၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၂၉/၃၀)ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 31-Dec-2019

Nyo Twan Awng

စစ်ရာဇဝတ်လူမိုျးရေးအစွန်းရောက် မြန်မာ့တပ်မတော်သည် ဒီဇင်ဘာလ(၂၉) နေ့တွင်လည်း ဘူးသီးတောင်မြို့နယ်၊ "အုပ်တောင်ရွာ"အနောက်တောင်တန်း၊"ပွိုင့် ၄၂၈ တောင်ကုန်း"အားလက်နက်ကြီးများဖြင့် သာမက အတွဲလိုက်ဒုံးများ၊ ဂျက်တိုက်လေယာဉ်(၂) စီးဖြင့် နံနက်ပိုင်းမှစတင်ပြီးမရပ်မနားဆက်တိုက်လာရောက်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ထို့နောက် မြန်မာ့တပ်မတော်သည် မိမိတို့အားမြေပြင်မှ ထိုးစစ်ကိုပြုလုပ်ခဲ့သည်။ ရန်သူသည် ဒီဇင်ဘာလ(၂၂) ရက်မှစတင်ပြီးဤနေရာအားထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် ယနေ့ ဒီဇင်ဘာလ(၂၉) ရက်ဆိုလျှင်(၇) ရက်မြောက်တိုင်ခဲ့ပြီဖြစ်သည်။ ဒီဇင်ဘာလ(၃၀) ရက်နေ့တွင်လည်းအလားတူထိုးစစ်အားထပ်မံပြုလုပ်နေခဲ့သည်။ မိမိတို့အနေဖြင့် ရန်သူ၏ မြေပြင်၊ဝေဟင်ထိုးစစ်အား အကောင်းဆုံးခုခံကာကွယ်လျှက်ရှိသည်။ မြေပုံမြို့နယ်အတွင်း၌လည်း တိုက်ပွဲဖြစ်ပွားရာနေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသောနေရာများသို့ပါ မြန်မာ့တပ်မတော်မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ထို့ကြောင့်ရွာသူရွာသားများမှာ ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲမြန်မာ့တပ်မတော်၏ လက်နက်ကြီးဒဏ်မှလွတ်ကင်းစေရန် မိမိတို့ပိုင်ဆိုင်သောနေအိမ်များကိုစွန့်ခွာကာတိမ်းရှောင်နေကြရသည်။ ဒီဇင်ဘာလ(၃၀) ရက်နေ့တွင်လည်း ရန်သူသည် လက်နက်ကြီးများကိုအဓိကထားပြီး ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊မင်းပြားမြို့ပတ်ဝန်းကျင်များ၌ သတ္တိကြောင်စွာရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ထို့သို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် နံနက်(၈) နာရီခန့်တွင်မင်းပြားမြို့နယ်၊"ဖားပြိုရွာ" အတွင်းရှိလူနေအိမ်များကိုထိမှန်ပျက်စီးခဲ့သည်။ ရန်သူသည် ရဟတ်ယာဉ်များဖြင့်လက်နက်ခဲယမ်းများကိုထပ်မံဖြည့်တင်းခြင်း၊ ဒဏ်ရာရသူများကိုရွှေ့ပြောင်းခြင်းများကို ယနေ့တစ်နေ့လုံးတောက်လျှောက်ပြုလုပ်နေခဲ့သည်။ ထိုသို့ဝေဟင်တွင်ဝဲပံျခဲ့သော်လည်း ပစ်ခတ်တိုက်ခိုက်မှုမရှိခဲ့ချေ။ နံနက်(၉) နာရီ(၄၀) မိနစ်အချိန်တွင် နယ်စပ်မှတ်တိုင်(၇၁)/ BP 71 ၏ အနောက်မြောက်ဘက် (၁.၂) ကီလိုမီတာအကွာအဝေးရှိပွိုင့် ၈၂၅ Point-825 ကုန်းတွင်ဖြစ်ပွားခဲ့သော မိနစ်(၂၀) ကြာနှစ်ဖက်ရင်ဆိုင်တိုက်ပွဲအတွင်း ရန်သူ(၄) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ဒီဇင်ဘာလ(၃၀) ရက်၊ ညနေ(၇) နာရီ(၃၀) မိနစ်မှ ညနေ(၇) နာရီ(၄၀) မိနစ်အထိ ဆယ်မိနစ်ကြာ တစ်ပြိုင်နက်တည်းလက်နက်ကြီး/လက်နက်ငယ်များဖြင့်ရမ်းသန်းပစ်ခတ်မှုများကို မြန်မာ့တပ်မတော် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့သည် ကျောက်တော်မြို့ ၏ အထက(၂)၊ရွှေကျောင်း၊ရဲစခန်း စသည့်နေရာ(၃) နေရာမှ ပစ်ခတ်ခဲ့ကြပြီး ၎င်းတို့၏ကြောက်ရွံစိတ်များကိုဖြေဖျောက်ရန် ကြိုးစားနေကြသည်ဟုသုံးသပ်ရသည်။ထို့ကြောင့် ပြည်သူများမှာစစ်ရာဇဝတ်တပ်ဖွဲ့မြန်မာ့တပ်မတော်၏မိုက်ရူးရဲစွာဖြင့်ထင်ရာစိုင်းပြုလုပ်လာမည်ကိုစိုးရိမ်စိတ်ဝင်လျှက်ရှိကြသည်။ ဒီဇင်ဘာလ(၃၀) ရက်၊ ည(၈) နာရီ(၅၀) မိနစ်တွင်လည်း မြန်မာ့တပ်မတော်သည် ရသေ့တောင်မြို့ပတ်ဝန်းကျင် နှင့် သောင်းဒရားရွာအတွင်းလက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယနေ့တိုက်ပွဲများအတွင်းမိမိတို့ဖက်မှအာရက္ခစစ်သည်တော်တစ်ဦး တိုင်းပြည်နှင့်လူမိုျးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။ ခရစ်စမတ်ကာလအတွင်း သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သောအာရက္ခစစ်သည်တော်များအားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်


Share on social

You may also like this