Date : 11-Apr-2024
ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်
၁၃၈၅
ခုနှစ်၊ တန်ခူးလဆန်း (၃) ရက်
၂၀၂၄
ခုနှစ်၊ ဧပြီလ (၁၁) ရက်
၂၀၂၄
ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၁၅) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့
FPNCC အဖွဲ့ဝင်များဖြစ်ကြသော
UWSP/UWSA ၊ PSLF/TNLA ၊ MNTJP/MNDAA
တို့အပြင် အခြား တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းများအပါအဝင် ၂၀၂၁ ခုနှစ်၊
ဖေဖော်ဝါရီလနောက်ပိုင်းတွင် မွေးဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းများမှ ပေးပို့လာကြသည့်
သဝဏ်လွှာများကို ကောင်းမွန်စွာလက်ခံရရှိပါသည်။
သဝဏ်လွှာများပေးပို့လာကြသော အဖွဲ့အစည်းများအားလုံးကို မိမိတို့ ULA/AA မှ ရက္ခိုင်ပြည်သူများ ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပြီး ပေးပို့လာကြသော အဖွဲ့အစည်းအသီးသီးတိုင်း၏ ရည်မှန်းချက်များ အမြန်ဆုံး အောင်မြင်ပါစေကြောင်း ဆုမွန်တောင်းပေးလိုက်ပါသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်