၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၈) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 09-Dec-2019

Nyo Twan Awng
Nyo Twan Awng
Nyo Twan Awng
Nyo Twan Awng

#Unicode ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်၊နံနက်(၈) နာရီ (၅၀) မိနစ်တွင် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ "ခမောင်းဆိပ်" ရွာ၊ အရှေ့ဖက်(၂) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်၌တိုက်ပွဲဖြစ်ပွားခဲ့သည်။ တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ပထမဦးစွာသတင်းပေးပို့ချက်အရ ရန်သူ့ဖက်မှ မျက်မြင်(၄)ဦးသေဆုံးကြောင်းသိရှိရပြီး ကစဉ့်ကလျားထွက်ပြေးနေသောရန်သူများကိုလိုက်လံချေမှုန်းလျှက်ရှိသည်။ ( တိုက်ပွဲနောက်ဆက်တွဲသတင်းများကိုဆက်လက်တင်ပေးသွားပါမည်) ဒီဇင်ဘာလ(၈)ရက်၊ နံနက်(၉) နာရီ(၁၅) မိနစ်တွင်၊ မြန်မာ့တပ်မတော်၏ စကခ(၅) လက်အောက်ခံ၊ ကျောက်ဖြူအခြေစိုက်၊ ခမရ(၅၄၃) နှင့် ရက္ခိုင့်တပ်တော်တို့သည် ရခိုင်ပြည်၊ မြေပုံမြို့နယ်၊"အင်ကြင်းရွာ" နှင့်" စညှင်းရွာ" အကြားတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲအတွင်း၌လည်း ရန်သူသည် ရဟတ်ယာဉ်(၂) စီးကိုအသုံးပြုကာတိုက်ခိုက်ခဲ့ပြီး ရန်သူ့ဖက်မှအထိအခိုက်အကျအဆုံးရှိခဲ့သောတိုက်ပွဲဖြစ်သည်။ ခမရ(၅၄၃) ထံမှ ခြင်းတောင်း(၁၀) တောင်းအပါအဝင် လက်နက်ခဲယမ်းအချို့ကိုသိမ်းဆည်းရမိခဲ့သည်။ မိမိတို့ဖက်မှလည်း အာရက္ခစစ်သည်တော်(၂) ဦးတိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။ ဒီဇင်ဘာလ(၈) ရက်၊ နေ့လည်(၃) နာရီခန့်အချိန်တွင်လည်း ပလက်ဝမြို့နယ်၊ ချင်းဒေါက်၊ ကုန်တော်ရွာ အနောက်ဖက်တောင်ကြော၌လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည်မိမိတို့ရှိရာနေရာသို့ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ မိနစ်အနည်းငယ်ကြာပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီးနောက်ရန်သူသည်နောက်ဆုတ်သွားပြီး "နှုန်းဘူး" နှင့် နောက်ဆုတ်သွားသည့်နေရာမှလက်နက်ကြီးများဖြင့်သာပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ရန်သူ့ဖက်မှ မျက်မြင်ကျဆုံးသူ(၂) ဦး နှင့် ထိခိုက်ဒဏ်ရာရသူ(၁) ဦးရှိခဲ့သည်။ ၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလ(၈) ရက်တစ်ရက်တာအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲ(၃) နေရာ၌ စစ်ရာဇဝတ်နယ်ချဲ့တပ်ဖွဲ့ဝင်(၁၀)ဦးအထက်အားရက္ခိုင့်တပ်တော်မှ သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ တိုက်ပွဲများအတွင်း ရဲဝံ့ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ တိုက်ပွဲနောက်ဆက်တွဲသတင်းများရှိပါက ထပ်မံ၍တင်ပေးသွားပါမည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ(၈)ရက္၊နံနက္(၈) နာရီ (၅၀) မိနစ္တြင္ ရခိုင္ျပည္၊ ေျမာက္ဦးၿမိဳ႕နယ္၊ "ခေမာင္းဆိပ္" ရြာ၊ အေရွ႕ဖက္(၂) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းေပၚ၌တိုက္ပြဲျဖစ္ပြားခဲ့သည္။ တစ္နာရီေက်ာ္ၾကာ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ပထမဦးစြာသတင္းေပးပို႔ခ်က္အရ ရန္သူ႔ဖက္မွ မ်က္ျမင္(၄)ဦးေသဆံုးေၾကာင္းသိရွိရၿပီး ကစဥ့္ကလ်ားထြက္ေျပးေနေသာရန္သူမ်ားကိုလိုက္လံေခ်မႈန္းလွ်က္ရွိသည္။ ( တိုက္ပြဲေနာက္ဆက္တြဲသတင္းမ်ားကိုဆက္လက္တင္ေပးသြားပါမည္) ဒီဇင္ဘာလ(၈)ရက္၊ နံနက္(၉) နာရီ(၁၅) မိနစ္တြင္၊ ျမန္မာ့တပ္မေတာ္၏ စကခ(၅) လက္ေအာက္ခံ၊ ေက်ာက္ျဖဴအေျခစိုက္၊ ခမရ(၅၄၃) ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔သည္ ရခိုင္ျပည္၊ ေျမပံုၿမိဳ႕နယ္၊"အင္ၾကင္းရြာ" ႏွင့္" စညႇင္းရြာ" အၾကားတြင္ ရင္ဆိုင္တိုက္ပြဲျဖစ္ပြားခဲ့သည္။ ဤတိုက္ပြဲအတြင္း၌လည္း ရန္သူသည္ ရဟတ္ယာဥ္(၂) စီးကိုအသံုးျပဳကာတိုက္ခိုက္ခဲ့ၿပီး ရန္သူ႔ဖက္မွအထိအခိုက္အက်အဆံုးရွိခဲ့ေသာတိုက္ပြဲျဖစ္သည္။ ခမရ(၅၄၃) ထံမွ ျခင္းေတာင္း(၁၀) ေတာင္းအပါအဝင္ လက္နက္ခဲယမ္းအခ်ိဳ႕ကိုသိမ္းဆည္းရမိခဲ့သည္။ မိမိတို႔ဖက္မွလည္း အာရကၡစစ္သည္ေတာ္(၂) ဦးတိုင္းျပည္ႏွင့္လူမ်ိဳးအတြက္အသက္ေပးဆပ္စြန္႔လႊတ္ခဲ့ရသည္။ ဒီဇင္ဘာလ(၈) ရက္၊ ေန႔လည္(၃) နာရီခန္႔အခ်ိန္တြင္လည္း ပလက္ဝၿမိဳ႕နယ္၊ ခ်င္းေဒါက္၊ ကုန္ေတာ္ရြာ အေနာက္ဖက္ေတာင္ေၾကာ၌လည္း တိုက္ပြဲျဖစ္ပြားခဲ့သည္။ ရန္သူသည္မိမိတို႔ရွိရာေနရာသို႔ဝင္ေရာက္လာေသာေၾကာင့္ တိုက္ပြဲျဖစ္ပြားခဲ့သည္။ မိနစ္အနည္းငယ္ၾကာပစ္ခတ္တိုက္ခိုက္ခဲ့ၾကၿပီးေနာက္ရန္သူသည္ေနာက္ဆုတ္သြားၿပီး "ႏႈန္းဘူး" ႏွင့္ ေနာက္ဆုတ္သြားသည့္ေနရာမွလက္နက္ႀကီးမ်ားျဖင့္သာပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ ရန္သူ႔ဖက္မွ မ်က္ျမင္က်ဆံုးသူ(၂) ဦး ႏွင့္ ထိခိုက္ဒဏ္ရာရသူ(၁) ဦးရွိခဲ့သည္။ ၂၀၁၉ ခုႏွစ္၊ဒီဇင္ဘာလ(၈) ရက္တစ္ရက္တာအတြင္းျဖစ္ပြားခဲ့ေသာတိုက္ပြဲ(၃) ေနရာ၌ စစ္ရာဇဝတ္နယ္ခ်ဲ႕တပ္ဖြဲ႕ဝင္(၁၀)ဦးအထက္အားရကၡိဳင့္တပ္ေတာ္မွ သုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။ တိုက္ပြဲမ်ားအတြင္း ရဲဝ့ံေျပာင္ေျမာက္စြာတိုက္ပြဲဝင္ခဲ့ေသာ အာရကၡစစ္သည္ေတာ္မ်ားကို မွတ္တမ္းတင္ဂုဏ္ျပဳအပ္ပါသည္။ တိုက္ပြဲေနာက္ဆက္တြဲသတင္းမ်ားရွိပါက ထပ္မံ၍တင္ေပးသြားပါမည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this