၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၉/၃၀) ရက်ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 31-Jul-2020

Nyo Twan Awng

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၉/၃၀) ရက်ရခိုင်ပြည်တိုက်ပွဲသတင်းများ
ဇူလိုင်လ(၃၀) ရက်၊

စစ်ရာဇဝတ်နယ်ချဲ့သောင်းကျန်းသူတပ်ဖွဲ့ မြန်မာ့တပ်မတော်သည် ရက္ခိုင့်တပ်တော်အားထိုးစစ်ဆင်တိုက်ခိုက်မှုများကိုဇူလိုင်လကုန်ခါနီး၌ ပိုမိုလုပ်ဆောင်လာခဲ့သည်။ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာပတ်ဝန်းကျင်တစ်ခုတည်းကိုသာမက ဘူးသီးတောင်၊ ပလက်ဝ၊ မြောက်ဦး၊ မင်းပြား၊ အမ်းမြို့နယ်များအတွင်း၌လည်း အရှိန်အဟုန်မြှင့်စွာလုပ်ဆောင်လျက်ရှိသည်။

တပြိုင်နက်တည်းတွင် မြန်မာ့တပ်မတော်သည်ထိုးစစ်ပြုလုပ်လေလေ အထိအခိုက်အကျအဆုံးများလေလေ ဖြစ်သည်။ ဇူလိုင်လ(၃၀) နေ့တွင် ရဟတ်ယာဉ်(၂) စီးဖြင့်လာရောက်တိုက်ခိုက်ရသည်အထိ မြန်မာ့တပ်မတော်သည် အထိအခိုက်အကျအဆုံးများခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၉/၃၀)  ရက်နေ့ များတွင် ပလက်ဝမြို့နယ်အတွင်းရှိ မြန်မာ့တပ်မတော်၏တပ်စခန်းများမှနေ၍ လက်နက်ကြီးများဖြင့် မိမိတို့တပ်ဖွဲ့ဝင်များရှိသည်ဟုယူဆသည့်နေရာများအပါအဝင်နယ်စပ်တစ်လျှောက်နေရာအနှံ့အပြားသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ဇူလိုင်လ(၂၉) ရက်တစ်နေ့တည်းတွင်ပင် လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်သည့်အကြိမ်အရေအတွက်(၁၀၀) ကျော်အထိရှိခဲ့သည်။

ဇူလိုင်လ(၂၉) ရက်၊ပလက်ဝမြို့နယ်အတွင်းရှိ ပီတောင်( ခန်ခတောင်- Point 957) (တစ်နည်းအားဖြင့်) နယ်စပ်မှတ်တိုင် BP 71 အရှေ့တောင်ဖက် (၃.၇) ကီလိုမီတာအကွာအဝေး၌ နာရီဝက်ကျော်တိုက်ပွဲဖြစ်ပွားခဲ့သည်။ပီတောင်ပတ်ဝန်းကျင်၌အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများမှာ ဇူလိုင်(၃၀) ရက်၌လည်းကြိုကြားကြိုကြားရှိခဲ့သည်။ ရန်သူ့ဖက်မှ ထိခိုက်ကျဆုံးသူ(၁၀) ကျော်ရှိခဲ့သည်။

ထို့အတူ ဇူလိုင်လ(၂၉) ရက်၊ ညနေ(၃) နာရီ(၅၅) မိနစ်တွင် မင်းပြားမြို့နယ်၊ တိုင်းဗဟို(၉) အနီးတွင်မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဇူလိုင်လ(၃၀) ရက်၊ နံနက်(၅) နာရီ(၅၅) မိနစ် မှစတင်၍ မြန်မာ့တပ်မတော်သည် မြောက်ဦးမြို့၊ ထမ္မရာဇ်ရွာ၊ အရှေ့မြောက်ဖက်(၁.၄) နှင့်(၂) ကီလိုမီတာအကွာအဝေးရှိ မိမိတို့တပ်ဖွဲ့ဝင်များအား အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ နေ့လယ်(၂) နာရီ (၃၀) မိနစ်တွင် ရဟတ်ယာဉ်(၂) စီးဖြင့် မိနစ်(၂၀) ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

မိမိတို့အနေဖြင့်တိုက်ပွဲများဖြစ်ပွားလိုခြင်းမရှိသော်လည်း မြန်မာ့တပ်မတော်အနေဖြင့် ရည်ရွယ်ချက်ရှိရှိ ထိုးစစ်များကို ရွေးကောက်ပွဲ မတိုင်ခင်ဆက်တိုက်ပြုလုပ်နေသောကြောင့် ယခုကဲ့သို့တိုက်ပွဲများဖြစ်ပွားနေရခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော်သည် ရွေးကောက်ပွဲ နှင့်ပတ်သက်၍ သဘောထားအားညီနောင်မဟာမိတ်များနှင့်အတူ ထုတ်ပြန်ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this