နယ်ခြားစောင့်ရဲ(၂) ဦးအား စိတ်ကြွဆေးပြားများနှင့်အတူ ဘူးသီးတောင်မြို့နယ်အတွင်းဖမ်းဆီးရမိ

blog

Date : 04-Jan-2020

Nyo Twan Awng

#Unicode သတင်းထုတ်ပြန်ရက်စွဲ။ ။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၂) ရက်၊ နံနက်(၇) နာရီခန့်အချိန်တွင် ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၏ "သဇင်မြိုင်ကျေးရွာ" နှင့် "ပြင်ရှည်ရွာ"အကြား၌ အရပ်ဝတ်ဖြင့်သွားလာနေသည့်မသင်္ကာဖွယ်လူ(၄) ဦးအား ရက္ခိုင့်တပ်တော်မှ ခေါ်ယူစစ်ဆေးရာ ၎င်းတို့တွင်ပါလာသောလက်နက်များဖြင့်ခုခံကာကွယ်သောကြောင့် (၂) ဦးမှာလွတ်မြောက်ခဲ့ပြီး(၂) ဦးအားအရှင်ဖမ်းဆီးရမိခဲ့သည်။ မိမိတို့ဖမ်းဆီးရမိသူ(၂) ဦးမှာ သဇင်မြိုင်နယ်ခြားစောင့်စခန်းမှဖြစ်ပြီး တပ်ကြပ်- အောင်ကျော်ကျော်၊ ကိုယ်ပိုင်အမှတ်(လ/၂၁၁၀၇၂) / ဗမာတိုင်းရင်းသား နှင့် တပ်သား-ဝင်းမိုးသန်း၊ ကိုယ်ပိုင်အမှတ်(လ/၂၇၄၅၈၉)/ ကရင်-ဗမာတိုင်းရင်းသား တို့ဖြစ်ကြသည်။ ထွက်ပြေးလွတ်မြောက်သူ(၂) ဦးမှာ ဒုရဲအုပ်-နေဖြိုး နှင့် တပ်သား-ပြည့်ဖြိုးဝေတို့ဖြစ်ကြသည်။ ဒုရဲအုပ်-နေဖြိုးသည်လည်း စိတ်ကြွဆေးပြားများကိုရောင်းဝယ်ဖောက်ကားသည့်လုပ်ရပ်များတွင် ပါဝင်နေသူတစ်ဦးဖြစ်ကြောင်းသိရှိရသည်။ အဆိုပါနယ်ခြားစောင့်နှစ်ဦးတို့နှင့်အတူ စိတ်ကြွဆေးပြား(၁၂) ပြား၊ ရောင်းဝယ်ဖောက်ကား၍ရရှိလာသောငွေ လေးဆယ့်နှစ်သိန်းငါးထောင်ကျပ် (ကဏန်းဖြင့်-၄၂၀၅၀၀၀ ကျပ်)၊ ကျည်ကာ(၁) ထည်၊ လက်ပစ်ဗုံး(၁) လုံး၊ လက်စွပ်(၁) ကွင်း၊ ဘဏ်ကဒ်(၁) ခု တို့အားသိမ်းဆည်းရမိခဲ့သည်။ ၎င်းတို့ထွက်ဆိုချက်အရ ၎င်းတို့သည် နယ်ခြားစောင့်တပ်ရင်း(၃) ၊ဘူးသီးတောင်မြို့နယ်၊ တပ်ခွဲ(၂)၊ စေတီပြင်လက်အောက်ခံ"သဇင်မြိုင်ရဲကင်းစခန်း" မှဖြစ်ပြီး စိတ်ကြွဆေးပြားများကိုရောင်းဝယ်ဖောက်ကားပြီးရရှိသောငွေများကိုသွားယူပြီးပြန်လာခြင်းဖြစ်ကြောင်းထွက်ဆိုထားသည်။ ၎င်းတို့၏ နယ်ခြားစောင့်(၃) တပ်ရင်းမှူး၊"မြတ်စိုးကျော်"ကိုယ်တိုင် စိတ်ကြွဆေးပြားနှင့် မူးယစ်ဆေးဝါးများသယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းတွင်ပါဝင်ပတ်သက်နေပြီး ယခုမိမိတို့ဖမ်းဆီးရမိထားသူများသည်လည်း စိတ်ကြွဆေးပြားကိုယ်တိုင်သုံးစွဲနေကြသူများဖြစ်ကြောင်းဝန်ခံထားပြီးဖြစ်သည်။ ရခိုင်ပြည်၏နယ်ခြားစောင့်တပ်ရင်းများတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည်ထွက်ပြေးသူများပြားသောကြောင့် ၎င်းထွက်ပြေးသူနေရာများ၌စစ်တပ်ပုံပြောင်း(စစ်တပ်မှပြစ်မှုကျူးလွန်သူများအားရဲဖက်ပြောင်းထားသူ) များဖြင့်အစားထိုးလျှက်ရှိပြီး ရခိုင်ဒေသအတွင်း လူမျိုးရေးအမုန်းတရားများကိုဖန်တီးရန်လုပ်ဆောင်နေကြောင်းလည်း၎င်းတို့၏ ထွက်ဆိုချက်များအရသိရှိရသည်။ မိမိတို့အနေဖြင့် ၎င်းတို့ထွက်ဆိုချက်များအရ မူးယစ်ဆေးဝါးနှင့်ပါဝင်ပတ်သက်နေသည့်ကွင်းဆက်များကိုဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်သည်။ ထို့အပြင် ရခိုင်ဒေသအတွင်း စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သော မြန်မာ့တပ်မတော်နှင့်အတူ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များလည်း အတူတကွပါဝင်ကြောင်း ၎င်းတို့(၂) ဦးမှထပ်မံထွက်ဆိုထားသည်။ ( ရုပ်သံ-သက်သေခံထွက်ဆိုချက်များလိုအပ်ပါက တင်ပေးသွားပါမည်) မှတ်ချက်။ ။ ဓာတ်ပုံပါနယ်ခြားစောင့်ယူနီဖောင်းများမှာ ၎င်းတို့နှင့်အတူအိတ်ထဲတွင်ပါလာသော ယူနီဖောင်းများဖြစ်ကြသည်) သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi သတင္းထုတ္ျပန္ရက္စြဲ။ ။ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ(၄) ရက္ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ(၂) ရက္၊ နံနက္(၇) နာရီခန္႔အခ်ိန္တြင္ ရခိုင္ျပည္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၏ "သဇင္ၿမိဳင္ေက်းရြာ" ႏွင့္ "ျပင္ရွည္ရြာ"အၾကား၌ အရပ္ဝတ္ျဖင့္သြားလာေနသည့္မသကၤာဖြယ္လူ(၄) ဦးအား ရကၡိဳင့္တပ္ေတာ္မွ ေခၚယူစစ္ေဆးရာ ၎တို႔တြင္ပါလာေသာလက္နက္မ်ားျဖင့္ခုခံကာကြယ္ေသာေၾကာင့္ (၂) ဦးမွာလြတ္ေျမာက္ခဲ့ၿပီး(၂) ဦးအားအရွင္ဖမ္းဆီးရမိခဲ့သည္။ မိမိတို႔ဖမ္းဆီးရမိသူ(၂) ဦးမွာ သဇင္ၿမိဳင္နယ္ျခားေစာင့္စခန္းမွျဖစ္ၿပီး တပ္ၾကပ္- ေအာင္ေက်ာ္ေက်ာ္၊ ကိုယ္ပိုင္အမွတ္(လ/၂၁၁၀၇၂) / ဗမာတိုင္းရင္းသား ႏွင့္ တပ္သား-ဝင္းမိုးသန္း၊ ကိုယ္ပိုင္အမွတ္(လ/၂၇၄၅၈၉)/ ကရင္-ဗမာတိုင္းရင္းသား တို႔ျဖစ္ၾကသည္။ ထြက္ေျပးလြတ္ေျမာက္သူ(၂) ဦးမွာ ဒုရဲအုပ္-ေနၿဖိဳး ႏွင့္ တပ္သား-ျပည့္ၿဖိဳးေဝတို႔ျဖစ္ၾကသည္။ ဒုရဲအုပ္-ေနၿဖိဳးသည္လည္း စိတ္ႂကြေဆးျပားမ်ားကိုေရာင္းဝယ္ေဖာက္ကားသည့္လုပ္ရပ္မ်ားတြင္ ပါဝင္ေနသူတစ္ဦးျဖစ္ေၾကာင္းသိရွိရသည္။ အဆိုပါနယ္ျခားေစာင့္ႏွစ္ဦးတို႔ႏွင့္အတူ စိတ္ႂကြေဆးျပား(၁၂) ျပား၊ ေရာင္းဝယ္ေဖာက္ကား၍ရရွိလာေသာေငြ ေလးဆယ့္ႏွစ္သိန္းငါးေထာင္က်ပ္ (ကဏန္းျဖင့္-၄၂၀၅၀၀၀ က်ပ္)၊ က်ည္ကာ(၁) ထည္၊ လက္ပစ္ဗံုး(၁) လံုး၊ လက္စြပ္(၁) ကြင္း၊ ဘဏ္ကဒ္(၁) ခု တို႔အားသိမ္းဆည္းရမိခဲ့သည္။ ၎တို႔ထြက္ဆိုခ်က္အရ ၎တို႔သည္ နယ္ျခားေစာင့္တပ္ရင္း(၃) ၊ဘူးသီးေတာင္ၿမိဳ႕နယ္၊ တပ္ခြဲ(၂)၊ ေစတီျပင္လက္ေအာက္ခံ"သဇင္ၿမိဳင္ရဲကင္းစခန္း" မွျဖစ္ၿပီး စိတ္ႂကြေဆးျပားမ်ားကိုေရာင္းဝယ္ေဖာက္ကားၿပီးရရွိေသာေငြမ်ားကိုသြားယူၿပီးျပန္လာျခင္းျဖစ္ေၾကာင္းထြက္ဆိုထားသည္။ ၎တို႔၏ နယ္ျခားေစာင့္(၃) တပ္ရင္းမႉး၊"ျမတ္စိုးေက်ာ္"ကိုယ္တိုင္ စိတ္ႂကြေဆးျပားႏွင့္ မူးယစ္ေဆးဝါးမ်ားသယ္ေဆာင္ျခင္း၊ ေရာင္းဝယ္ျခင္းတြင္ပါဝင္ပတ္သက္ေနၿပီး ယခုမိမိတို႔ဖမ္းဆီးရမိထားသူမ်ားသည္လည္း စိတ္ႂကြေဆးျပားကိုယ္တိုင္သံုးစြဲေနၾကသူမ်ားျဖစ္ေၾကာင္းဝန္ခံထားၿပီးျဖစ္သည္။ ရခိုင္ျပည္၏နယ္ျခားေစာင့္တပ္ရင္းမ်ားတြင္ နယ္ျခားေစာင့္တပ္ဖြဲ႕ဝင္မ်ားသည္ထြက္ေျပးသူမ်ားျပားေသာေၾကာင့္ ၎ထြက္ေျပးသူေနရာမ်ား၌စစ္တပ္ပံုေျပာင္း(စစ္တပ္မွျပစ္မႈက်ဴးလြန္သူမ်ားအားရဲဖက္ေျပာင္းထားသူ) မ်ားျဖင့္အစားထိုးလွ်က္ရွိၿပီး ရခိုင္ေဒသအတြင္း လူမ်ိဳးေရးအမုန္းတရားမ်ားကိုဖန္တီးရန္လုပ္ေဆာင္ေနေၾကာင္းလည္း၎တို႔၏ ထြက္ဆိုခ်က္မ်ားအရသိရွိရသည္။ မိမိတို႔အေနျဖင့္ ၎တို႔ထြက္ဆိုခ်က္မ်ားအရ မူးယစ္ေဆးဝါးႏွင့္ပါဝင္ပတ္သက္ေနသည့္ကြင္းဆက္မ်ားကိုဆက္လက္ေဖာ္ထုတ္အေရးယူသြားမည္ျဖစ္သည္။ ထို႔အျပင္ ရခိုင္ေဒသအတြင္း စစ္ရာဇဝတ္မႈက်ဴးလြန္ခဲ့ေသာ ျမန္မာ့တပ္မေတာ္ႏွင့္အတူ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္မ်ားလည္း အတူတကြပါဝင္ေၾကာင္း ၎တို႔(၂) ဦးမွထပ္မံထြက္ဆိုထားသည္။ ( ႐ုပ္သံ-သက္ေသခံထြက္ဆိုခ်က္မ်ားလိုအပ္ပါက တင္ေပးသြားပါမည္) မွတ္ခ်က္။ ။ ဓာတ္ပံုပါနယ္ျခားေစာင့္ယူနီေဖာင္းမ်ားမွာ ၎တို႔ႏွင့္အတူအိတ္ထဲတြင္ပါလာေသာ ယူနီေဖာင္းမ်ားျဖစ္ၾကသည္) သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this