၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၃/၁၄) ရက်၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 15-Nov-2019

Nyo Twan Awng

#Unicode ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၃) ရက်၊ နေ့လည်(၁၂) နာရီ(၁၂) မိနစ်အချိန်တွင် ကျောက်တော်မြို့နယ်၊"သရက်တပင်ရွာတံတား"အနီးတွင် စကခ(၉) လက်အောက်ခံ၊ ကျောက်တော်အခြေစိုက်၊ခမရ(၃၇၄) နှင့် ရက္ခိုင့်တပ်တော်တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲအတွင်း ခမရ(၃၇၄) တပ်ရင်းမှူးအပါအဝင်(၅) ဦးသေဆုံးခဲ့ပြီးဒဏ်ရာရသူအချို့ရှိခဲ့သည်။ နိုဝင်ဘာလ(၁၃) ရက်၊ နေ့လည်(၂) နာရီအချိန်ခန့်တွင်လည်း အမ်းမြို့နယ်၊"မဲတောင်ခြေရင်းရွာ" နှင့်" ကျောက်စကွဲရွာ" အကြားတွင် ရန်ကုန်-စစ်တွေကားလမ်းမ၊(အမ်း-ကဇူးကိုင်းလမ်းမ)ပေါ်၌ မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးကိုအထောက်အကူပြုနေသော စစ်ကား(၃) စီးပါစစ်ယာဉ်တန်းအား ရက္ခိုင့်တပ်တော်မှ ဖြတ်တောက်တိုက်ခိုက်သကဲ့သို့ နိုဝင်ဘာလ(၁၄) ရက်၊နေ့လည်(၃) နာရီ(၁၆) မိနစ်တွင်လည်း အဆိုပါစစ်ယာဉ်တန်းအား မြေပုံမြို့နယ်၊ "စညှင်းရွာ" နှင့် " လေသွန်ရွာ" အကြား၊ (ကဇူးကိုင်း-မြေပုံကားလမ်းမ) ထက်တွင်ထပ်မံတိုက်ခိုက်ခဲ့သည်။ ယခုတိုက်ခိုက်မှုအတွင်းရန်သူ့ဖက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၄) ရက်၊ နံနက်(၂) နာရီ(၄၅) မိနစ်ခန့်တွင်လည်း၊ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနောက်ဖက်၊ "ဝင်စွန်းတောင် ထက်"တွင်ညတိုက်ပွဲဖြစ်ပွားခဲ့သည်။ နှစ်နာရီခန့်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများနှင့်အတူ ရန်သူသည် ရသေ့တောင်၊အခြေစိုက်၊ခမရ(၅၃၆)/(၅၃၈) နှင့် ကန်ဇောက်၊အမြောက်တပ်(၃၇၇)တို့မှနေ၍ လက်နက်ကြီးပစ်ကူများကိုတပြိုင်နက်တည်းပစ်၍တိုက်ခိုက်ခဲ့သည်။ ရန်သူသည်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်နေမှုများကို တစ်နေ့လုံးတောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ(၁၃) ရက္၊ ေန႔လည္(၁၂) နာရီ(၁၂) မိနစ္အခ်ိန္တြင္ ေက်ာက္ေတာ္ၿမိဳ႕နယ္၊"သရက္တပင္ရြာတံတား"အနီးတြင္ စကခ(၉) လက္ေအာက္ခံ၊ ေက်ာက္ေတာ္အေျခစိုက္၊ခမရ(၃၇၄) ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔တိုက္ပြဲျဖစ္ပြားခဲ့သည္။ ဤတိုက္ပြဲအတြင္း ခမရ(၃၇၄) တပ္ရင္းမႉးအပါအဝင္(၅) ဦးေသဆံုးခဲ့ၿပီးဒဏ္ရာရသူအခ်ိဳ႕ရွိခဲ့သည္။ ႏိုဝင္ဘာလ(၁၃) ရက္၊ ေန႔လည္(၂) နာရီအခ်ိန္ခန္႔တြင္လည္း အမ္းၿမိဳ႕နယ္၊"မဲေတာင္ေျခရင္းရြာ" ႏွင့္" ေက်ာက္စကြဲရြာ" အၾကားတြင္ ရန္ကုန္-စစ္ေတြကားလမ္းမ၊(အမ္း-ကဇူးကိုင္းလမ္းမ)ေပၚ၌ ျမန္မာ့တပ္မေတာ္၏ စစ္ဆင္ေရးကိုအေထာက္အကူျပဳေနေသာ စစ္ကား(၃) စီးပါစစ္ယာဥ္တန္းအား ရကၡိဳင့္တပ္ေတာ္မွ ျဖတ္ေတာက္တိုက္ခိုက္သကဲ့သို႔ ႏိုဝင္ဘာလ(၁၄) ရက္၊ေန႔လည္(၃) နာရီ(၁၆) မိနစ္တြင္လည္း အဆိုပါစစ္ယာဥ္တန္းအား ေျမပံုၿမိဳ႕နယ္၊ "စညႇင္းရြာ" ႏွင့္ " ေလသြန္ရြာ" အၾကား၊ (ကဇူးကိုင္း-ေျမပံုကားလမ္းမ) ထက္တြင္ထပ္မံတိုက္ခိုက္ခဲ့သည္။ ယခုတိုက္ခိုက္မႈအတြင္းရန္သူ႔ဖက္မွ ထိခိုက္က်ဆံုးမႈမ်ားရွိခဲ့သည္။ ၂၀၁၉ ခုႏွစ္၊ နိုဝင္ဘာလ(၁၄) ရက္၊ နံနက္(၂) နာရီ(၄၅) မိနစ္ခန္႔တြင္လည္း၊ေက်ာက္ေတာ္ၿမိဳ႕နယ္၊ အေပါက္ဝရြာအေနာက္ဖက္၊ "ဝင္စြန္းေတာင္ ထက္"တြင္ညတိုက္ပြဲျဖစ္ပြားခဲ့သည္။ ႏွစ္နာရီခန္႔အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ားႏွင့္အတူ ရန္သူသည္ ရေသ့ေတာင္၊အေျခစိုက္၊ခမရ(၅၃၆)/(၅၃၈) ႏွင့္ ကန္ေဇာက္၊အေျမာက္တပ္(၃၇၇)တို႔မွေန၍ လက္နက္ႀကီးပစ္ကူမ်ားကိုတၿပိဳင္နက္တည္းပစ္၍တိုက္ခိုက္ခဲ့သည္။ ရန္သူသည္လက္နက္ႀကီးပစ္ခတ္တိုက္ခိုက္ေနမႈမ်ားကို တစ္ေန႔လံုးေတာက္ေလွ်ာက္ပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this