ပင်လယ်ကမ်းခြီ၊ ပလတ်စတစ်နန့် အမှိုက်စွန့်ပစ်ခြင်းအနုပညာ (အပိုင်း-၁/၄)

article

Date : 01-Oct-2019

Nyo Twan Awng

(၁)မှိုင်းပြပြတောင်တန်း၊ စိမ်းမြမြအုန်းပင်အုပ်၊ပင်လယ်ပြာပြာ နန့် ဖြူလွလွသဲသောင်ကမ်းခြီများကို ပိုင်ဆိုင်ခွင့် ရဟိထားသော ကမ္ဘာပေါ်မှလူမျိုးများထဲတွင် ရခိုင်လူမျိုးများသည်လည်းပါဝင်သည်။ သဘာဝအလှတရားများကို ဖေသာတစ်ပြားတစ်ချပ်မျှပီးစရာမလိုဘဲ အားလပ်သောအချိန်တိုင်းတွင် ခံစားခွင့်ရနိုင်သော မွီးရာပါအခွင့်အရီး Birthright များကိုလည်း ရခိုင်လူမျိုးများပိုင်ဆိုင်ခွင့်ရဟိထားကတ်သည်။ ထိုအခွင့်အရီးသည်ပင်လျှင်ကမ်းခြီ ပိုင်လူမျိုးတစ်မျိုး၏မွီးရာပါသဘာဝအလှတရားနန့်သယံဇာတအလှတရားများပင်ဖြစ်သည်။ (၂)အပူအအီးမျှတခြင်းဆိုသည်မှာ ကမ်းခြီနားတွင်နီထိုင်သောလူမျိုးတစ်မျိုးအတွက် မွီးရာပါဂုဏ်ယူစရာတစ်ခု ဖြစ်သည်။ ဤသည်ကို,ထိုကဲ့သို့သောလူမျိုးတိုင်းက ယုံမှားမဟိထောက်ခံပြောဆိုကတ်ပေလိမ့်မည်။ သို့သော် ခေတ်အဆက်ဆက်တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူများ၏ တန်းတူအခွင့်အရီးကိုတိုင်းသောပေတံပါ,စံနှုန်းများ မတူညီကတ်သောအခါ မညီမျှခြင်း၏အကျိုးဆက်များအောက်တွင်သယံဇာတအလှတရားများသည် သယံဇာ တကျိန်စာအဖြစ်သို့ကူးပြောင်းလားခရပြီးဖြစ်သည်။ ထိုအခါ ကမ်းခြီနန့်သယံဇာတပိုင်ရခိုင်လူမျိုးအဖြစ် မှ သယံဇာတကျိန်စာသင့်ရခိုင်လူမျိုး အဖြစ်သို့ကူးပြောင်းမလှကူးပြောင်းခရသည်။ (၃)ဒေသခံများသည် သယံဇာတအလှတရားထက် ယင်း၏ဆိုးမွီနန့် ဘေးထွက်ဆိုးကျိုးများကိုသာခံစားခွင့်ရ နီကတ်သည်။ရခိုင်စကားပုံတစ်ခုဖြစ်သော “မုန့်ဝီခါမပါ၊ ဒုတ်ဝီခါမှပါရေ” ဆိုသကဲ့သို့ဖြစ်နီသည်။ ထို့ကြောင့် ပြည်တွင်းစစ်မှတစ်ဆင့်တက်၍ သယံဇာတကျူးကျော်စစ်အဖြစ်သို့ကူးပြောင်းပြီး လူမျိုးရီးစစ်ပွဲများ အဖြစ်သို့ မပြောင်းလဲလားရန် ဆုတောင်းရုံသာဟိသည်။ 


(၄)ဂလိုဘယ်လိုင်ဇေးရှန်း Globalization ၏ကောင်းကျိုးများကိုအဂုထက်ခံစားနိုင်သောအခွင့်အရီးများဟိနီသော် လည်း ၎င်းကို မခံစားကတ်ရဘဲ ယင်း၏ဆိုးကျိုးများကိုသာခံစားခွင့်ရဟိနီကတ်သောလူမျိုးများထဲတွင် ကျနော်ရို့ရခိုင်လူမျိုးများကံမကောင်းအကြောင်းမလှ,ဝမ်းနည်းစွာပါဝင်နီသည်။ ဤသည်မှာ အချုပ်အချာ အာဏာမဟိသောလူမျိုးတစ်မျိုးဖြစ်ကြောင်းဖော်ပြနီခြင်းလည်းဖြစ်သည်။အချုပ်အချာအာဏာမဲ့ခြင်းက သဘာ ဝအလှတရားနန့် သဘာဝသယံဇာတများကို ထိုလူမျိုးများပိုင်ဆိုင်ခြင်းကင်းမဲ့နီကြောင်းညွှန်းဆိုပြသနီသည်။ (၅)ပင်လယ်ထွက်ပေါက်နန့် ကမ်းခြီအလှတရားရို့သည် ရင်ချင်းဆက်အမွှာညီအစ်ကိုများဖြစ်ကတ်သည်။ ငပလီနန့်ကျောက်ဖြူသည်လည်းထိုကဲ့သို့ပင်ဖြစ်သည်။ ထို့အတူ ယင်း၏ပထဝီနိုင်ငံရီးနန့် နိုင်ငံရီးပထဝီသည်ရခိုင်လူမျိုးများအတွက်သာမက ကမ္ဘာ့နိုင်ငံများအတွက်ပါအချက်အချာကျသော နီရာနန့် ချက်ကောင်း (Heartland) ဖြစ်နီသည်။ဤကဲ့သို့သော ကောင်းချီးများ၊ ပင်လယ်၏ အကျိုးအမြတ်များနန့် သဘာဝ အလှတရားလက်ဆောင်များကို ဂနိအထိရခိုင်လူမျိုးများ တိတိပပခံစားခွင့်မရဟိကတ်သိမ့်ပါ။ (၆)တန်းတူအခွင့်အရီးဟူသည် စာရွက်ပေါ်တွင်သာဟိနီဆဲဖြစ်သောကြောင့်ကျနော်ရို့လိုလားတောင့်တနီသော တန်းတူအခွင့်အရီးများကိုရခိုင်လူမျိုးများ အမှန်အကန်ခံစားခွင့်ရရန် ရခိုင်တစ်မျိုးသားလုံးဝိုင်းဝန်းကြိုးပမ်း ကတ်ရပေအုံးမည်။ (၇)ဂလိုဘယ်လိုင်ဇေးရှန်းလှိုင်းလုံးကိုမမှီလိုက်သော်လည်း နောက်တစ်ကြိမ်ကြုံလာသော One Belt , One Road ၏လှိုင်းလုံးကို စီးခွင့်ကြုံရန် ကျနော်ရို့ရခိုင်လူမျိုးများတွင် ထပ်မံအခွင့်အရီးဟိနီပြန်သည်။ ဤလှိုင်းလုံး၊ဤ ပတ်လမ်းတွင်ရခိုင်လူမျိုးများအတွက် ရသင့်ရထိုက်သောအခွင့်အရီးများနန့် ရကိုရရမည့်အခွင့်အရီးများပါ ဝင်နီသည်။သို့သော် ရခိုင်တစ်လူမျိုးလုံးစုစည်းညီညွတ်စွာဖြင့်ယူဆောင်နိုင်မှသာ ရနိုင်ပေလိမ့်မည်။ သို့မဟုတ် ပါက ပင်လယ်ရီမှတစ်ဆင့်ဖြစ်လာသောနီလှန်းဆားမှာမိုးရီကြောင့်ပင်လယ်ထဲတွင်ပျော်ဝင်လား၍ဆားငံရီပြန် ဖြစ်လားသောအဖြစ်မျိုးအဆင့်တွင်သာကျန်နီခပေလိမ့်မည်။ (၈)ဖွံ့ဖြိုးတိုးတက်ပြီးသန့်ရှင်းသပ်ရပ်သောနိုင်ငံများတွင် အမှိုက်စွန့်ပစ်ခြင်းအနုပညာသည် ကောင်းမွန်လှပသည်။ ထိုနိုင်ငံများ၌နီထိုင်ကတ်သောလူမျိုးများသည် စည်းကမ်း၏လားရာလမ်းအတိုင်းအလိုက်သင့်စီးမျောလိုက်ပါ ကတ်ပြီး စည်းကမ်းဟိသောနိုင်ငံသားများမှ စည်းကမ်းဟိသောကမ္ဘာသားအဆင့်သို့တက်လှမ်းရန်ကြိုးစား လျှက်ရှိသည်။

 ထို့ကြောင့် ထိုလူမျိုးများသည် အညှက်ဆိုး၊ အမှိုက်သရိုက်၊ မိမိအတွက်မလိုအပ်သောအရာ မှန်သမျှကိုအမှိုက်ပစ်ရန်သတ်မှတ်ထားသောနီရာများတွင် စွန့်ပစ်လေ့ဟိကတ်သည်။ (၉)တိုးတက်သောနိုင်ငံတိုင်းသည် စည်းကမ်းဟိကတ်သည်။စည်းကမ်းဟိပြီး စည်းကမ်းလိုက်နာကတ်သောလူမျိုး များကသာ ကမ္ဘာအဆင့်အတန်းမီနိုင်ငံအဖြစ်ရပ်တည်လျှက်ဟိနီကတ်သည်။သိသာထင်ရှားသောဥပမာအနီနန့် အာရှတိုက်မှ နိုင်ငံနှစ်နိုင်ငံနန့် နှိုင်းယှဉ်၍ ဥပမာပီးလိုပါသည်။ (၁၀)ဦးစွာ ဂျပန်နိုင်ငံနန့်ဂျပန်လူမျိုးများအကြောင်းကိုစကေပြောပြလိုပါသည်။ဂျပန်လူမျိုးများသည် လူမြင်ကွင်းများ၌ အမှိုက်စွန့်ပစ်ခြင်းကိုရှက်စရာကောင်းသောအလိအထအဖြစ်ခံယူလျက် လူမြင်ကွင်းများ၌အမှိုက်စွန့်ပစ်ခြင်းကို အထူးရှောင်ကြဉ်ကတ်သည်။ အညှက်ဆိုးစွန့်ပစ်ခြင်းသည် လူမျိုးတစ်မျိုး၏ နိုင်ငံရီးဂုဏ်သိက္ခာ၊လူမျိုးကြီးပီသမှု၊ ယဉ်ကျေးမှုအဆင့်အတန်းနန့်စည်းကမ်းများကိုထင်ဟပ်စီသည်။ 
 ရခိုင်လူမျိုးDr.ညိုထွန်းအောင် ဆက်ပါအုံးမည်။ 

ကိုးကား World Economic Forum, ITV News, Greenpeace International, Hashem Al-Ghaili , 1 Million Women, We Need This, (Facebook Page) and Wikipedia


Share on social

You may also like this