလင်းလာနိ။


Share on social

You may also like this