စစ်ရာဇဝတ်တပ်ဖွဲ့မြန်မာ့တပ်မတော်၏ စွပ်စွဲရေးသားချက်များအား ငြင်းဆိုသည့်ထုတ်ပြန်ကြေညာချက်

blog

Date : 04-Jan-2020

Nyo Twan Awng

#Unicode ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက် လူမျိုးရေးအစွန်းရောက်နယ်ခဲျ့စစ်ရာဇဝတ်တပ်ဖွဲ့၏ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့စွဲဖြင့်ရေးသားဖော်ပြထားသည့်သတင်း ဖြစ်သော"ကျောက်တော်မြို့နယ်အတွင်း AA - - - - -တစ်ဦးဖမ်းဆီးရမိ" တွင် စွပ်စွဲပါရှိသူ အောင်ဆန်းဦး (ဘ) ဦးအောင်ကျော်လှ မှာ သာမန်အရပ်သားတစ်ဦးသာဖြစ်ပြီးမိမိတို့၏ ရဲဘော်မဟုတ် ကြောင်း ငြင်းလိုပါသည်။ အစိုးရစစ်တပ်တစ်ခုမှ ဤကဲ့သို့မဟုတ်မမှန်သည့်သတင်းများကိုရေးသားကာ မိမိတို့အားစွပ်စွဲပြောဆိုနေခြင်း၊ နိုင်ငံရေးအရ ဂုဏ်သိက္ခာကျစေရန်ရေးသားနေခြင်းများမှာ မလိုလားအပ်သော နောက်ဆက်တွဲများကိုဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့်ပြုလုပ်နေခြင်းနှင့်တူသည်။ ထို့အပြင် လူငယ်များအား မတရားသဖြင့်ဖမ်းဆီးနေခြင်းမှာ အမုန်းတရားများကိုမွေးဖွားပေးနေခြင်းနှင့်တူပြီး မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်လာမည်ကို မိမိတို့အနေဖြင့် စိုးရိမ်မိပါသည်။ မြန်မာ့တပ်မတော်သည် စစ်ရာဇဝတ်ခုံရုံးတွင် တရားစွဲခံနေသည့်ကာလအတွင်း၌ပင် ရခိုင်ဒေသ၊ ပလက်ဝဒေသများ၌ အရပ်သားများကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို ဆက်လက်လုပ်ဆောင်နေဆဲပင်ဖြစ်သည်။ မိမိတို့အနေဖြင့်လည်း ပြည်သူလူထုအားမတရားသဖြင့်ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေသော မည်သည့်တပ်ရင်းကိုမဆို လက်တုံ့ပြန်သွားမည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ(၄) ရက္ လူမိ်ဳးေရးအစြန္းေရာက္နယ္ခဲ်႕စစ္ရာဇဝတ္တပ္ဖြဲ႕၏ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ(၄) ရက္ေန႔စြဲျဖင့္ေရးသားေဖာ္ျပထားသည့္သတင္း ျဖစ္ေသာ"ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း AA - - - - -တစ္ဦးဖမ္းဆီးရမိ" တြင္ စြပ္စြဲပါရွိသူ ေအာင္ဆန္းဦး (ဘ) ဦးေအာင္ေက်ာ္လွ မွာ သာမန္အရပ္သားတစ္ဦးသာျဖစ္ၿပီးမိမိတို႔၏ ရဲေဘာ္မဟုတ္ ေၾကာင္း ျငင္းလိုပါသည္။ အစိုးရစစ္တပ္တစ္ခုမွ ဤကဲ့သို႔မဟုတ္မမွန္သည့္သတင္းမ်ားကိုေရးသားကာ မိမိတို႔အားစြပ္စြဲေျပာဆိုေနျခင္း၊ ႏိုင္ငံေရးအရ ဂုဏ္သိကၡာက်ေစရန္ေရးသားေနျခင္းမ်ားမွာ မလိုလားအပ္ေသာ ေနာက္ဆက္တြဲမ်ားကိုျဖစ္ေပၚလာေစရန္ ရည္ရြယ္ခ်က္ရွိရွိျဖင့္ျပဳလုပ္ေနျခင္းႏွင့္တူသည္။ ထို႔အျပင္ လူငယ္မ်ားအား မတရားသျဖင့္ဖမ္းဆီးေနျခင္းမွာ အမုန္းတရားမ်ားကိုေမြးဖြားေပးေနျခင္းႏွင့္တူၿပီး မလိုလားအပ္ေသာ ေနာက္ဆက္တြဲျပႆနာမ်ားျဖစ္ေပၚလာမည္ကို မိမိတို႔အေနျဖင့္ စိုးရိမ္မိပါသည္။ ျမန္မာ့တပ္မေတာ္သည္ စစ္ရာဇဝတ္ခုံ႐ံုးတြင္ တရားစြဲခံေနသည့္ကာလအတြင္း၌ပင္ ရခိုင္ေဒသ၊ ပလက္ဝေဒသမ်ား၌ အရပ္သားမ်ားကို အေၾကာင္းအမိ်ဳးမိ်ဳးျပကာ ဖမ္းဆီးျခင္း၊ သတ္ျဖတ္ျခင္းမ်ားကို ဆက္လက္လုပ္ေဆာင္ေနဆဲပင္ျဖစ္သည္။ မိမိတို႔အေနျဖင့္လည္း ျပည္သူလူထုအားမတရားသျဖင့္ဖမ္းဆီးႏွိပ္စက္သတ္ျဖတ္ေနေသာ မည္သည့္တပ္ရင္းကိုမဆို လက္တံု႔ျပန္သြားမည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this