၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁/၂) ရက်တိုက်ပွဲသတင်းများ

blog

Date : 03-Dec-2019

Nyo Twan Awng

#Unicode ပုဏ္ဏားကျွန်းမြို့နယ်၊ "ကြက်ချေးရွာ" အနောက်မြောက်ဖက်(၁.၈) ကီလိုမီတာအကွာအဝေးရှိမိမိတို့လှုပ်ရှားစစ်ကြောင်းတစ်ခုအားနယ်ခဲျ့ ကျူးကျော်သူမြန်မာ့တပ်မတော်၏ စစ်ကြောင်းတစ်ခုမှမှ ဒီဇင်ဘာလ(၁) ရက်နေ့၊နံနက်(၆) နာရီခန့်မှစတင်ပြီးထိုးစစ်ဆင်တိုက်ခိုက်မှုကိုဆက်လက်ပြုလုပ်ခဲ့သည်။ဤနေရာအားမြန်မာ့တပ်မတော်မှဤကဲ့သို့ထိုးစစ်ဆင်တိုက်ခိုက်မှုကို နိုဝင်ဘာလ(၁၁) ရက်နေ့မှစတင်ပြုလုပ်ခဲ့သောကြောင့်ယနေ့ဆိုလျှင် ရက်သတ္တပတ်(၃) ပတ်ကျော်အထိရှိလာခဲ့ပြီဖြစ်သည်။ သို့သော်လည်းမြန်မာ့တပ်မတော်၏ အဆိုပါစစ်ကြောင်းမှာ (၃) ပတ်အတွင်းအထိအခိုက်အကျအဆုံးများစွာနှင့်အတူ ရက္ခိုင့်တပ်တော်မှ အကောင်းဆုံးခုခံတိုက်ခိုက်နိုင်သောကြောင့်ရှေ့မတိုးနိုင်ဘဲ" ကန်ဇောက်၊ရသေ့တောင် အခြေစိုက်တပ်ရင်းများရေစိုးချောင်းဗျူဟာ" အပါအဝင် နေရာ(၃) နေရာမှ လက်နက်ကြီးပစ်ကူများစုပြုံပစ်ခတ်၍လည်းကောင်း၊ အခိုျ့နေ့ရက်များတွင်ရဟတ်ယာဉ်(၂) စီးအပါအဝင် မြေပြင်၊ဝေဟင်မှထိုးစစ်ဆင်တိုက်ခိုက်၍ လည်းကောင်း မရပ်မနားထိုးစစ်ဆင်တိုက်ခိုက်မှုများကိုဆက်လက်ပြုလုပ်နေဆဲပင်ဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁) ရက်၊ညနေ(၅) နာရီခန့်မှစ၍ မြောက်ဦးမြို့နယ်၊"နလိတ်ရွာ" အရှေ့မြောက်ဖက်၊ (၂.၄) ကီလိုမီတာအကွာအဝေးရှိတောင်တန်းတွင် မြန်မာ့တပ်မတော်မှ မိမိတို့ရှိရာနေရာသို့ကျူးကျော်တိုက်ခိုက်လာသောကြောင့်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ နှစ်နာရီနီးပါးကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုနှင့်အတူ ပြင်းထန်သောတိုက်ပွဲတစ်ပွဲဖြစ်ခဲ့သည်။ ရန်သူ့ဖက်မှထိခိုက်သေဆုံးသူများရှိခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁) ရက်၊ညနေ(၅) နာရီ(၃၀) ခန့်တွင်လည်း မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာအနီး၌ မိနစ်နှစ်ဆယ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ အထိအခိုက်အကျအဆုံး(လောလောဆယ်) မသိရသေးပါ။ ဒီဇင်ဘာလ(၁) ရက်နေ့၌ ရန်သူ(၇) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ဒီဇင်ဘာလ(၂) ရက်နေ့ တွင်လည်း ယမန်နေ့( ဒီဇင်ဘာလ(၁)ရက်) နေ့တွင်တိုက်ပွဲဖြစ်ပွားနေခဲ့သောနေရာများဖြစ်ကြသော ပုဏ္ဏားကျွန်းမြို့နယ်၊ "ကြက်ချေးရွာ" အနောက်မြောက်ဖက်(၁.၈) ကီလိုမီတာအကွာအဝေးရှိတောင်တန်း နှင့် မြောက်ဦးမြို့နယ်၊"နလိတ်ရွာ" အရှေ့မြောက်ဖက်၊ (၂.၄) ကီလိုမီတာအကွာအဝေးရှိတောင်တန်းများ၌ တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။ ရခိုင်ဒေသ၏တိုက်ပွဲများအတွင်း၌မြန်မာ့တပ် မတော်ဖက်မှအထိအခိုက်၊ အကျအဆုံးများမှာ နေ့တိုင်းရှိနေပြီးလူမျိုးရေးအမုန်းတရားများကိုအခြေခံပြီးလက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေမှုများကြောင့် ကျေးရွာများအတွင်းကျရောက်ပေါက်ကွဲခြင်း၊ အရပ်သားများထိခိုက်ခြင်း၊သေဆုံးခြင်းစသည့်ဖြစ်ရပ်များမှာ တစ်ရက်ပြီးတစ်ရက်မြင့်မားလျှက်ရှိသည်။ တပြိုင်နက်တည်းတွင် ကျေးရွာများအနီးတွင်လည်းကောင်း၊ ကျေးရွာများအတွင်း၌လည်းကောင်း၊ လူသွားလမ်းများ၌လည်းကောင်း၊ ဘုန်းကြီးကျောင်း၊စာသင်ကျောင်းများအတွင်း၌လည်းကောင်း စွန့်လွှတ်မိုင်း၊နင်းမိုင်း၊ တိုက်မိုင်းများထောင်သည့်လုပ်ရပ်များကိုလည်း မြန်မာ့တပ်မတော်မှယုတ်မာစွာပြုလုပ်လျှက်ရှိသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားနေသောနေရာများ ၊ စစ်ရာဇဝတ်အကြမ်းဖက်နယ်ခဲျ့မြန်မာ့တပ်မတော်မှ စခန်းချခဲ့သောနေရာများသို့ သတိလက်လွတ်ဝင်ရောက်ခြင်း၊သွားလာခြင်းများကို အထူးဂရုပြုကြပါရန်အသိပေးအပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ပုဏၰားကြ်န္းၿမိဳ႕နယ္၊ "ၾကက္ေခ်းရြာ" အေနာက္ေျမာက္ဖက္(၁.၈) ကီလိုမီတာအကြာအေဝးရွိမိမိတို႔လွုပ္ရွားစစ္ေၾကာင္းတစ္ခုအားနယ္ခဲ်႕ က်ဴးေက်ာ္သူျမန္မာ့တပ္မေတာ္၏ စစ္ေၾကာင္းတစ္ခုမွမွ ဒီဇင္ဘာလ(၁) ရက္ေန႔၊နံနက္(၆) နာရီခန္႔မွစတင္ၿပီးထိုးစစ္ဆင္တိုက္ခိုက္မႈကိုဆက္လက္ျပဳလုပ္ခဲ့သည္။ဤေနရာအားျမန္မာ့တပ္မေတာ္မွဤကဲ့သို႔ထိုးစစ္ဆင္တိုက္ခိုက္မႈကို ႏိုဝင္ဘာလ(၁၁) ရက္ေန႔မွစတင္ျပဳလုပ္ခဲ့ေသာေၾကာင့္ယေန႔ဆိုလွ်င္ ရက္သတၱပတ္(၃) ပတ္ေက်ာ္အထိရွိလာခဲ့ၿပီျဖစ္သည္။ သို႔ေသာ္လည္းျမန္မာ့တပ္မေတာ္၏ အဆိုပါစစ္ေၾကာင္းမွာ (၃) ပတ္အတြင္းအထိအခိုက္အက်အဆံုးမ်ားစြာႏွင့္အတူ ရကၡိဳင့္တပ္ေတာ္မွ အေကာင္းဆံုးခုခံတိုက္ခိုက္ႏိုင္ေသာေၾကာင့္ေရွ႕မတိုးႏိုင္ဘဲ" ကန္ေဇာက္၊ရေသ့ေတာင္ အေျခစိုက္တပ္ရင္းမ်ားေရစိုးေခ်ာင္းဗ်ဴဟာ" အပါအဝင္ ေနရာ(၃) ေနရာမွ လက္နက္ႀကီးပစ္ကူမ်ားစုျပံဳပစ္ခတ္၍လည္းေကာင္း၊ အခိဳ်႕ေန႔ရက္မ်ားတြင္ရဟတ္ယာဥ္(၂) စီးအပါအဝင္ ေျမျပင္၊ေဝဟင္မွထိုးစစ္ဆင္တိုက္ခိုက္၍ လည္းေကာင္း မရပ္မနားထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကိုဆက္လက္ျပဳလုပ္ေနဆဲပင္ျဖစ္သည္။ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ(၁) ရက္၊ညေန(၅) နာရီခန္႔မွစ၍ ေျမာက္ဦးၿမိဳ႕နယ္၊"နလိတ္ရြာ" အေရွ႕ေျမာက္ဖက္၊ (၂.၄) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းတြင္ ျမန္မာ့တပ္မေတာ္မွ မိမိတို႔ရွိရာေနရာသို႔က်ဴးေက်ာ္တိုက္ခိုက္လာေသာေၾကာင့္တိုက္ပြဲမ်ားျဖစ္ပြားခဲ့သည္။ ႏွစ္နာရီနီးပါးၾကာ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈႏွင့္အတူ ျပင္းထန္ေသာတိုက္ပြဲတစ္ပြဲျဖစ္ခဲ့သည္။ ရန္သူ႔ဖက္မွထိခိုက္ေသဆံုးသူမ်ားရွိခဲ့သည္။ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ(၁) ရက္၊ညေန(၅) နာရီ(၃၀) ခန္႔တြင္လည္း ေျမာက္ဦးၿမိဳ႕နယ္၊ ေက်ာက္ဆည္ျပင္ရြာအနီး၌ မိနစ္ႏွစ္ဆယ္ခန္႔တိုက္ပြဲျဖစ္ပြားခဲ့သည္။ အထိအခိုက္အက်အဆံုး(ေလာေလာဆယ္) မသိရေသးပါ။ ဒီဇင္ဘာလ(၁) ရက္ေန႔၌ ရန္သူ(၇) ဦးအားသုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။ ဒီဇင္ဘာလ(၂) ရက္ေန႔ တြင္လည္း ယမန္ေန႔( ဒီဇင္ဘာလ(၁)ရက္) ေန႔တြင္တိုက္ပြဲျဖစ္ပြားေနခဲ့ေသာေနရာမ်ားျဖစ္ၾကေသာ ပုဏၰားကြ်န္းၿမိဳ႕နယ္၊ "ၾကက္ေခ်းရြာ" အေနာက္ေျမာက္ဖက္(၁.၈) ကီလိုမီတာအကြာအေဝးရွိေတာင္တန္း ႏွင့္ ေျမာက္ဦးၿမိဳ႕နယ္၊"နလိတ္ရြာ" အေရွ႕ေျမာက္ဖက္၊ (၂.၄) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းမ်ား၌ တိုက္ပြဲမ်ားဆက္လက္ရွိေနခဲ့သည္။ ရခိုင္ေဒသ၏တိုက္ပြဲမ်ားအတြင္း၌ျမန္မာ့တပ္ မေတာ္ဖက္မွအထိအခိုက္၊ အက်အဆံုးမ်ားမွာ ေန႔တိုင္းရွိေနၿပီးလူမိ်ဳးေရးအမုန္းတရားမ်ားကိုအေျခခံၿပီးလက္နက္ႀကီးမ်ားျဖင့္ရမ္းသန္းပစ္ခတ္တိုက္ခိုက္ေနမႈမ်ားေၾကာင့္ ေက်းရြာမ်ားအတြင္းက်ေရာက္ေပါက္ကြဲျခင္း၊ အရပ္သားမ်ားထိခိုက္ျခင္း၊ေသဆံုးျခင္းစသည့္ျဖစ္ရပ္မ်ားမွာ တစ္ရက္ၿပီးတစ္ရက္ျမင့္မားလွ်က္ရွိသည္။ တၿပိဳင္နက္တည္းတြင္ ေက်းရြာမ်ားအနီးတြင္လည္းေကာင္း၊ ေက်းရြာမ်ားအတြင္း၌လည္းေကာင္း၊ လူသြားလမ္းမ်ား၌လည္းေကာင္း၊ ဘုန္းႀကီးေက်ာင္း၊စာသင္ေက်ာင္းမ်ားအတြင္း၌လည္းေကာင္း စြန္႔လႊတ္မိုင္း၊နင္းမိုင္း၊ တိုက္မိုင္းမ်ားေထာင္သည့္လုပ္ရပ္မ်ားကိုလည္း ျမန္မာ့တပ္မေတာ္မွယုတ္မာစြာျပဳလုပ္လွ်က္ရွိသည္။ ထို႔ေၾကာင့္ မိဘျပည္သူမ်ားအေနျဖင့္ တိုက္ပြဲျဖစ္ပြားေနေသာေနရာမ်ား ၊ စစ္ရာဇဝတ္အၾကမ္းဖက္နယ္ခဲ်႕ျမန္မာ့တပ္မေတာ္မွ စခန္းခ်ခဲ့ေသာေနရာမ်ားသို႔ သတိလက္လြတ္ဝင္ေရာက္ျခင္း၊သြားလာျခင္းမ်ားကို အထူးဂ႐ုျပဳၾကပါရန္အသိေပးအပ္ပါသည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this