ဟုတ်တေ

poem

Date : 26-Mar-2022

Nyo Twan Awng

ဟုတ်တေ


ဟုတ်တေ။

တိုက်ပွဲတိက ရက္ခိုင်တိကို အယင်ထက် စည်းလုံးလားစီရေ။

ရက္ခိုင့်တပ်တော် Arakan Army ဆိုစွာ

အာကာထက်ကကျလာစွာ မဟုတ် ၊

မြီကြီးက မှိုပွင့်ပိုင် ပွင့်လာစွာ မဟုတ်မှန်းသိလားစီရေ။

ယှုံးထွက် အစမ်းသပ်ခံ မှတ်ကျောက်တင်ပွဲတိမှာ

တဆင့်ချင်း တဆင့်ချင်းတက်လှမ်းလို့။

နောက်ထပ်ပွဲတိကပိုလို့ခက်ခဲမှုတိဟိကေလေ့

ယှောင်လွဲလို့ရဖို့အနီအထား မဟုတ်ဆိုခါ

လက်ရည်တိမကျလားဖို့ လက်သွီးထားစွာက

အကောင်းဆုံးပြင်ဆင်ထားမှုဖြစ်လီဖို့။


ဟုတ်တေ။

တိုက်ပွဲတိက ရက္ခိုင်တိကိုအယင်ထက် စည်းလုံးလားရေ။

လအော်ချောင်း၊ ပီချောင်း၊ အောင်လံချောင်း ၊

ရမ်းချောင်း၊ နတ်သရွေးချောင်း၊ ခမီချောင်းတိစွာ

တိုက်ပွဲတိကြောင့် ကမ္ဘာကျော်လားရေ။

နောက်ထပ် အစွာချောင်းတိ နာမည် ကြီးအုံးမယ် မသိ။

ကကြီး ခကွေး သင်နီရေအချေတိအတွက်

မှတ်မိလွယ်ရေစကားလုံးတိဖြစ်တေ

"စကစ၊ ဒကစ၊ နပခ၊ ခလရ၊ မပည၊ နဝတ၊ မအလ"

အစဟိလို့ စကားလုံးတိကိုလူပြောများလာရေ။

နောက်ထပ်  ဇာပိုင်စကားလုံးတိ အသစ် ထပ်မထွက်လာဖို့ဆိုစွာကို

စောင့်ကြည့်ရဖို့။


ဟုတ်တေ။

တိုက်ပွဲတိက ရက္ခိုင်တိကိုအယင်ထက် စည်းလုံးလားရေ။

အာရက္ခစစ်သည်တော် သူရဲကောင်းအသစ်တိ

ပေါ်ထွက်လာရေ။

ယင်းပိုင်ဗျာယ်  တိုက်ပွဲအပြင်ဖက် နံရံခြားမှာ

ရန်သူကို အလုပ်အကျွေးပြု သစ္စာဖောက်တိ အသစ်ပေါ်လာရေ။

ရန်သူကိုတိုက်ခိုက်ဖို့ထက် တော်လှန်ရီးကိုတိုက်ခိုက်မှုတိ

ပိုများလာရေ။

ရပ်ပြင်ရွာပြင်ဖက်မှာ သစ္စာဖောက် အလုပ်ကို

လုပ်မှန်းမသိလုပ်ရေ လူတိ ပိုများလာရေ။

အမျိုးသားသစ္စာဖောက် ရာထူးကို နိုင်ငံတော်သမ္မတရာထူးပိုင်မှတ်ပနာ

လုနီကတ်တေ တိုင်သားတိလေ့ထွက်လာရေ။


ဟုတ်တေ။

တိုက်ပွဲတိက ရက္ခိုင်တိကိုအယင်ထက် စည်းလုံးလားရေ။

တိုက်ပွဲကာလမှာ ရက္ခိတရို့အားလုံးစွာ

ယင်းတိုက်ပွဲကိုအနိုင်ရဖို့ အတွက်

ဇာပိုင်ကူညီပံ့ပိုးရဖို့လဲဆိုရေစိတ်ကူးတစ်ခုတည်းနန့်

ပိုလို့စည်းလုံးကတ်တေ။

တိုက်ပွဲတနားတန့်နီရေအချိန်မှာ ယင်းစည်းလုံးမှုတိစွာ

အုပ်ချုပ်ရီးအုတ်မြစ်ချနီရေကာလမှာ စိကေလျော့ကျလာရေ။

ယင်းပိုင်လျော့လားလို့မဖြစ်ဆိုစွာကို အားလုံးသူသိဖို့လိုရေ။

လုပ်နီလူတိကို အပြစ်တင်နီကတ်ဖို့တက်စား

ယင်းအားနည်းချက်ကို

ငါအစွာပိုင်ဝင်ကူပီးရဖို့လဲဆိုရေအတွေးနန့်

အပြုသဘောဆောင်ရေ လုပ်ဆောင်ချက်တိနန့်

ဘက်စုံတော်လှန်ရီးထဲပါဝင်ဖို့ အသင့်ဖြစ်နီဖို့လိုရေ။

 

(ရခိုင်လူမျိုး Dr.ညိုထွန်းအောင် ရွီးသားသည်)

၂၀၂၂ ခုနှစ်၊ မာ့ချ်လ (၂၆) ရက်၊ စနီနိ

 


Share on social

You may also like this