ဘက်စုံတော်လှန်ရီး (သို့မဟုတ်) အာရက္ခနိုင်ငံတော် တည်ဆောက်ခြင်း အနုပညာ အပိုင်း(၅) (နိဂုံး)

article

Date : 24-Mar-2022

Nyo Twan Awng

ဘက်စုံတော်လှန်ရီး (သို့မဟုတ်) အာရက္ခနိုင်ငံတော် တည်ဆောက်ခြင်း အနုပညာ

အပိုင်း(၅) (နိဂုံး)

(ရခိုင်လူမျိုး Dr.ညိုထွန်းအောင် ရွီးသားသည်)

၂၀၂၂ ခုနှစ်၊ မာ့ချ်လ (၂၄) ရက်၊ ကြာသပတီးနိ

ရက္ခိုင်တမျိုးသားလုံးပါဝင်သော လက်နက်ကိုင်တော်လှန်ရီးကသာလျှင် ရက္ခိုင့်အချုပ်အချာအာဏာကို ပြန်လည်ရယူနိုင်ပြီး အာရက္ခနိုင်ငံတော်ကို တည်ဆောက်နိုင်မည်။ နိုင်ငံတနိုင်ငံကိုလိုချင်ပါက ထိုနိုင်ငံနန့်ထိုက်တန်သော ပီးဆပ်မှုများကို ပီးဆပ်ရန်လိုအပ်သည်။ အပြောင်းအလဲကို လိုလားသူတိုင်း အမျိုးသားတော်လှန်ရီးကို ဆင်နွှဲကတ်ရမည်။ စိတ်ကူးနန့် တော်လှန်နီခြင်းထက် လက်တွိကျသောအလုပ်ဖြင့် တော်လှန်ရီးထဲတွင် ပါဝင်ရန်လိုအပ်မည်။ တော်လှန်ရီးသမားများအတွက် တော်လှန်ရီးသည် နီရာတိုင်းတွင်ဟိသည်။ လက်နက်ကိုင်တိုက်ပွဲဝင်မှ တော်လှန်ရီးကို ဆင်နွှဲနီခြင်းမဟုတ်။ ဘက်စုံတော်လှန်ရီးကို တဒေါင့်တနီရာမှ အကျိုးပြုအထောက်အကူပြုနီပါက တော်လှန်ရီးအတွက် အကျိုးဟိခြင်းပင် ဖြစ်သည်။ နောက်ဆုံးအနီနန့် တော်လှန်ရီးကို အကျိုးမပြုသည့်တိုင်အောင် အကျိုးယုတ်သည့်သူများဖြစ်မလားရန် သာလိုသည်။

မိသားစုတစုသည် တိုင်းပြည်တပြည်၏ အငယ်ဆုံးသော အစိတ်အပိုင်းဖြစ်တေပိုင် တိုင်းပြည်တည်ဆောက်ရီးကာလတွင် အရေးကြီးသောအစိတ်အပိုင်းမှ တည်ဟိနီရာယူလျက်ဟိသည်။ ထိုမိသားစုများသည် အမျိုးသားရန်ပုံငွေထည့်ဝင်ခြင်း၊ အခွန်ထမ်းဆောင်ခြင်းသည် အာရက္ခတိုင်းပြည်မှ အနာဂတ်မျိုးဆက်များအတွက် ရင်းနှီးမြှုပ်နှံနီခြင်းပင်ဖြစ်သည်။ အစဦးတွင် ရက္ခိုင့်တပ်တော် တည်ဆောက်ရီးအတွက် အမျိုးသားရန်ပုံငွေ ထည့်ဝင်ကတ်ခြင်းဖြစ်ပြီး အဂုအချိန်တွင် အမျိုးသားရန်ပုံငွေနန့် အခွန်ထမ်းဆောင်နီခြင်းသည် ရက္ခိုင့်တပ်တော် တည်တံ့အောင် ထည့်ဝင်နီခြင်းအဖြစ် သက်ရောက်စီသည်။ တနည်း အာရက္ခတိုင်းပြည်တည်ဆောက်ရီးတွင် တဖက်တလမ်းက ပါဝင်နီခြင်းဖြစ်သည်။ တော်လှန်ရီးအစမှ ဒေနိအထိ အမျိုးသားရန်ပုံငွေများကို တစိုက်မတ်မတ် ထည့်ဝင်ပီးနီသူများကို လေးလေးနက်နက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

 

မိမိရို့သည် ရက္ခိုင့်တပ်တော်ကို အင်အားကောင်းအောင်တည်ဆောက်ပြီးနောက် တပြိုင်နက်တည်းတွင် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်၊ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့၊ ဒေသပါတီအစိုးရအဖွဲ့များကို ဆက်တိုက်တိုးချဲ့ဖွဲ့စည်းသည့် လုပ်ငန်းများကို အထူးအလေးထား ဂရုပြု၍လုပ်ဆောင်လျက်ဟိသည်။ ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ထမ်းဆောင်ယင်း ရက္ခိုင့်တရားစီရင်ရီးမဏ္ဍိုင်တည့်မတ်လာစီရန်၊ အာရက္ခသားတိုင်း တရားမျှတမှုရဟိစီရန် “တရားမျှတ ပြည်အာရက္ခ” ဆောင်ပုဒ်နန့်အညီ ကြိုးစားဆောင်ရွက်လျက်ဟိသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနီနန့်လည်း ရက္ခိုင့်တရားစီရင်ရီး တည့်မတ်လာရီး၊ လာဘ်ပီးလာဘ်ယူကင်းယှင်းရီး စသည်ရို့ကို တဆင့်ချင်းတဆင့်ချင်း ဆောင်ရွက်လျက်ဟိသည်။ လိုအပ်ချက်၊ အားနည်းချက်များကို နည်းနိုင်သမျှ နည်းအောင်လုပ်ယင်း ကဏ္ဍတိုင်းတွင် ပုံမှန်အနီအထားနန့် တည့်မတ်မှုဟိအောင် မိမိရို့တွင်ဟိသော လူ့အရင်းအမြစ်များဖြင့် အကောင်းဆုံး ကြိုးစားလျက်ဟိသည်။ ယေကေလေ့ လူ့အရင်းအမြစ်လိုအပ်ချက်များနန့် တာဝန်ထမ်းဆောင်သူများ၏ အရည်အချင်း ပိုင်းဆိုင်ရာ လိုအပ်ချက်များအရ အားမလိုအားမရ ဖြစ်နီသည်များကို မိမိရို့အနီနန့် အစွမ်းကုန်ကြိုးစား ဖြေယှင်းလျက် ဟိပါသည်။

 

လက်ဟိသီဆိုနီကတ်သော အာရက္ခနိုင်ငံတော်တေးခြင်းသည်ပင်လျှင် ပြီးပြည့်စုံသိမ့်သောတေးခြင်းတပုဒ် မဟုတ်သိမ့် သောကြောင့် ဂီတအနုပညာသျှင်များအနီနန့် နောက်ထပ်သော အာရက္ခနိုင်ငံတော်တေးခြင်း အသစ်များ၊ တိုင်းပြည် တည်ဆောက်ရီးတွင် အားမာန်ဟိသောတေးခြင်းများကို ရွီးသားကတ်ရန် တိုက်တွန်းလိုက်ပါသည်။ ဂီတသမားများအနီနန့် ဂီတတော်လှန်ရီးကိုဆင်နွှဲယင်း အမျိုးသားတော်လှန်ရီးထဲတွင် တဒေါင့်တနီရာကပါဝင်ရန် လိုအပ်လျက်ဟိနီပါသည်။

စာပီသမားများအနီနန့်လည်း ရက္ခိုင်စာပီတရပ်ပေါ်ထွန်းလာရီး၊ တည်ငြိမ်ရက္ခိုင်စာအရွီးအသားဖြစ်ပေါ်လာရီး၊ ရက္ခိုင်စာပီဖွံ့ဖြိုး တိုးတက်လာရီး၊ ရက္ခိုင်သတ်ပုံကျမ်းဖြစ်ပေါ်လာရီးရို့အတွက် စာပီတော်လှန်ရီးတရပ်ကို ဆင်နွှဲရန် လိုအပ်လျက်ဟိနီပါသည်။ အနုပညာဆီးပေါင်းခသော စာပီသမားများ ရသစာပီဉာဏ်ကွန့်မြူးပြီး ဘက်စုံတော်လှန်ရီးကို အထောက်အကူပြုစီသောစာပီများ ထွက်ပေါ်လာရန်ကြိုးပမ်းကတ်ရမည်။

ရက္ခိတလမ်းစဉ်ကိုအထောက်အကူပြုသော၊ ရက္ခိုင့်အနာဂတ်တည်တံ့ရီးကို အာမခံချက်ပီးနီုင်မည့် လူတော်လူချွန်များ မွီးထုတ်ပီးနိုင်သော ပညာရီးစနစ်ကို အကောင်အထည်ဖော်နိုင်မှသာ အနာဂတ်တိုင်းပြည်တည်တံ့ရီးကို အာမခံချက် ပီးနိုင်မည်။ ထို့ကြောင့် ပညာရီးနယ်ပယ်ကို တာဝန်ယူကတ်မည့် ပညာရီးဝန်ထမ်းသူရဲကောင်းများကိုလည်း အာရက္ခ တိုင်းပြည်တည်ဆောက်ရီးတွင် မဟိမဖြစ်လိုအပ်လျက်ဟိနီပါသည်။

ပညာရီးနယ်ပယ်၌ တော်လှန်ရီးတရပ်ကိုဆင်နွှဲကတ်မည့် ဦးစီးဦးဆောင် ပညာရီးဝန်ထမ်းများအား ရက္ခိုင်ပြည်သူ့ အစိုးရမှ တာဝန်များကိုအပ်နှင်းရန် အသင့်စောင့်မျှော်လျက်ဟိနီပါသည်။ အာရက္ခနိုင်ငံတော်ကို လက်ဆင့်ကမ်းယူမည့် အနာဂတ် မျိုးဆက်သစ်များကို မွီးထုတ်ပီးနိုင်မည့် ပညာပြည့်ဝ အရည်အချင်းဟိသော ပညာရီးဝန်ထမ်း များစွာလိုအပ်လျက် ဟိနီပါသည်။ ရက္ခိုင့်ပညာရီးအပါအဝင် ဆောက်လုပ်ရီး၊ ကျန်းမားရီး၊ စိုက်ပျိုးရီး၊ မွီးမြူရီး၊ သတင်းမီဒီယာကဏ္ဍစုံ၊ နယ်ပယ်စုံ၊ ဌာနစုံတွင် ကိုယ်တိုင်ကိုယ်ကျ လူကိုယ်တိုင်လာရောက်၍ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါသည်။ တပြိုင်နက်တည်းတွင် ကမ္ဘာအရပ်ရပ်သို့ ပြန့်ကြင်းရောက်ဟိနီကတ်သော ရက္ခိုင်မိသားစုများကိုလည်း မိမိရို့၏ သား၊ သမီးများကို ထူးချွန် ထက်မြက်သော အသိပညာသျှင်၊ အတတ်ပညာသျှင်များဖြစ်အောင် ပြုစုပျိုးထောင်ပီးကတ်ရန် တိုက်တွန်းလိုက်ပါသည်။

 

ကမ္ဘာကြီးနန့် လိုက်လျောညီထွေစွာ နီထိုင်နိုင်ရီးအပြင် အဖက်ဖက်တွင် သူတပါး၏ အမှီအခိုကင်းကင်း ရပ်တည် နိုင်ရီးအတွက် သိပ္ပံနန့် နည်းပညာသျှင်များ၏အခန်းကဏ္ဍသည် အဓိကကျသောကြောင့် လူငယ်များအနီနန့် သိပ္ပံနန့် နည်းပညာပိုင်းတွင် ထူးချွန်ထက်မြက်အောင် ကြိုးစားရန်လိုအပ်ပါသည်။ အာရက္ခနိုင်ငံတော် တည်ဆောက်ရီးအတွက် အရည်အချင်းဟိသော လူ့အရင်းအမြစ်များကို ဘက်ပေါင်းစုံမှ လိုအပ်လျက်ဟိနီပါသည်။ အထူးသဖြင့် ဘက်စုံတော်လှန်ရီး၏ လိုအပ်ချက်ကွက်လပ်များကို အံဝင်ဂွင်ကျ ဖြည့်ဆည်းပီးနိုင်ကတ်မည့်သူများကို ပို၍လိုအပ်နီပါသည်။

စစ်ဖက်ဆိုင်ရာတည်ဆောက်ရီး၊ အာရက္ခဒေသနီ ပြည်သူလူထု အချင်းချင်းအကြား စည်းလုံးညီညွတ်ရီး တည်ဆောက်ရီး၊ တမျိုးသားလုံး စိတ်ဓာတ်ပိုင်းရီးရာတည်ဆောက်ရီး အစဟိသဖြင့် ဘက်ပေါင်းစုံတည်ဆောက်ရီးရို့ကို ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်မှ ဆယ်စုနှစ်ချီ၍ ကြိုးပမ်းတည်ဆောက်ခရသည်။ ဆက်လက်၍လည်း တည်ဆောက်နီရဆဲ ဖြစ်သည်။ ထို့အတူ တည်ဆောက်ပြီးသားအရာများကို မပျက်ယွင်းရအောင် ဆက်လက်ထိန်းသိမ်းယင်း အန္တိမရည်မှန်းချက် တပြည့်အထိ တည်ဆောက်နီပါသည်။

အာရက္ခပြည်သူတရပ်လုံး၏ အမျိုးသားသွီးစည်းညီညွတ်မှုသည် တရက်ထက်တရက် ပိုမိုခိုင်မြဲလာရမည်။ ထို့အပြင် ရက္ခိုင်ဟုခံယူထားသောသူများသည် ဘက်စုံတော်လှန်ရီးထဲတွင် ပုံစံတမျိုးမျိုးဖြင့် ပါဝင်ပြီးသားဖြစ်နီရမည်။ လောလော ဆယ်၌ ပါဝင်ရန် အဆင်သင့် မဖြစ်သိမ့်သောသူများအနီနန့်လည်း ၂၀၂၂ နှစ် မကုန်မီ တနီနီရာ၌ပါဝင်နိုင်အောင် ကြိုးစားကတ် ရန်နန့် အာရက္ခနိုင်ငံတော်တည်ဆောက်ရီး၌ အမြန်ဆုံးပါဝင်လာကတ်ရန် ဖိတ်ခေါ်လိုက်ပါသည်။

ဘက်စုံတော်လှန်ရီးကို အတူတူဆင်နွှဲယင်း အာရက္ခနိုင်ငံတော်ကို အတူတူတည်ဆောက်ကတ်ပါမေ။

ရခိုင်လူမျိုး Dr. ညိုထွန်းအောင်

၂၀၂၂ ခုနှစ်၊ မာ့ချ်လ (၂၄) ရက်၊ ကြာသပတီးနိ မိုးထ (၈) နာရီခွဲတွင် ရွီးသားပြီးစီးသည်။ ဖတ်ပီးရေလူတိုင်းကို ကျေးဇူးပါ။


Share on social

You may also like this