ဘက်စုံတော်လှန်ရီး (သို့မဟုတ်) အာရက္ခနိုင်ငံတော် တည်ဆောက်ခြင်းအနုပညာ အပိုင်း(၁)

article

Date : 21-Mar-2022

Nyo Twan Awng

ဘက်စုံတော်လှန်ရီး (သို့မဟုတ်) အာရက္ခနိုင်ငံတော် တည်ဆောက်ခြင်းအနုပညာ

အပိုင်း(၁)

 

(ရခိုင်လူမျိုး Dr.ညိုထွန်းအောင် ရွီးသားသည်)

၂၀၂၂ ခုနှစ်၊ မာ့ချ်လ (၂၁) ရက်၊ တလင်းလာနိ

 

အေဂုဆောင်းပါးသည် အာရက္ခနိုင်ငံတော်တည်ဆောက်ရီးကိုဦးတည်သော ဘက်စုံတော်လှန်ရီးတရပ်ကိုဆင်နွှဲရန် အတွက် တော်လှန်ရီးထဲတွင် မပါဝင်သိမ့်သောသူများအတွက် ရည်ရွယ်ပါသည်။ ဘက်စုံတော်လှန်ရီးထဲတွင် ကျရာ နီရာ၊ ကျရာတာဝန်ကို ထမ်းဆောင်ကတ်ပြီး ရက္ခိုင်ပြည်သူ့အစိုးရတရပ်အဖြစ်သို့ အသွင်ကူးပြောင်းရီးကာလကို လျင်မြန်စီရန်ရည်ရွယ်ရွီးသားပါသည်။ ၂၀၁၈ ခုနှစ်လောက်ကတည်းကပင် စတင်ရွီးသားခကေလေ့ အရသာ ဟိသော ဆောင်းပါးအဖြစ်သို့ မရောက်လာသောကြောင့် ပြီးဆုံးအောင် မရွီးဖြစ်သိမ့်သော ဆောင်းပါးဟောင်း တပုဒ်ကို လေးနှစ်ခန့်ကြာပြီးမှ အပြီးသတ်ရွီးသားထားသော ဆောင်းပါးရှည်တပုဒ်ဖြစ်ပါသည်။

 

ရက္ခိုင်လူမျိုးများသည် သူရို့၏ပစ္စုပ္ပန်ကို ဌာပနာပြီး လှပသောရက္ခိုင့်လူ့ဘောင်အနာဂတ်ကို တည်ဆောက်နီခြင်း သည် ရက္ခိုင်တမျိုးသားလုံးမျှော်လင့်နီကတ်သော အာရက္ခနိုင်ငံတော်ကို တည်ဆောက်နီခြင်းပင် ဖြစ်သည်။ ရက္ခိုင့်တော်လှန်ရီး တဆစ်ချိုးကို ဃကျောက်ရှည်ကွေ့ ကွေ့နီသည့်အချိန်တွင် ရက္ခိုင်တမျိုးသားလုံးမှ ရထားတစင်း၏ အတွဲများ ချိတ်ဆက်အလိုက်သင့်ပါလာရေပိုင် လိုက်ပါကတ်ရန် လိုအပ်နီသည့်အချိန်လည်း ဖြစ်သည်။ တနည်း အဆုံးအဖြတ် တိုက်ပွဲ၏အစ အာရက္ခနိုင်ငံတော်၏ ပထမစာမျက်နှာကို ရွီးသားကတ်မည့် အချိန် ဖြစ်သည်။

 

အချုပ်အချာအာဏာမဟိသောတိုင်းပြည်မှလူမျိုးများ၏ အနာဂတ်သည် ရေရာမှုမဟိနိုင်ရေပိုင် တိုင်းပြည်မဲ့၊ တန်ဖိုးမဲ့လူမျိုး လူတောမတိုးဘဝဖြစ်ရသည်။ ထို့ကြောင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ ဦးဆောင်၍ ရက္ခိုင့်အချုပ် အချာ အာဏာကို ပြန်လည်ရဟိစီ ရန်နန့် ရက္ခိုင့်သယံဇာတ၊ ရက္ခိုင့်ကံကြမ္မာကို ပရံလူများမှ အဆုံးအဖြတ် ပီးနီသည်ကို မိမိရို့အနီနန့် ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီး ဆုံးဖြတ်ပီးနိုင်သောအနီအထားသို့ပြောင်းလဲရောက်ဟိ လာစီရန် ကြိုးစား ဆောင်ရွက်လျက်ဟိပါသည်။

 

"ရက္ခိုင့်အချုပ်အချာအာဏာပြန်လည်ရဟိရန်အတွက် အဓိက အရေးကြီးသော ရက္ခိုင့်တပ်တော်ကို ပြန်လည် တည်ဆောက်ခြင်းဖြင့် အာရက္ခတိုင်းပြည်ကို ပြန်လည်တည်ဆောက်နီကတ်ခြင်းပင်ဖြစ်သည်။ ရက္ခိုင့်တပ်တော် အင်အားမဟိဘဲ အာရက္ခနိုင်ငံတော်ကို တည်ဆောက်၍မရနိုင်ဆိုသည်ကို နားလည်ထားသော ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်သည် တော်လှန်ရီးအစပိုင်း၌ ပါတီထက် ရက္ခိုင့်တပ်တော်ကို အဓိကထား တည်ဆောက်ခခြင်း ဖြစ်သည်။"

 

ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း၊ ရက္ခိုင့်သမိုင်းအထောက်အထားများအရ မိမိလူမျိုးကို ကာကွယ်ပီးနိုင်သော အင်အား ကောင်းသည့် တပ်တော်ဟိခြင်း/မဟိခြင်းသည် ထိုလူမျိုး၏ အချုပ်အချာအာဏာ တည်တံ့ခြင်း/ ဆုံးယှုံးခြင်း အပေါ်တွင် တိုက်ရိုက်မူတည်သည်ကို လေ့လာတွိဟိရသည်။ ရက္ခိုင်နိုင်ငံတော်ကျယှုံးလားရခြင်း အကြောင်း တရားများထဲတွင် ရက္ခိုင့်တပ်တော် စစ်ယှုံးနိမ့်ပြီး ပြိုပျက်လားခရခြင်းသည် အဓိကကျသောအချက်များထဲမှ တချက်ဖြစ်သည်။ ရက္ခိုင့်တပ်တော်မပြိုကွဲမီ မြောက်ဦးထီးနန်း၌ စည်းလုံးညီညွတ်မှု ပျက်ပြားကာ အချင်းချင်း အာဏာလု အိမ်တွင်းပဋိပက္ခတိုက်ပွဲပြင်းထန်နီမှုသည်လည်း အဓိကကျခသည်။

 

ကမ္ဘာ့သမိုင်းထဲမှ စစ်ယှုံး (သို့မဟုတ်) လက်နက်အားကိုး၍ အနိုင်ကျင့်ခံရပြီး ပျက်သုဉ်းလားခသော နိုင်ငံကြီးများ သည် မီးလျှံ ပြာပုံတောထဲမှ ထိုးထွက်လာသော ဖီးနစ်ငှက်များပိုင် မျက်မှောက်ခေတ်တွင် ထင်ရှားစွာဟိနီသည်။ ဂျပန်၊ ဂျာမဏီ ပိုင် ကမ္ဘာ့နိုင်ငံကြီးများသည် ဒုတိယကမ္ဘာစစ်အပြီးတွင် ပြာပုံထဲမှ ပြန်လည်ရုန်းကန် ကြိုးစား တည်ဆောက်ယင်း ဖွံ့ဖြိုးတိုးတက်လာကတ်သော နိုင်ငံများဖြစ်ကတ်သည်။ လေ့လာသင်ယူစရာကောင်းပြီး စံနမူနာယူသင့်သော နိုင်ငံများ ဖြစ်ကတ်သည်။

 

တောင်ကိုးရီးယားနိုင်ငံသည်လည်း ၁၉၅၃ ခုနှစ် ကိုးရီးယားစစ်ပွဲအပြီးတွင်မှ ပြန်လည်နလံထူနိုင်သောနိုင်ငံ ဖြစ် သည်။ ယင်းအချိန်ကာလ၌  တောင်ကိုးရီးယားနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံများအုပ်စုထဲတွင် ပါဝင်ခသည်။ နှစ်ပေါင်း (၇၀) အကြာ ဒေနိ အချိန်တွင် အဆိုပါနိုင်ငံများသည် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးများအုပ်စုထဲတွင် စာရင်း ဝင်လျက်ဟိသည်ကို တွိဟိရသည်။

 

၂၀၀၉ ခုနှစ်မှ စတင်ရေတွက်ပြီး ဆယ်သုံးနှစ်နီးပါးကို ဖြတ်သန်းပြီးသည့်အချိန်တွင် ရက္ခိုင်လူမျိုးများအတွက် ရက္ခိုင့်အမျိုးသားတပ်တော်တခုသည် သင့်တင့်လျောက်ပတ်သောလူ၊ လက်နက်အင်အားနန့်အတူ ပြည်သူကို အကာအကွယ်ပီးနိုင်သော တပ်တော်တခုအဖြစ်သို့ ရောက်ဟိပြီးဖြစ်သော်လည်း အချုပ်အချာအာဏာ လုံးဝပြန် လည်ရဟိရီးအတွက်မူ ဆက်လက် ကြိုးစားကတ်ရအုံးမည်။ နှစ်ပေါင်း (၂၃၈) နှစ်ကျော် ကြာတိုင်အောင် ဆုံးယှုံး ထားသော ရက္ခိုင့်အချုပ်အချာအာဏာကို စစ်မြီပြင်တွင် အနိုင်ယူ၍သာ ပြန်လည်ရယူနိုင်လိမ့်မည်ဟု မိမိရို့လုံးဝ ယုံကြည်သည်။  အချုပ်အချာအာဏာလွန်ဆွဲပွဲသည် လာမည့်ကာလ၌ အကြိတ်အနယ်နန့် အားပြိုင်ရမည့်ပုံပေါက် နီသည်။ ထို့ကြောင့် ရက္ခိုင့်အချုပ်အချာအာဏာ ပြန်လည်ရယူရီးတိုက်ပွဲများ၌ ရက္ခိုင်သားတိုင်း  တတပ်တအား ပါဝင်ကတ်ရန် လိုအပ်ပါသည်။

 

ဆက်ရန်......


Share on social

You may also like this