"STAY AT HOME-DAY-7(7/14)

article

Date : 26-Jul-2021

Nyo Twan Awng

(Vcs Vcs Facebook နန့် VCS Page တို့တွင် post တင်ခွင့်၊ comment ပီးခွင့် ပိတ်ထားလို့ Dr Nyo Twan Awng Website & VK ကတင်ပါရေ)

အေနိစွာ STAY AT HOME ကိုယ့်အိမ်မှာကိုယ်နီထိုင်ခြင်း တစ်ပတ် ပြည့်ရေနိဖြစ်တေ။ ရောဂါပိုးကူးစက်သူ တိ၊ ကူးစက်ခံရပြီးနောက်သီဆုံးသူတိဆက်ဟိနီကေလေ့ အပြင်ထွက်လားလာမှုတိကို အေအတိုင်းဆက်လို့ထိန်းသိမ်းနိုင်ခကေတော့ နောက်ထပ်ကူးစက်ခံရရေလူလျော့နည်းလားနိုင်ရေလို့ အကောင်းဖက်ကရှုမြင်မိရေ။ ယင်းပိုင်ဖြစ်လာဖို့ကို မျှော်လင့်နီကတ်ပါရေ။

ရောဂါပိုးကွင်းဆက်ပြတ်အောင်လုပ်စွာနန့်ရောဂါကိုကြိုတင်ကာကွယ်တားဆီးအောင်လုပ်စွာမှာအေနည်းလမ်းစွာ အထိရောက်ဆုံးနည်းလမ်းဖြစ်တေ။ ကြိုတင်ကာကွယ်ခြင်းဖြင့် ကိုရိုနာရောဂါပိုးကူးစက်ခံရခြင်းမဟိအောင်နီထိုင်လို့ရပါရေ။ 

ရောဂါအကူးစက်မခံရရေလူတိုင်းစွာ စည်းကမ်းကိုလိုက်နာရေလူတိလို့ပြောလို့ရရေပိုက် ကံကောင်းရေလူတိလို့လည်းပြောလို့ရပါဖို့။

တစ်ယောက်လည်း မဖောက်ဖို့၊ အစုအဖွဲ့တစုကမဖောက်ဖို့ အေအချိန်မှာ ကောင်းအရေးကြီးပါရေ။

တစ်ပတ်တာ(၇-ရက်)အတွင်းမှာ--- များကာသားစွာ,
(၁) ကိုယ့်အိမ်မှာကိုယ်နီထိုင်ပီးကတ်တေ၊
(၂) ကိုဗစ်စည်းကမ်းတိကိုလိုက်နာကတ်တေ၊
(၃) ရောဂါကူးစက်ခံရလူနည်းလာခါ ဆီးရုံကိုရောက်လာရေလူနာနည်းလာရေ၊
(၄) လူနာနည်းလာလို့ အောက်ဆီဂျင် O2 လိုအပ်မှုတိ  လည်း အယင်ကထက်နည်းလာရေ၊
(၅) ယေကေလေ့,အောက်ဆီဂျင်က လိုအပ်ချက်တိဟိနီပါသိမ့်ရေ၊ အောက်ဆီဂျင်လိုအပ်ရေလူနာတိ ဟိနီသိမ့်ရေပိုင် အောက်ဆီဂျင်မလုံလောက်မှု အသံတိထပ်ကြားနီရပါသိမ့်ရေ။
(၆) စေတနာရှင် အလှူရှင်တိ အနီနန့်O2 ကိစ္စကို အလီးထားရပါဖို့သိမ့်၊ အားစိုက်ရပါဖို့သိမ့်၊ 
(၇) ကူးစက်လူတိနည်းလာလီ ရောဂါကိုထိန်းချုပ်နိုင်လီဖြစ်ဖို့၊ အသီအပျောက်နှုန်းနည်းလီပါဖို့၊
(၈) ဆီးလောကသားတိ စိကေအနားရဖို့၊

ယေဇု, ကျန်နီသိမ့်ရေ နောက်တပတ်မှာ ကိုဗစ်စည်းကမ်းချက်တိုင်းကို,တိတိကျကျ လိုက်နာကတ်ဖို့ ထပ်လို့ တိုက်တွန်းပါရေ။ ကျော်ဖြတ်ပြီးခရေ တစ်ပတ်တာကာလအတွင်းဟိခရေအားနည်းချက်တိကိုပြုပြင်၊ အရီးတကြီး ချက်ချင်းလုပ်ရဖို့အလုပ်တိကိုလုပ်၊ သင်ခန်းစာထုတ်ယူ ပနာ နောက်တပတ်အတွက်အားမွီးရပါဖို့။

STAY AT HOME တစ်ပတ်ကိုဖြတ်သန်းပြီးရေအချိန်မှာ ပြည်သူအများစုစားဝတ်နီရီးအခက်အခဲ ကကောင်းအများကြီးမဟိခကေလည်း လာဖို့ရက်တိမှာတော့ ဟိလာနိုင်ပါရေ။ ယင်းဖြစ်လာလတ္တံ့သော အချိန်တိအတွက် ပြင်ဆင်လို့ရရေ ကြိုတင်ပြင်ဆင်မှုတိအတွက် စဉ်းစားထားရပါဖို့။ ကြိုတင်ပြင်ဆင်ထားရပါဖို့။

စေတနာ့ဝန်ထမ်း၊ ပရဟိတအဖွဲ့တိ၏အခန်းကဏ္ဍ၊ ရပ်ရွာအသီးသီးဟိ ကိုဗစ်ကြိုတင်ကာကွယ်ရီးအတွက် ဖွဲ့ထားရေ အစုအဖွဲ့တိ အလုပ်လုပ်ဖို့ လိုလာပါဖို့။ နည်းစွာနန့် များစွာရာကွာလီပါဖို့။ အသင့်အနီအထားဟိနီဖို့လိုပါရေ။

Covid-19 ကိုဗစ်ပိုးက အားလုံးသူ ကင်းလွတ်နိုင်ကတ်ပါစီ။ ကိုရိုနာရောဂါပိုးအကူးစက်မခံရအောင် ထုတ်ပြန်ထားရေစည်းကမ်းတိကို တိတိကျကျလိုက်နာယင်း ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်က သက်ကြီးပိုင်းတိကို အသက်ဆက်ရှင်သန်အောင်နီပီးကတ်ပါ။

STAY AT HOME
STAY STRONG 💪 

Dr.ညိုထွန်းအောင်
ဂျူလိုင်(၂၆)ရက်၊ ၂၀၂၁ ခုနှစ်၊ တနလာင်္နိ။ 


Share on social

You may also like this