၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၂/၁၃) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ နှင့် ရခိုင်ဒေသအခြေအနေများ

blog

Date : 13-Jul-2020

Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၂/၁၃) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ နှင့် ရခိုင်ဒေသအခြေအနေများ

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၃)ရက်



ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာ၏ အနောက်မြောက်ဖက်(မောင်တော-အငူမော်ကားလမ်းဘေးအနီး)၌ မြန်မာ့တပ်မတော်၏ ဘူးသီးတောင်အခြေစိုက်၊ စကခ(၁၅) လက်အောက်ခံ၊ ခလရ(၂၃၃) နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ရက္ခိုင့်တပ်တော်အား အင်အားအများအပြားဖြင့် တိုက်ခိုက်လာခဲ့သောကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၂) ရက် နှင့် (၁၃) ရက်တို့တွင် ၎င်းပတ်ဝန်းကျင်၌တိုက်ပွဲများဖြစ်ပွားခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၂၂) ရက်၊ ညနေ(၅) နာရီ(၁၇) မိနစ်တွင် ဤနေရာပတ်ဝန်းကျင်၌ တစ်နာရီခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး (၂၀) ရက်အကြာ၌ဒုတိယအကြိမ်ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ(၁၂) ရက်နေ့တွင် နံနက်(၉) နာရီ(၅၀) မိနစ်တွင်စတင်ဖြစ်ပွားခဲ့ပြီး တစ်နာရီခွဲကျော်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

ဇူလိုင်လ(၁၃) ရက်နေ့တွင်လည်း နံနက်(၈) နာရီ(၄၇) မိနစ်တွင်စတင်ဖြစ်ပွားခဲ့ပြီး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများနှင့်အတူ ကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်မှုများမှာ (၁၀) နာရီကျော်အထိရှိခဲ့သည်။

ဇူလိုင်(၁၂/၁၃) ရက်များအတွင်း ရန်သူ(၁၅) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ခလရ(၂၃၃) ၏ စစ်အသုံးအဆောင်ပစ္စည်းများနှင့် ခဲယမ်းအချို့အားသိမ်းဆည်းရမိခဲ့သည်။ မိမိတို့ဖက်မှလည်း အာရက္ခစစ်သည်တော်အချို့တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။ တိုက်ပွဲများအတွင်း သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များအား လေးနက်စွာမှတ်တမ်းတင်အပ်သည်။

ရန်သူ၏ရသေ့တောင်တပ်ရင်းစခန်းများ၊ နယ်ခြားစောင့်တပ်စခန်းများမှနေ၍ လက်နက်ကြီးပစ်ကူများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် နယ်ခြားစောင့်တပ်စခန်းများမှ လက်နက်ကြီး/ငယ်များဖြင့် ကြောက်လန့်ကာရမ်းသန်းပစ်ခတ်တိုက်ခိုက်နေမှုများကြောင့် အရပ်သားအချို့မှာ နယ်ခြားစောင့်တပ်ဖွဲ့၏လက်နက်ငယ်ကျည်ဆံများ၊ လက်နက်ကြီးအစများထိမှန်၍ဒဏ်ရာရရှိမှုများရှိခဲ့သည်။



မြန်မာ့တပ်မတော်သည်ရခိုင်ဒေသရှိကျေးရွာများအတွင်းသို့လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကိုပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိသည်။ ထို့အပြင်အပြစ်မဲ့ပြည်သူလူထုများအား ဥပဒေမဲ့ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ကို လူမျိုးရေးအမုန်းတရားများဖြင့် ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ယုတ်မာကောက်ကျစ်သောစွပ်စွဲချက်အမျိုးမျိုးဖြင့် ရခိုင်ဒေသအတွင်းရှိ အပြစ်မဲ့အရပ်သားပြည်သူလူထုများအပေါ် လူမျိုးဖြုတ်ရှင်းလင်းရေးသို့ဦးတည်သောလုပ်ရပ်များကိုတစိုက်မတ်မတ်ပြုလုပ်လျက်ရှိသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် ရခိုင်အမျိုးသမီးများကို မုဒိမ်းကျင့်ကာ စစ်ရာဇဝတ်ကျုးလွန်နေသော မြန်မာ့တပ်မတော်၏တပ်ရင်းများ၊ ဒေသခံပြည်သူလူထုများကိုနှိပ်စက်နေသောတပ်ဖွဲ့၊ တပ်ရင်းများကိုလက်တုံ့ပြန်တိုက်ခိုက် သွားမည်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this