ရက္ခိုင့်တပ်တော်မှ ဖမ်းဆီးထိန်းသိမ်းထားသော သုံ့ပန်းတစ်ချို့အား ပြန်လည်လွှတ်ပေး

blog

Date : 15-Nov-2021

Nyo Twan Awng

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ပေါက်ရွာနှင့် ဒီပါရုံကျေးရွာကြား၊ ကျောက်ကွင်းနေရာအနီး၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်၊ ည (၇) နာရီ (၃၀) မိနစ်အချိန်တွင် ဗိုလ်ကြီး ရဲလင်းစိုး (ဆေးမှူး) အပါအဝင် စစ်သား + ရဲသားသုံ့ပန်း စုစုပေါင်း (၁၅) ဦးအားမြန်မာ့တပ်မတော်ဖက်မှ ဗိုလ်မှူးဇေခိုင်ဟိန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

(၁) နှစ်ရှည်လများ သုံ့ပန်းအဖြစ်ဖမ်းဆီးထိန်းသိမ်းခံနေရသောသူများ၊ ကျန်းမာရေးအခြေအနေဆိုးဝါးသောသုံ့ပန်းများထဲမှ ဆေးဝါးကုသရန်အရေးတကြီးလိုအပ်နေသောသူများကို လူသားချင်းစာနောက်ထောက်ထားမှုအရသော်လည်းကောင်း၊

(၂) သုံ့ပန်းများကိုထိန်းသိမ်းထားသောနေရာပတ်ဝန်းကျင်၌ ကိုရိုနာကူးစက်ရောဂါ ကူးစက်ဖြစ်ပွားလာပါကာ ရောဂါပြင်းထန်သောသုံ့ပန်းများအား ဆေးဝါးကုသရန်ခက်ခဲနေမည်ကိုစိုးရိမ်သောကြောင့်လည်းကောင်း၊

(၃) မတရားဖမ်းဆီးခံထားရသော ရခိုင်ဒေသအတွင်းနေပြည်သူလူထုများအားလုံးနှင့် မြန်မာအစိုးရအကျဉ်းထောင်များထဲရှိ မိမိတို့ ULA/AA တပ်ဖွဲ့ဝင်များ ပြန်လည်လွတ်မြောက်ရေးကိုလိုလားသောကြောင့်လည်းကောင်း ယခုကဲ့သို့ လွှတ်ပေးရခြင်းဖြစ်သည်။



Share on social

You may also like this