ဘက်စုံတော်လှန်ရီး (သို့မဟုတ်) အာရက္ခနိုင်ငံတော် တည်ဆောက်ခြင်း အနုပညာ အပိုင်း (၄)

article

Date : 24-Mar-2022

Nyo Twan Awng

ဘက်စုံတော်လှန်ရီး (သို့မဟုတ်) အာရက္ခနိုင်ငံတော် တည်ဆောက်ခြင်း အနုပညာ

အပိုင်း (၄)

(ရခိုင်လူမျိုး Dr.ညိုထွန်းအောင် ရွီးသားသည်)

၂၀၂၂ ခုနှစ်၊ မာ့ချ်လ (၂၃) ရက်၊ ဗုဒ္ဓဟူးနိ

ရက္ခိတလမ်းစဉ်” ဟူသည်လည်း ရက္ခိုင်တယောက်ချင်းစီ၏ အာသီသ၊ ဆန္ဒ၊ အိပ်မက်များကို စုစည်းထားသော ရက္ခိုင်တမျိုးသားလုံး တထပ်တည်း မက်ကတ်သည့် အိပ်မက်ရာဖြစ်သည်။ ထို့ကြောင့် ရက္ခိုင့်အချုပ်အချာအာဏာ ကျယှုံးနိရောက်တိုင်း ယင်းနိကို အောက်မိတမ်းတပြီး ကျင်းပနီကတ်သည်မှာလည်း မိမိရို့ အာရက္ခ ပြည်သူ၊ ပြည်သား များအနီနန့် နဂိုဟိပြီးသား အာရက္ခနိုင်ငံတော်ကို လွမ်းဆွေးတမ်းတယင်း အာရက္ခတိုင်းပြည် ပြန်လည် တည်ဆောက်ရီးအတွက် အားမွီးကတ်ခြင်းလည်းဖြစ်သည်။

တိုင်းပြည်တည်ဆောက်ရီးကဏ္ဍတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် သိမ်မွိနူးညံ့ပြီး အရေးကြီးသည်။ ပြည်သူ့နှလုံးသားများထဲမှ  အမျိုးသမီးများ၏နှလုံးသည်းခြီကို မသိမ်းကျုံးနိုင်လျှင်လည်း တော်လှန်ရီးခရီးသည် ကြာရှည်တတ်သည်။ ရက္ခိုင့်တော်လှန်ရီးထဲတွင် အာရက္ခစစ်သည်အမျိုးသမီးများ၏ပါဝင်မှု အချိုးအစားသည် ဟပ်စပ် စီးကပ်မှုဟိသည်ဟု ဆို၍ရသည်။ ယေကေလေ့ တော်လှန်ရီး၏နောက်တဆင့်ဖြစ်သော အာရက္ခတိုင်း ပြည်တည်ဆောက်ရီးအခန်းကဏ္ဍတွင် အမျိုးသမီးများ၏ ပါဝင်မှုရာခိုင်နှုန်းမှာ လိုအပ်နီဆဲ ဖြစ်သည်။

ရက္ခိုင်အမျိုးသမီးများ၏ပါဝင်မှုရာခိုင်နှုန်းသည် လက်ဟိကိန်းဂဏန်းများအရ ရာခိုင်နှုန်းအင်တန်ချေ နည်းနီ သိမ့် သောကြောင့် ထူးချွန်ထက်မြက်သော ရက္ခိုင်အမျိုးသမီးများအပြင် တတ်သိပညာသျှင်၊ နယ်ပယ်တခုချင်းစီ၌ ဦးစီး ဦးဆောင်ပြုနိုင်သော၊ ရက္ခိုင်ပြည်သူ့အစိုးရ၏ ဝန်ကြီးဌာနအသီးသီးကို တာဝန်ယူနိုင်သော ရက္ခိုင်အမျိုးသမီးများကို စောင့်ကြိုနီပါသည်။ လာရောက် တာဝန်ထမ်း ဆောင်ကတ်ရန်လည်း ဖိတ်ခေါ်ပါသည်။

ကျယှုံးတိုင်းပြည်နလံထူရန်နန့် ရက္ခိုင့်တပ်တော်၏အနာဂတ်ကိုဆက်ခံရန်အတွက် အာရက္ခစစ်သည်တော် သူရဲကောင်းများစွာ လိုအပ်သည်။ ထိုလိုအပ်ချက်နန့် ရက္ခိတရို့၏သမိုင်းသစ်အတွက် အာရက္ခသူရဲကောင်း အသစ်များကို အာရက္ခအမင်များက ထပ်မံ မွီးဖွားပီးရန်လိုအပ်သည်။ သားသမီးရတနာသစ်များကို မွီးဖွားပီးနီခြင်းသည်ပင်လျှင် အာရက္ခနိုင်ငံတော်တည်ဆောက်ရီး၊ ရန်သူကို မောင်းထုတ်ရီးနန့် လူ့အရင်းအမြစ် တည်ဆောက်ရီးအတွက် တဖက်တလမ်းက စစ်ကူပီးနီခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လူငယ်စုံတွဲများအနီနန့် သမက်တက်၊ အချေမွီးပီးနီခြင်းသည် အာရက္ခတိုင်းပြည်ထူထောင်ရီး၏ လူ့အရင်းအမြစ် လိုအပ်ချက်ကွက်လပ်ကို ကူညီထောက်ပံ့ပီးရာရောက်သည်။

ရက္ခိတ” ဟုခံယူထားသော လက်ဟိမျိုးဆက်များအနီနန့် အာရက္ခတိုင်းပြည်တည်ဆောက်ရီး၌ ပါဝင်ရန် နောက်ကျ သည်ဟူ၍မဟိ။ ဒေနိ ဆုံးဖြတ်၊ ဒေနိပါဝင်၍ရသည်။ အနာဂတ်ကို ပိုင်ဆိုင်လို(ချင်) ပါက မိမိအနာဂတ်ကို စွန့်လွှတ်ဝံ့ ရမည့်အပြင် အနာဂတ်ကောင်းကျိုးကို မျှော်မှန်းပြီး အနာဂတ်မျိုးဆက်များအတွက် စွန့်လွှတ်အလုပ် လုပ်ပီး နိုင်ရမည်။

ငါရို့သည် အာရက္ခနိုင်ငံတော်တည်ဆောက်ရီး၏ အစိတ်အပိုင်းဖြစ်သည်။ အာရက္ခနိုင်ငံတော်သည် ငါရို့လက်ထက်တွင် ဖြစ်ကို ဖြစ်ထွန်းလာရမည်ဟူသော သန္နိဋ္ဌာန်နန့် ယုံကြည်ချက်သည် နောင်းနီရမည်။ အာရက္ခနိုင်ငံတော်ကို အကြွင်းမဲ့ ယုံကြည်သူဖြစ်ရမည်။ တော်လှန်ရီးတွင် ပါဝင်တာဝန်ထမ်းဆောင်ခသည့်အချိန်တိုင်းသည် တော်လှန်ရီးအတွက် အကျိုးပြုနီစီရမည်ဟူသော ခံယူချက်မျိုးဟိရန်  အထူးလိုအပ်သည်။ အာရက္ခနိုင်ငံတော် တည်ဆောက်ရီးအတွက် ရက္ခိုင်လူမျိုးများသည် မိမိရောက်ဟိနီသည့် နီရာမှနီ၍ ဖြစ်စီ၊ အာရက္ခမြီသို့လာရောက်၍ဖြစ်စီ ကိုယ်တိုင်ကိုယ်ကျ တာဝန်ထမ်းဆောင်ရမည်။ ဤသည်မှာ “ရက္ခိုင့်အမှန်တရား” ဖြစ်သည်။


ဆက်ရန်...


Share on social

You may also like this