၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၉) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 09-Dec-2019

#Unicode နယ်ချဲ့စစ်ရာဇဝတ်တပ်ဖွဲ့(မြန်မာ့တပ်မတော်) သည် ရခိုင်ဒေသ နှင့်ပလက်ဝဒေသတို့တွင် ကြီးမားသောထိုးစစ်ဆင်တိုက်ခိုက်မှုများကိုပြုလုပ်နေခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထို့အတူမြန်မာ့တပ်မတော်၏မိမိတို့အပေါ်ထိုးစစ်အရှိန်အဟုန်မှာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မြင့်မားနေသောကြောင့် ပွင့်လင်းရာသီအတွင်း၌ ရခိုင်ဒေသ၊ ပလက်ဝဒေသများ၌တိုက်ပွဲများနေ့တိုင်းနီးပါးပြင်းထန်စွာဖြစ်ပွားလျှက်ရှိသည်။ ရက္ခိုင့်တပ်တော်အနေဖြင့် မြန်မာ့တပ်မတော်၏ထိုးစစ်များကို လျော့ကျနိုင်ရန်နှင့် စစ်ရေးလိုအပ်ချက် အရ မြန်မာ့တပ်မတော်၏ ဗျူဟာကုန်းများ၊ တပ်ရင်းဌာနချုပ်များ၊ လက်နက်ကြီးအထိုင်ကုန်းများ၊ လက်နက်ကြီးယာယီစခန်းများကို ရံဖန်ရံခါတန်ပြန်တိုက်ခိုက်လေ့ရှိသည်။ ထို့ကြောင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၉) ရက်နေ့တွင် ပလက်ဝမြို့၊ အရှေ့တောင်ဖက်(၁) ကီလိုမီတာအဝေးရှိ ခမရ(၂၈၉) တပ်ရင်းဌာနချုပ်အား နံနက်(၄) နာရီတွင်လည်းကောင်း၊ ပလက်ဝမြို့၊"နှုန်းဘူးငယ်ရွာ" အရှေ့ဖက်(၁.၃) ကီလိုမီတာအကွာအဝေးရှိ မြန်မာ့တပ်မတော်၏ ဗျူဟာကုန်းတစ်ခုအား နံနက်(၄) နာရီ(၂၅) မိနစ်တွင်လည်းကောင်း လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ခမရ(၂၈၉) အား တစ်နာရီနီးပါးကြာချိန်ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့သည်။ (၆) နာရီနီးပါးကြာမြင့်သော ဗျူဟာကုန်းသိမ်းတိုက်ပွဲတွင်လည်း အထိအခိုက်အနည်းဆုံးဖြင့် အကောင်းဆုံးထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့သည်။ ဤထိုးစစ်များအတွင်းရန်သူ့ဖက်မှ အထိအခိုက်အကျအဆုံးများရှိခဲ့သည်။ နံနက်(၆) နာရီခန့်တွင်လည်း ပလက်ဝမြို့နယ်၊ "ကင်ဝရွာ" အနီး၌ ရန်သူ့စစ်ကြောင်းတစ်ခုအား ထပ်မံ၍ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့သည်။ မျက်မြင်ရန်သူ(၅)ဦးတိတိအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ဒီဇင်ဘာ(၈) ရက်နောက်ဆက်တွဲသတင်းအနေဖြင့် မိမိတို့သိမ်းဆည်းရမိသည်မှာ ကျောက်ဖြူအခြေစိုက်၊ခမရ(၅၄၃) နှင့် ဂွအခြေစိုက်၊ခမရ(၅၆၂) တပ်ရင်းတို့မှ ပစ္စတို(၁) လက်၊ ဆက်သွယ်ရေးစက်(၁) လုံးအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ၊လက်နက်ခဲယမ်းမီးကျောက်များဖြစ်ကြသည်။ (ဓာတ်ပုံ) ယမန်နေ့များ၌တိုက်ပွဲပြင်းထန်နေခဲ့သောရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များ၏တိုက်ပွဲဖြစ်ပွားရာဒေသများ၌ ရင်ဆိုင်တိုက်ပွဲများမရှိသော်လည်းရန်သူသည် အဝေးမှနေ၍လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi နယ္ခ်ဲ႕စစ္ရာဇဝတ္တပ္ဖြဲ႕(ျမန္မာ့တပ္မေတာ္) သည္ ရခိုင္ေဒသ ႏွင့္ပလက္ဝေဒသတို႔တြင္ ႀကီးမားေသာထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကိုျပဳလုပ္ေနခဲ့သည္မွာ တစ္ႏွစ္ေက်ာ္ၾကာျမင့္ခဲ့ၿပီျဖစ္သည္။ ထို႔အတူျမန္မာ့တပ္မေတာ္၏မိမိတို႔အေပၚထိုးစစ္အရွိန္အဟုန္မွာ ရပ္တန္႔ျခင္းမရွိဘဲ ဆက္လက္ျမင့္မားေနေသာေၾကာင့္ ပြင့္လင္းရာသီအတြင္း၌ ရခိုင္ေဒသ၊ ပလက္ဝေဒသမ်ား၌တိုက္ပြဲမ်ားေန႔တိုင္းနီးပါးျပင္းထန္စြာျဖစ္ပြားလွ်က္ရွိသည္။ ရကၡိဳင့္တပ္ေတာ္အေနျဖင့္ ျမန္မာ့တပ္မေတာ္၏ထိုးစစ္မ်ားကို ေလ်ာ့က်ႏိုင္ရန္ႏွင့္ စစ္ေရးလိုအပ္ခ်က္ အရ ျမန္မာ့တပ္မေတာ္၏ ဗ်ဴဟာကုန္းမ်ား၊ တပ္ရင္းဌာနခ်ဳပ္မ်ား၊ လက္နက္ႀကီးအထိုင္ကုန္းမ်ား၊ လက္နက္ႀကီးယာယီစခန္းမ်ားကို ရံဖန္ရံခါတန္ျပန္တိုက္ခိုက္ေလ့ရွိသည္။ ထို႔ေၾကာင့္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ(၉) ရက္ေန႔တြင္ ပလက္ဝၿမိဳ႕၊ အေရွ႕ေတာင္ဖက္(၁) ကီလိုမီတာအေဝးရွိ ခမရ(၂၈၉) တပ္ရင္းဌာနခ်ဳပ္အား နံနက္(၄) နာရီတြင္လည္းေကာင္း၊ ပလက္ဝၿမိဳ႕၊"ႏႈန္းဘူးငယ္ရြာ" အေရွ႕ဖက္(၁.၃) ကီလိုမီတာအကြာအေဝးရွိ ျမန္မာ့တပ္မေတာ္၏ ဗ်ဴဟာကုန္းတစ္ခုအား နံနက္(၄) နာရီ(၂၅) မိနစ္တြင္လည္းေကာင္း လွ်ပ္တျပက္ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။ ခမရ(၂၈၉) အား တစ္နာရီနီးပါးၾကာခ်ိန္ထိေရာက္စြာတိုက္ခိုက္ႏိုင္ခဲ့သည္။ (၆) နာရီနီးပါးၾကာျမင့္ေသာ ဗ်ဴဟာကုန္းသိမ္းတိုက္ပြဲတြင္လည္း အထိအခိုက္အနည္းဆံုးျဖင့္ အေကာင္းဆံုးထိုးစစ္ဆင္တိုက္ခိုက္ႏိုင္ခဲ့သည္။ ဤထိုးစစ္မ်ားအတြင္းရန္သူ႔ဖက္မွ အထိအခိုက္အက်အဆံုးမ်ားရွိခဲ့သည္။ နံနက္(၆) နာရီခန္႔တြင္လည္း ပလက္ဝၿမိဳ႕နယ္၊ "ကင္ဝရြာ" အနီး၌ ရန္သူ႔စစ္ေၾကာင္းတစ္ခုအား ထပ္မံ၍ျဖတ္ေတာက္တိုက္ခိုက္ႏိုင္ခဲ့သည္။ မ်က္ျမင္ရန္သူ(၅)ဦးတိတိအားသုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။ ဒီဇင္ဘာ(၈) ရက္ေနာက္ဆက္တြဲသတင္းအေနျဖင့္ မိမိတို႔သိမ္းဆည္းရမိသည္မွာ ေက်ာက္ျဖဴအေျခစိုက္၊ခမရ(၅၄၃) ႏွင့္ ဂြအေျခစိုက္၊ခမရ(၅၆၂) တပ္ရင္းတို႔မွ ပစၥတို(၁) လက္၊ ဆက္သြယ္ေရးစက္(၁) လံုးအပါအဝင္ စစ္အသံုးအေဆာင္ပစၥည္းမ်ား၊လက္နက္ခဲယမ္းမီးေက်ာက္မ်ားျဖစ္ၾကသည္။ (ဓာတ္ပံု) ယမန္ေန႔မ်ား၌တိုက္ပြဲျပင္းထန္ေနခဲ့ေသာရေသ့ေတာင္၊ ဘူးသီးေတာင္ၿမိဳ႕နယ္မ်ား၏တိုက္ပြဲျဖစ္ပြားရာေဒသမ်ား၌ ရင္ဆိုင္တိုက္ပြဲမ်ားမရွိေသာ္လည္းရန္သူသည္ အေဝးမွေန၍လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ရမ္းသန္းပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this