Date : 26-Dec-2019
၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် ပလက်ဝ၊ မြေပုံ နှင့် ဘူးသီးတောင်မြို့နယ်များ၌ တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့သည်။ အထူးသဖြင့်ပလက်ဝမြို့နယ်၏ နေရာ(၃) ခု၌တိုက်ပွဲဖြစ်ပွားကာတိုက်ပွဲဧရိယာများလည်းပိုမိုကျယ်ပြန့်လာခဲ့သည်။ မြန်မာ့တပ်မတော်မှ စစ်အင်အား၊ လက်နက်ခဲယမ်းများကို ရခိုင်ပြည်အနှံ့ဆက်လက်ဖြည့်တင်းနေခြင်း၊ မြန်မာ့တပ်မတော်အနေဖြင့်မိမိတို့အားထပ်မံထိုးစစ်ဆင်တိုက်ခိုက်မည်ဟူ၍သွယ်ဝိုက်ပြောဆိုနေခြင်းများကြောင့် လာမည့် ၂၀၂၀ ခုနှစ်တွင်လည်း ရခိုင်ဒေသ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာမည့်ပုံပေါက်နေသည်။ ရက္ခိုင့်တပ်တော်အနေဖြင့် မြန်မာ့တပ်မတော်၏ထိုးစစ်များကို ကြောက်ရွံနေမည်မဟုတ်ဘဲရခိုင်ပြည်သူများနှင့်စုစည်းကာအကောင်းဆုံးဆက်လက်ခုခံကာကွယ်သွားမည်။ စစ်ရေးတုံ့ပြန်မှုများ၊ မိမိကိုယ်မိမိခုခံကာကွယ်စစ်များကိုလိုအပ်လျှင်လိုအပ်သလို တစ်ဖွဲ့ချင်း (သို့မဟုတ်) ညီနောင်မဟာမိတ်များဖြင့် လက်တွဲဆောင်ရွက်သွားမည်။ (၁) ပလက်ဝမြို့နယ်၊ ထရွန်အိုင်ရွာ၊ အနောက်တောင်ဖက်၊(၁.၂) ကီလိုမီတာအကွာအဝေးရှိတောင်တန်းတွင် ဒီဇင်ဘာလ(၂၆) ရက်၊ နံနက်(၈) နာရီခန့်မှ (၉) နာရီခန့်အထိ တစ်နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ (၂)ပလက်ဝမြို့နယ်၊ ပိန္နဲတပင်ရွာ အနောက်မြောက်ဘက် (၅.၆) ကီလိုမီတာအကွာအဝေးရှိတောင်တန်း၌လည်း နေ့လည်(၃) နာရီ(၃၀) မိနစ်မှစတင်ကာတိုက်ပွဲဖြစ်ပွားခဲ့သည်။ (၃)ပလက်ဝမြို့နယ်၊ နှုန်းဘူးရွာ အနောက်တောင်ဘက်(၁.၅) ကီလိုမီတာအကွာအဝေး ၌လည်း ညနေ(၄) နာရီ(၅၀) မိနစ်မှစတင်ပြီးမြန်မာ့တပ်မတော်၏တပ်မ(၁၁)လက်အောက်ခံ ခမရ (၂၁၄) ၊ခမရ(၂၁၇)တပ်ရင်းများ နှင့် ရက္ခိုင့်တပ်တော်တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ပလက်ဝတိုက်ပွဲများ၏အထိအခိုက်အကျအဆုံးနှင့် တိုက်ပွဲအသေးစိပ်အခြေအနေများကိုလောလောဆယ်မသိရသေးပါ။ သိရှိရပါကဆက်လက်တင်ပေးသွားပါမည်။ (၄)ဘူးသီးတောင်မြို့နယ်၊ အုတ်တောင်ရွာအရှေ့ဖက်၊(၃.၃) ကီလိုမီတာအကွာအဝေးရှိပွိုင့် ၄၂၈ တောင်ကုန်း၌ မြန်မာ့တပ်မတော်မှ မိမိတို့အားနံနက်(၁၀) နာရီခန့်မှစတင်ပြီးထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်။ ယနေ့ရန်သူ့ထိုးစစ်အားမိမိတို့မှအကောင်းဆုံးဟန့်တားတိုက်ခိုက်နိုင်ခဲ့သည်။ ရန်သူ့ဖက်မှ အသေအပျောက်များရှိခဲ့ပြီး ရန်သူ၏လက်နက်ခဲယမ်းအချို့ကိုသိမ်းဆည်းရမိခဲ့သည်။ ယခင်နေ့ရက်များ၌တိုက်ပွဲများပြင်းထန်ခဲ့သောမြေပုံမြို့နယ်၊စညှင်းရွာအရှေ့တောင်ဖက်၊ (၃.၅)ကီလိုမိတာအကွာအဝေးရှိတောင်ကြော(တနည်းအားဖြင့်) မြေပုံ-အမ်း မြို့နယ်ခြားမျဉ်းပတ်ဝန်းကျင်များသို့ မြန်မာ့တပ်မတော်သည် လက်နက်ကြီးများတောက်လျှောက်ပစ်ခတ်တိုက်ခိုင်နေသကဲ့သို့ ရဟတ်ယာဉ်ဖြင့်လည်းလာရောက်ပစ်ခတ်တိုက်ခိ ခရစ်စမတ်ကာလအတွင်း သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သောအာရက္ခစစ်သည်တော်များအားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်