ဗမာ့တပ်မတော်သည် အပစ်ခတ်ရပ်စဲရေးထုတ်ပြန်ကြေညာချက်ကို လျစ်လျူရှုပြီး MNDAA ၏ ဒေသအသီးသီးကို ထိုးစစ်ဆင်တိုက်ခိုက်

blog

Date : 03-Apr-2021

Nyo Twan Awng

ရက်စွဲ။ ၂၀၂၁ ခုနှစ်၊ ဧပြီလ (၃) ရက်

နိုင်ငံတော် ငြိမ်းချမ်းရေးလမ်းစဉ်ကို လက်တွေ့ကျကျအကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် မိမိတို့ MNDAA အနေဖြင့် ညီနောင်မဟာမိတ်များနှင့်အတူ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ကြေညာချက်ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်မှစ၍ ဆက်တိုက်ထုတ်ပြန်ခဲ့သော်လည်း ဗမာ့တပ်မတော်မှ အသိအမှတ်မပြုသည့်အပြင် မိမိတို့ MNDAA အပေါ် ထိုးစစ်ဆင်မှုများကို ဆက်တိုက် ပြုလုပ်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ မှစ၍ မိမိတို့ MNDAA သည် ငြိမ်းချမ်းရေးကို လိုလားသော စိတ်ဓာတ်ဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ကြေညာချက်အတိုင်း လိုက်နာဆောင်ရွက် ခဲ့ပါသည်။ သို့သော် ဗမာ့တပ်မတော်သည် ၄င်းတို့အကျိုးစီးပွားအတွက် MNDAA ၏ လှုပ်ရှားနယ်မြေများကို အဘက်ဘက်မှပိတ်ဆို့ဖိနှိပ်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေပါသည်။ လက်တလောပိုင်းတွင် ဗမာ့တပ်မတော်သည် ၄င်းတို့ထုတ်ပြန်ထားသော အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ချက်ကို လျစ်လျူရှု၍ MNDAA ကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ငြိမ်းချမ်းရေးကို အတင်းဖျက်ဆီးနေပါသည်။
၁။ ၂၀၂၁ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့ နေ့လယ် ၁၃း၂၉ နာရီတွင် ဗမာ့တပ်မတော် တပ်မ ၈၈ မှ လူအင်အား ၂၀၀ ခန့် ဖြင့် လက်နက်ကြီးပစ်ကူများနှင့်အတူ နာဒီမြိုနယ် နန်လော့ရွာအနီးရှိ MNDAA တပ်မဟာ ၂၁၁ နှင့် ၅၁၁ ကို လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၈း၃၀ နာရီအထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။
၂။ ၂၀၂၁ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့ နံနက် ၀၈း၁၅ နာရီတွင် ဗမာ့တပ်မတော် ၄၂၆ တပ်ရင်းသည် လှိုင်ပန်းခါ အနီးရှိ ညီနောင်မဟာမိတ်တပ်ဖွဲ့များရှိရာနေရာကို လာရောက်ထိုးစစ်ဆင်ခဲ့ပြီး ညနေ ၁၇း၁၅ နာရီ အထိ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်။
၃။ ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်၊ နံနက် ၀၅း၅၀ နာရီတွင် ဗမာ့တပ်မတော်မှ လက်နက်ကြီးဖြင့် သံလွင်မြစ် အနောက်ခြမ်း ချိကျူးရွာအနီးရှိ MNDAA တပ်မဟာ ၅၁၁ ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုအပြင် မူဆယ်၊ နန့်ခမ်း နှင့် နန်ဖက်ကာ ဘက်ကို လူအင်အား ၅၀၀ ခန့် ဖြည့်တင်းခဲ့ပြီး MNDAA အပေါ်ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြသည်။
၄။ ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့ နံနက် ၀၇း၀၀ နာရီတွင် ဗမာ့တပ်မတော်မှ လက်နက်ကြီး ဖြင့် ဟောထန်ရှန်း ရှိ MNDAA တပ်မဟာ ၂၁၁ ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူအင်အား ၁၅၀ ကျော် ခန့်ဖြင့် ချဉ်းကပ်လာသောကြောင့် ၁၂း၃၀ နာရီအထိ တိုက်ပွဲများဖြစ်ပွားခဲ့သည်။
၅။ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ နေ့လယ် ၁၂း၂၂ နာရီတွင် ဗမာ့တပ်မတော်မှ မန်ဇာတာချင်းရှု အနီးရှိ MNDAA တပ်မဟာ ၂၁၁ နှင့် လော်ဟေးရွာ အနီးရှိ MNDAA ကို လာရောက်တိုက်ခိုက်ခဲ့သည်။
ဗမာ့တပ်မတော်သည် သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ MNDAA ကို ထိုးစစ်ဆင်တိုက်ခိုက်သည့်အပြင် လက်နက်ခဲယမ်းများကိုလည်း အဆက်မပြတ် ဖြည့်တင်းနေပြီး ပိုမိုပြင်းထန်သည့် တိုက်ပွဲများဖော်ဆောင်ရန် ပြင်ဆင်နေသည်။ သို့သော် မိမိတို့ MNDAA မှာ တိုင်းရင်းသားရင်ကြားစေ့ရေးနှင့် ပြည်သူ့အကျိုးစီးပွားတို့ အတွက် တိုက်ပွဲများကို ဆက်လက်တိမ်းရှောင်သွားမည်ဖြစ်ပါသည်။

MNDAA
သတင်းနှင့်ပြန်ကြားရေး
( MNDAA သတင်းနှင့်ပြန်ကြားရေးမှ တရုတ်ဘာသာြဖင့်ထုတ်ပြန်ထားသည်ကို မြန်မာဘာသာသို့ပြန်ဆို၍ ထုတ်ပြန်ခြင်းဖြစ်ပါသည်။ )


Share on social

You may also like this