၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၁) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 12-Dec-2019

Nyo Twan Awng
Nyo Twan Awng

#Unicode ဒီဇင်ဘာလ(၁၁) ရက်နေ့တွင် မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ်တို့တွင်တိုက်ပွဲများတောက်လျှောက်ဖြစ်ပွားခဲ့သည်။ (၁) ဒီဇင်ဘာလ(၁၁) ရက်၊ နံနက်(၆) နာရီခန့်မှစတင်ပြီး နံနက်(၉) နာရီ(၃၀) မိနစ်ခန့်အထိမင်းပြားမြို့နယ်၊ "ဖားပြိုရွာ" အနီးရှိ ရန်သူ့စခန်းကုန်းတစ်ခုအား စစ်ရေးအခြေအနေလိုအပ်ချက် အရ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ (၂) ဒီဇင်ဘာလ(၁၁) ရက်၊ နံနက်(၆) နာရီ(၁၈) မိနစ်တွင်လည်း မင်းပြားမြို့နယ်၊ သလူချောင်းရွာ အရှေ့မြောက်ဖက်၊ "မင်းဖူးတောင်" တန်းရှိ ရန်သူ့အထိုင်စခန်းတစ်ခုကိုလည်းထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ရန်သူသည် ရဟတ် ယာဉ်(၂) စီး ၊ တိုက်ဂျက်လေယာဉ်(၁) စီးတို့ဖြင့် နံနက်(၈) နာရီ (၃၀) မိနစ်မှစတင်ပြီး ညနေ(၈) နာရီကျော်သည့်အချိန်အထိမရပ်မနားတစ်လှည့်စီလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရန်သူ၏လက်နက်ကြီးပစ်ကူများ၊ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များမှတောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ "မင်းဖူးတောင်တန်း"ရှိရန်သူ့အထိုင်ကုန်းပင်မဌာနချုပ်နေရာအားညနေ(၆) နာရီ(၃၀) မိနစ်တွင် ရက္ခိုင့်တပ်တော်မှသိမ်းပိုက်နိုင်ခဲ့သည်။ယခုထိုးစစ်အတွင်း ရန်သူ၏ လက်နက်ကြီး(၁၂၀ မမ) တစ်လက်၊ ၆၀-မမ တစ်လက်အပါအဝင်၊ MG-42(ငါးကြင်းမြီး) ၁ လက်၊ လက်နက်ငယ်(၆) လက်အပါအဝင်ရန်သူ့အလောင်းအချို့ကိုသိမ်းဆည်းရမိထားခဲ့သည်။ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးနေသည့်ရန်သူများကိုလိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိနေဆဲပင်ဖြစ်သည်။ (၃) မြေပုံမြို့နယ်၊ အင်ကြင်းရွာ၊ အနောက်ဖက်(၁) ကီလိုမီတာအကွာအဝေးတွင်လည်း နံနက်(၆) နာရီ (၁၅) မိနစ်မှ စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။ အသေးစိပ်အခြေအနေမသိရသေးပါ။ဒီဇင်ဘာလ(၁၀) ရက်နေ့၊ မြေပုံမြို့နယ်အတွင် းဖြစ်ပွားခဲ့သောနောက်ဆက်တွဲ အနေဖြင့် အမ်းအခြေစိုက် ခမရ(၃၇၃) တပ်ရင်းထံမှနောက်ထပ် စစ်အသုံးအဆောင်ပစ္စည်းများပါဝင်သောခြင်းတောင်း(၄၀) ကျော်ကိုထပ်မံသိမ်းဆည်းရမိခဲ့သည်။ (၄) မြောက်ဦးမြို့နယ်၊ ရန်အောင်ပြင်ရွာအနီး၊နံနက်(၈) နာရီမှ (၁၁) နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည်မိမိတို့ရှိရာနေရာသို့ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်။ (၅) မြောက်ဦးမြို့နယ်၊ပေါက်တောပြင်ရွာအနီး၊ သင်းကျိုက်တော်တောင်ထက်တွင်လည်း နေ့လည်(၁) နာရီ(၀၅) မိနစ်မှစတင်တွင် ရုတ်ချည်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ အထိအခိုက်အကျအဆုံးမသိရခဲ့ပါ။ (၆) နောက်ဆက်တွဲတိုက်ပွဲသတင်းများကိုဆက်လက်တင်ပေးသွားပါမည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ဒီဇင္ဘာလ(၁၁) ရက္ေန႔တြင္ မင္းျပား၊ ေျမပံု၊ ေျမာက္ဦးၿမိဳ႕နယ္တို႔တြင္တိုက္ပြဲမ်ားေတာက္ေလွ်ာက္ျဖစ္ပြားခဲ့သည္။ (၁) ဒီဇင္ဘာလ(၁၁) ရက္၊ နံနက္(၆) နာရီခန္႔မွစတင္ၿပီး နံနက္(၉) နာရီ(၃၀) မိနစ္ခန္႔အထိမင္းျပားၿမိဳ႕နယ္၊ "ဖားၿပိဳရြာ" အနီးရွိ ရန္သူ႔စခန္းကုန္းတစ္ခုအား စစ္ေရးအေျခအေနလိုအပ္ခ်က္ အရ ရကၡိဳင့္တပ္ေတာ္မွ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့သည္။ (၂) ဒီဇင္ဘာလ(၁၁) ရက္၊ နံနက္(၆) နာရီ(၁၈) မိနစ္တြင္လည္း မင္းျပားၿမိဳ႕နယ္၊ သလူေခ်ာင္းရြာ အေရွ႕ေျမာက္ဖက္၊ "မင္းဖူးေတာင္" တန္းရွိ ရန္သူ႔အထိုင္စခန္းတစ္ခုကိုလည္းထပ္မံထိုးစစ္ဆင္တိုက္ခိုက္ခဲ့သည္။ ရန္သူသည္ ရဟတ္ ယာဥ္(၂) စီး ၊ တိုက္ဂ်က္ေလယာဥ္(၁) စီးတို႔ျဖင့္ နံနက္(၈) နာရီ (၃၀) မိနစ္မွစတင္ၿပီး ညေန(၈) နာရီေက်ာ္သည့္အခိ်န္အထိမရပ္မနားတစ္လွည့္စီလာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ရန္သူ၏လက္နက္ႀကီးပစ္ကူမ်ား၊ရဟတ္ယာဥ္၊ ဂ်က္တိုက္ေလယာဥ္မ်ားမွေတာက္ေလွ်ာက္ပစ္ခတ္တိုက္ခိုက္ေနသည့္ျကားမွ "မင္းဖူးေတာင္တန္း"ရွိရန္သူ႔အထိုင္ကုန္းပင္မဌာနခ်ဳပ္ေနရာအားညေန(၆) နာရီ(၃၀) မိနစ္တြင္ ရကၡိဳင့္တပ္ေတာ္မွသိမ္းပိုက္ႏိုင္ခဲ့သည္။ယခုထိုးစစ္အတြင္း ရန္သူ၏ လက္နက္ႀကီး(၁၂၀ မမ) တစ္လက္၊ ၆၀-မမ တစ္လက္အပါအဝင္၊ MG-42(ငါးၾကင္းၿမီး) ၁ လက္၊ လက္နက္ငယ္(၆) လက္အပါအဝင္ရန္သူ႔အေလာင္းအခိ်ဳ႕ကိုသိမ္းဆည္းရမိထားခဲ့သည္။ ကစဥ့္ကလ်ားဆုတ္ခြာထြက္ေျပးေနသည့္ရန္သူမ်ားကိုလိုက္လံေခ်မႈန္းတိုက္ခိုက္လ်က္ရွိေနဆဲပင္ျဖစ္သည္။ (၃) ေျမပံုၿမိဳ႕နယ္၊ အင္ၾကင္းရြာ၊ အေနာက္ဖက္(၁) ကီလိုမီတာအကြာအေဝးတြင္လည္း နံနက္(၆) နာရီ (၁၅) မိနစ္မွ စတင္ၿပီး တိုက္ပြဲျဖစ္ပြားခဲ့သည္။ အေသးစိပ္အေျခအေနမသိရေသးပါ။ဒီဇင္ဘာလ(၁၀) ရက္ေန႔၊ ေျမပံုၿမိဳ႕နယ္အတြင္ းျဖစ္ပြားခဲ့ေသာေနာက္ဆက္တြဲ အေနျဖင့္ အမ္းအေျခစိုက္ ခမရ(၃၇၃) တပ္ရင္းထံမွေနာက္ထပ္ စစ္အသံုးအေဆာင္ပစၥည္းမ်ားပါဝင္ေသာျခင္းေတာင္း(၄၀) ေက်ာ္ကိုထပ္မံသိမ္းဆည္းရမိခဲ့သည္။ (၄) ေျမာက္ဦးၿမိဳ႕နယ္၊ ရန္ေအာင္ျပင္ရြာအနီး၊နံနက္(၈) နာရီမွ (၁၁) နာရီအထိ တိုက္ပြဲျဖစ္ပြားခဲ့သည္။ ရန္သူသည္မိမိတို႔ရွိရာေနရာသို႔ဝင္ေရာက္လာေသာေၾကာင့္ တိုက္ပြဲျဖစ္ပြားရျခင္းျဖစ္သည္။ (၅) ေျမာက္ဦးၿမိဳ႕နယ္၊ေပါက္ေတာျပင္ရြာအနီး၊ သင္းကိ်ဳက္ေတာ္ေတာင္ထက္တြင္လည္း ေန႔လည္(၁) နာရီ(၀၅) မိနစ္မွစတင္တြင္ ႐ုတ္ခ်ည္းထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့သည္။ အထိအခိုက္အက်အဆံုးမသိရခဲ့ပါ။ (၆) ေနာက္ဆက္တြဲတိုက္ပြဲသတင္းမ်ားကိုဆက္လက္တင္ေပးသြားပါမည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this