၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၆)ရက်နေ့အထိ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 25-Oct-2019

Nyo Twan Awng

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် ရခိုင်ဒေသ၏ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြားမြို့နယ် နှင့်ပလက်ဝပတ်ဝန်းကျင်များ၌တိုက်ပွဲများဆက်လက်ဖြစ်ပွားလျှက်ရှိသည်။ ထို့အတူ မြန်မာစစ်တပ်သည် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများသို့ နေ့၊ညအချိန်မရွေး ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရခိုင်ရွာများကိုမီးရှို့ခြင်း၊အရပ်သားပိုင်ပစ္စည်းများကိုခိုးယူခြင်းစသည်တို့ကိုပြုလုပ်လျှက်ရှိသည်။ ထူးခြားသည်မှာ အောက်တိုဘာလဆန်းမှစ၍ မြန်မာစစ်တပ်သည် တိုက်ပွဲများကြောင့် ရွာလုံးကျွတ်ရှောင်တိမ်းနေကြသည့် ဘူးသီးတောင်မြို့နယ်အတွင်းမှရခိုင်ရွာများကို ဦးတည်ကာမီးရှို့လျှက်ရှိသည်။၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၃) ရက်နေ့တွင်"နွားရုံတောင်ကျေးရွာ"နှင့်အောက်တိုဘာ(၄) နေ့တွင် "ကွမ်းတောင်ကျေးရွာ"ကို မြန်မာစစ်တပ်၏တပ်မ(၂၂) လက်အောက်ခံ၊တပ်ရင်း( အမည်စုံစမ်းဆဲ) မှမီးရှို့ခဲ့သည်။ ဤသည်မှာ လူမျိုးရေးအမုန်းတရားများကိုအခြေခံပြီး စစ်ရာဇဝတ်အမှုအား ဗြောင်ကျကျကျုးလွန်ခြင်းပင်ဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၆) ရက်နေ့တွင်လည်း တပ်မ(၂၂) လက်အောက်ခံတပ်ရင်း(အမည်စုံစမ်းဆဲ) မှ ဘူးသီးတောင်မြို့နယ် "သရက်ပြင် ကျွေးရွာ" အတွင်းမှပိတ်မိနေသော ရွာသူ/ရွာသား(၁၃) ယောက်ကိုဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ တိုက်ပွဲများကြောင့်တိုက်ပွဲရှောင်နေကြသောအိမ်ပိုင်ရှင်များမရှိသောအိမ်များမှ အသုံးအဆောင်ပစ္စည်းများကိုလည်း ခိုး၊ယူဆောင်သွားကြောင်းသိရှိရသည်။ တပြိုင်နက်တည်းတွင် ရခိုင်လူမျိုး(အရပ်သား)များကို မြန်မာစစ်တပ်မှပစ်မှတ်ထားတိုက်ခိုက်လျှက်ရှိသည်။ထို့အတူ ရပ်ရွာများ၊သမိုင်းဝင်စေတီပုထိုးများကို အကာအကွယ်ယူပြီး အစိုးရစစ်တပ်တစ်ရပ်၏ဂုဏ်သိက္ခာကင်းမဲ့သောလုပ်ရပ်များကိုလုပ်ဆောင်လျှက်ရှိသည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုက်ဘာလ (၁) ရက်၊အင်္ဂါနေ့တွင် (၁) ကျောက်တော်မြို့နယ်၊ မီးဝရွာ နှင့် ဂျင်းခါးစေ့ရွာအကြားတွင်လည်းကောင်း၊ (၂)ပုဏ္ဏားကျွန်းမြို့နယ်၊ ပဲစီးနန်းရွာ နှင့် မြက်သောက်ရွာကြားတွင်လည်းကောင်း၊ (၃)မင်းပြားမြို့နယ်၊ လက်ခုတ်ရွာ နှင့် စိတ္တရရွာအကြားတွင်လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့သော်လည်း မြန်မာစစ်တပ်ဖက်မှ လက်နက်ကြီးများဖြင့် ဘူးသီးတောင်မြို့နယ်အတွင်းရမ်းသန်းပစ်ခတ်တိုက်ခိုက်နေမှုများရှိခဲ့သည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၃) ရက်၊ ကြာသပတေးနေ့
(၄) ကျောက်တော်မြို့နယ်၊ စံကားတောင်ရွာ နှင့် အောင်သာယာရွာအကြားတွင်လည်းကောင်း၊ (၅) မြောက်ဦးမြို့နယ်၊ အုတ်ဖုတ်ကန်ရွာ နှင့် ထမ္မရာဇ်ရွာအကြားတွင်လည်းကောင်း၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလ(၄) ရက်၊ သောကြာနေ့
(၆)ပုဏ္ဏားကျွန်း၊ အောင်ဆိတ်ရွာ နှင့် ယိုးတရုတ်ရွာ အကြားတွင်လည်းကောင်း၊ (၇)ဘူးသီးတောင်၊ ဥယျာဉ်သာ နှင့် နွားရုံတောင်ရွာအကြားတွင်လည်းကောင်း၊ (၈)ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်၊ အရှေ့ဖက်ကမ်း( ခလရ/၂၈၉ အနီးတွင်လည်းကောင်း၊ (၉)ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာ၊ အရှေ့ဖက်(၃) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင်လည်းကောင်း၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၅) ရက်၊ စနေနေ့တွင် (၁၀) ကျောက်တော်မြို့နယ်၊ ရွှေပြည်ရွာသစ်၊အရှေ့ဖက်(၃) ကီလိုမီတာအကွာအဝေးတွင်လည်းကောင်း၊ (၁၁)ဘူးသီးတောင်မြို့နယ်၊ ဖုန်ညိုလိပ်ရွာ နှင့် သရက်ပြင်ရွာအကြား တွင်လည်းကောင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ရက္ခိုင့်တပ်တော်အနေဖြင့် ရခိုင်ပြည်လူထုများကို အကြောင်းအမျိုးမျိုးပြကာအနိုင်ကျင့်နေသောမြန်မာစစ်တပ်၏မည်သည့်တပ်ရင်းများနှင့် ရခိုင်ကျေးရွာများကိုမီးရှို့ဖျက်ဆီးသောမည်သည့်တပ်ရင်းကိုမဆို လက်တုံ့ပြန်သွားမည်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this