ငှက်ပျောချောင်းတံတားအား မိုင်းခွဲသည့်လုပ်ရပ်မှာ မြန်မာ့တပ်မတော်သာဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်

blog

Date : 11-Jul-2020

Nyo Twan Awng

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၉) ရက်နေ့စွဲဖြင့် မိမိတို့အဖွဲ့အစည်းအပေါ် စွပ်စွဲချက်နှင့် ပတ်သက်၍ ငြင်းဆိုလိုပြီး ၎င်းတို့သတင်းပါ ငှက်ပျောချောင်းတံတားအား မိုင်းခွဲသည့်လုပ်ရပ်မှာ မြန်မာ့တပ်မတော်သာဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်
 
 ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၀) ရက်
 
 မြန်မာ့တပ်မတော်သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်အား ပြင်းထန်သောထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို တစ်နှစ်ခွဲကျော်ကြာမြင့်သည့်တိုင်အောင်ဆက်လက်ပြုလုပ်လျက်ရှိသည်။
 
 ထို့အတူ မိမိတို့အဖွဲ့အစည်းအား နိုင်ငံရေးအရအကျပ်အတည်းဖြစ်စေရန် နိုင်ငံရေးလုပ်ကြံမှုများကို အောက်တန်းကျစွာဖြင့်နေ့တိုင်းထိုးနှက်တိုက်ခိုက်လျက်ရှိသည်။ မြန်မာအစိုးရမှလည်း အလိုတူအလိုပါပူးပေါင်းကူညီဆောင်ရွက်လျက်ရှိသည်။
 
 အထူးသဖြင့် မြန်မာ့တပ်မတော်၊ မြန်မာအစိုးရပိုင်သတင်းမီဒီယာများ၊ ၎င်းတို့၏ ကျောထောက်နောက်ခံမီဒီယာများသည် မဟုတ်မမှန်သောသတင်းများ၊ လုပ်ကြံဖန်တီးထားသောသတင်းများ ၊ ကိုျးကြောင်းဆီလျော်မှုမရှိသောသတင်းများဖြင့် အမျိုးမျိုးစွပ်စွဲရေးသားပြီး မိမိတို့အဖွဲ့အစည်းအား နိုင်ငံတကာမှအထင်အမြင်လွဲမှားစေရန်၊ ပုံရိပ်ကျဆင်းစေရန် အတွဲညီစွာဖြင့် ဝိုင်းဝန်းတိုက်ခိုက်လျက်ရှိကြသည်။
 
 ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၉) ရက်နေ့တွင်လည်း မြန်မာ့တပ်မတော်သည် " တောင်ပြို- မောင်တောသွားသည့်ကားလမ်းပေါ်ရှိ ဌက်ပျောချောင်းတံတားအား မိမိတို့အဖွဲ့အစည်းမှ မိုင်းထောင်ဖောက်ခွဲခဲ့သည်" ဟု ကျိုးကြောင်းဆီလျော်မှုမရှိသော တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် ၎င်းတို့ပိုင်ဆိုင်သည့် သတင်းမီဒီယာများ၌ရေးသားဖော်ပြထားသည်။
 
 ၎င်းတို့၏တစ်ဖက်သတ်စွပ်စွဲချက်မှာ မိမိတို့အဖွဲ့အစည်း၏လုပ်ရပ်မဟုတ်ကြောင်း”လုံးဝ”ပြတ်သားစွာငြင်းလိုက်သည်။
 
 ဆက်သွယ်ရေးအင်တာနက်လိုင်းများ တစ်နှစ်ကျော်ကြာသည့်တိုင်ဆက်လက်ဖြတ်တောက်ထားပြီး ရခိုင်ဒေသအတွင်း၌ထိုးစစ်များ၊ နယ်မြေရှင်းလင်းရေးပြုလုပ်သည်ဟု အကြောင်းပြပြီး ရခိုင်လူမျိုးများကို လူမျိုးဖြုတ်ရှင်းလင်းလျက်ရှိသည်။ ၎င်းတို့ကျူးလွန်ထားသောပြစ်မှုများကိုဖုံးကွယ်ရန်ကြိုးစားအားထုတ်သည့် အနေဖြင့် အခြားသောအဖွဲ့အစည်းတစ်ခုအား အပြစ်ပုံချရန်ကြိုးစားသည့်လုပ်ရပ်သာဖြစ်သည်။
 
 မြေပြင်သတင်းများအရ မြန်မာ့တပ်မတော်သည် ငှက်ပျောချောင်းတံတားအား ၎င်းတို့ကိုယ်တိုင် မိုင်းထောင်ဖောက်ခွဲခဲ့ပြီး မိမိတို့အဖွဲ့အစည်းအပေါ်အပြစ်ပုံချရန်ကြိုးစားအားထုတ်သော လုပ်လေ့လုပ်ထရှိသောလုပ်ဆောင်ချက်တစ်ခုသာဖြစ်သည်။ မြန်မာ့တပ်မတော်၏ လက်ချက်ဖြစ်ကြောင်း ၎င်းပတ်ဝန်းကျင်အနီးအနားရှိ ရွာသားများ၏ပြောကြားချက်အရသိရှိရသည်။
 
 သတင်းနှင့်ပြန်ကြားရေး
 ရက္ခိုင့်တပ်တော်


Share on social

You may also like this