ရက္ခိုင်ပြည်သူပြည်သားများအတွက် အသိပီးထုတ်ပြန်ကြေညာချက်

blog

Date : 21-Jun-2022

Nyo Twan Awng

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်

 

အမှတ်၊ (၀၆/၂၀၂၂)

၁၃၈၄ ခုနှစ်၊ နံယုန်လပြည့်ကျော် () ရက်

၂၀၂၂ ခုနှစ်၊ ဂျုန်လ (၂၁) ရက်

 

ရက္ခိုင်ပြည်သူပြည်သားများအတွက် အသိပီးထုတ်ပြန်ကြေညာချက်

 

                အာရက္ခဒေသနီ ရက္ခိုင်ပြည်သူ ပြည်သားများသည် ရက္ခိုင်ပြည်သူ့အစိုးရ၏ ဦးဆောင်မှုနန့်အတူ ရက္ခိတလမ်းစဉ်အတိုင်း လျှောက်လှမ်းနီပြီး ရက္ခိုင့်ကံကြမ္မာကို ရက္ခိုင်ပြည်သူပြည်သားရို့လက်နန့် ဖန်တီးခွင့်ရရန် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ဟိပါသည်။ ရက္ခိုင်ဒေသ၏ တိုက်ပွဲများကာလ၊ ကိုရိုနာကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါကာလနန့် တိုက်ပွဲမဟိသည့်ကာလများအတွင်း၌ မိမိရို့ပြည်သူလူထုများသည် ရက္ခိုင်ပြည်သူ့ အစိုးရနန့်အတူ လက်တွဲပြီး စည်းလုံးညီညွတ်စွာဖြင့် အဆိုးအကောင်းများကို ရင်ဆိုင်ဖြတ်သန်းခကတ်သည်။

                လက်ဟိအချိန်တွင် နိုင်ငံရီးပြဿနာများကြောင့် မြန်မာနိုင်ငံ၏ နီရာအနှံ့အပြား၌ အာဏာသိမ်း စစ်ကောင်စီနန့် နဂိုဟိပြီးသား တိုင်ရင်းသားတော်လှန်ရီးလက်နက်ကိုင်အဖွဲ့အစည်းတချို့အပြင်  စစ်အာဏာသျှင် စနစ်ကို အမြစ်ပြတ်တိုက်ထုတ်လိုသောအစုအဖွဲ့များ၏ တိုက်ပွဲများသည် နိစဉ်ရက်ဆက် ဖြစ်ပွားလျက်ဟိသည်။ မြန်မာနိုင်ငံ၏ အခြေအနေမှာလေ့ အဆိုးဝါးဆုံးအဆင့်သို့ရောက်ဟိကာ တိုင်းပြည်သည် အဖက်ဖက်မှ ယိုယွင်း ပျက်စီးဆုတ်ယုတ်ပြီး ကျယှုံးနိုင်ငံအဖြစ်သို့ ဦးတည်လျက်ဟိသည်ကို တွိမြင်နီရပါသည်။

                ၂၀၂၀ ခုနှစ် ကုန်ခါနီးအထိ ရက္ခိုင်ဒေသအတွင်း၌ တိုက်ပွဲများ တောက်လျှောက်ဟိခပြီး ယင်းနောက် ပိုင်းတွင်မှ နှစ်ဖက်တိုက်ပွဲများမဖြစ်ပွားဘဲ ယာယီရပ်တန့်ခကေလေ့ မြန်မာစစ်တပ်၏ စစ်ရီးပြင်ဆင်ခြင်း၊ စစ်ရီးလှုပ်ယှားခြင်း၊ စစ်အင်အား၊ လက်နက်အင်အား ဖြန့်ကြက်တိုးချဲ့နီရာချထားခြင်း၊ ဒေသအတွင်းနီ ပြည်သူလူထုအပေါ် ဖိနှိပ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ မတရားသဖြင့် ဖမ်းဆီးနှိပ်စက်ခြင်း၊ စိုးရိမ်သောကပီးခြင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးနီခြင်း၊ မိမိရို့အုပ်ချုပ်ရီး၊ တရားစီရင်ရီး၊ ပြည်သူ့ရီးရာ ဆိုင်ရာကဏ္ဍများတွင် အနှောင့်အယှက်ပီးနီခြင်းရို့အပြင် လူမှုသဟဇာတဖြစ်နီသော ရက္ခိုင်နန့် ရက္ခိုင်မဟုတ်သော လူမျိုးနန့် မျိုးနွယ်စုများအကြား ၎င်းရို့သုံးနီကျ လက်နက်ဟောင်းတခုဖြစ်သည့် သပ်လျှိုဖြိုခွဲသောနည်းလမ်း၊ အချိုသတ် မက်လုံးပီးသောနည်းလမ်းများကိုအသုံးပြုပြီး လူမျိုးရီးပဋိပက္ခများဖန်တီးရန် ကြိုးစားလျက်ဟိနီသည်ကို လက်ဟိဖြစ်ပျက်နီသော အခြေအနေများက မီးမောင်းထိုးပြလျက်ဟိသည်။

                ရက္ခိုင်ပြည်အတွင်း လက်ဟိအခြေအနေ၌လေ့ လူမျိုးရီး၊ ဘာသာရီး ပဋိပက္ခဖြစ်စီနိုင်သည့် ဖြစ်စဉ်များကို ဆက်တိုက်တွိလာနီရပြီး ယင်းဖြစ်စဉ်များတွင် ဂျုန်လ (၁၆) ရက်နိက မောင်တောမြို့နယ်၊ သင်္ဘောလှရွာ၊ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနန့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်ရို့အား ပြန်ပီးဆွဲခြင်းဖြစ်စဉ်နန့် ပေါက်တောမြို့နယ်၊ ကြိမ်နီပြင်ရွာမှ မူဆလင်လူငယ်တယောက်အား ရိုက်နှက်ကာ လက်ပြန်ကြိုးတုပ်လျက် နောက်ကုန်းကို ကျောက်တုံးဖိ၍ထားခသည့် ဖြစ်စဉ်များလေ့ပါဝင်သည်။ အလားတူ လွန်ခသောကာလများကလေ့ မြောက်ဦး၊ ကျောက်တော်အစဟိသော ရက္ခိုင်ပြည်မြို့နယ်များ၌ စပါးရိတ်စက်များ၊ ကောက်လှိုင်းစည်းများအား မီးတိုက်ခြင်း၊ မုဒိမ်းကျင့်ရန်ကြံစည်ခြင်းအပါအဝင် လူမျိုးရီး၊ ဘာသာရီးပဋိပက္ခကို ဖြစ်စီနိုင်သည့် ဖြစ်ရပ်များစွာ ပေါ်ပေါက်ခပါသိမ့်သည်။

                ရန်သူသည် ယင်းလုပ်ရပ်များကို ၎င်းရို့၏ လက်ကိုင်တုတ် ရက္ခိုင်တချို့၊  အမျိုးသားသစ္စာဖောက်တချို့နန့် ၎င်းရို့၏ အဖွဲ့အစည်းအတွင်းမှ ရက္ခိုင်စကားပြောတတ်သူများကို အသုံးချ ခိုင်းစီခကြောင်း တွိဟိရသည်။ ယင်းဖြစ်စဉ်များသည် လူမျိုးရီး၊ ဘာသာရီး ပဋိပက္ခကို ဦးတည်စီနိုင်သည့်အတွက် အာရက္ခပြည်သူ ပြည်သားများ အနီနန့် သတိပြုဆင်ခြင်ရန်နန့် နောက်ထပ် အလားတူဖြစ်စဉ်မျိုးမပေါ်ပေါက်စီရီး အလေးဂရုပြု ဝိုင်းဝန်း ကာကွယ်စောင့်ထိန်းကတ်ရန်လေ့ အထူးလိုအပ်မည် ဖြစ်ပါသည်။

                လက်ဟိအချိန်ကာလ၌ အာရက္ခပြည်သူပြည်သားများအနီနန့် ရန်သူ၏ထောင်ချောက်ထဲသို့ မကျရောက် လားစီရန်၊ ရန်သူဖြစ်လိုသောအကွက်ထဲသို့ မသက်ဆင်းလားစီဖို့ အထူးသတိထားရန် လိုအပ်ပါသည်။ ယင်းကြောင့် လူမှုကွန်ရက်စာမျက်နှာများထက်က သတင်းများကို သတိဉာဏ်ဖြင့် ဆင်ခြင်ဖတ်ရှုကတ်ပါရန်၊ ပဋိပက္ခကို ဦးတည်စီသော အရွီးအသား၊ လှုံ့ဆော်မှုမျိုး ရွီးသားခြင်း၊ ဖြန့်ဝီခြင်းများကို လုံးဝ မပြုလုပ်ကတ်ရန်၊ အတိတ်မှ ဖြစ်ပျက်ခသော လူမျိုးရီးပဋိပက္ခဖြစ်ရပ်များမှ သင်ခန်းစာယူကတ်ရန် တိုက်တွန်းလိုက်ပါသည်။

 

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်

 


Share on social

You may also like this