ဒီဇင်ဘာ

poem

Date : 01-Dec-2021

ချစ်ခြင်းမေတ္တာနန့်
ပျော်ရွှင်ခြင်းတိကို
ဗာ(ရ်)တီပုံးနန့်တစ်ပါစာထမ်းလာဖို
မိုးထစောစောမှာ
တိုးတိုးချေပြောလိုက်ယင့်။

အစပြုမှုတိုင်းအတွက်
အဆုံးသတ်ရဖိုစွာက
ဘဝနိယာမအလှတရား
ယေဇု
နှစ်တိုင်းမှာ
ဒီဇင်ဘာနန့်ဆုံးပီးထားရေ။

တော်လှန်ရီးမှာလည်း
အစဟိကေအဆုံးဟိရဖို
နွီဦးတော်လှန်ရီးဟာ
အခါမလည်သိမ့်ကေလေ့
အခါလည်
နှစ်နှစ်သားကိုဗစ်
လိုဘမပြည့်သိမ့်
လမ်းတိုင်း ရွာတိုင်း
အထက်စီးကမိုးပနာ
ကမ္ဘာနှစ်ပတ်
ရွင့်ပြာသတ်လိုအပြီး
ထပ်ပွားအသစ်မျိးစိတ်ခွဲ
အိုမာခရွမ်က
လူသားကမ္ဘာကို
ထပ်ပနာခြိမ်းခြောက်။

၂၀၂၁ ကို
အဆုံးမသတ်ခင်စပ်ကြား
အရှိမြောက်အရပ်က
ကောက်သစ်စားပွဲတော်
အေနှစ်နောက်ဆုံးလ
ဒီဇင်ဘာအရောက်မှာ
သောကစားသုံးရရက်တိများလို
စိကေအနားရချင်ရေ
ကမ္ဘာသူ ကမ္ဘာသားကြားထဲ
ချစ်သူစွာ
ကျနော့်မွီးရက်မှာ
ပါးစပ်ဖုံး Mask ကို
လေးထပ်တပ်ထားရေ။

Dr.ညိုထွန်းအောင်
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၁) ရက်၊


Share on social

You may also like this