"အရှင်ဘုရား မျက်နှာလိုက်တေ"

article

Date : 04-Jul-2019

Nyo Twan Awng

အသက်(၅၀) ကျော်၊ အရီးမနှစ်လုံး "ဆုတောင်းပြည့်ဘုရား" လို့စာလုံးအကြီးမသန်နန့်ရီးထားရေနီရာသို့ ရှေ့ဆင့်နောက်ဆင့်တက်လာကတ်တေ။ နှစ်ယောက်စလုံး စိုးရိမ်ပူပန်ရေမျက်နှာတိနန့်။ အေဘုရားကလည်း ဆုတောင်းပြည့်ရေ၊ အလိုပြည့်ရေလို့ နာမည်ကြီးရေ။ ယေဇု ရက်ပြတ်လူပြည့်နီရေ။ တစ်ယောက်က အရီး မြမေ၊ နောက်တစ်ယောက်က အရီးအောင်စိန်။ အိမ်နီးနားချင်းတိ။ အရီးမြမေ က ဖေချာစကေဟိရေ။ သားသမီးလေးယောက်ထဲက တစ်ယောက်တည်းသားတစ်ယောက်စွာ အောက်သားတပ်ထဲမှာ။ DSA ခေတ်ကောင်းတုန်းက ယင်းသူယင်းအထဲကိုရောက်လားစွာ။ အရီးအောင်စိန်က သာမာန်လက်လုပ်လက်စား။ သူ့မှာလည်း သားသမီးလေးယောက်ဟိရေ။ သားနှစ်ယောက်၊ သမီးနှစ်ယောက်အမိ။ အဂုသားနှစ်ယောက်စလုံးက AA ထဲမှာ။ အေဂုတလိုင်း ရခိုင်ပြည်မှာ AA အေအေနန့်အောက်သားတိတိုက်ပွဲဇကုန်ပြင်းနီရေ အချိန်ကာလ။ အယင်တုန်းက အရီးမြမေသားစွာ ဗမာပြည်ထဲက တပ်မဇာလောက်ဆိုလဲ။ ယင်းအထဲက တပ်ရင်းတစ်ရင်းမှာ တူးအိုင်စီဆိုလား။ မနှစ်ကရာထူးတက်သံကြားလိုက်ပြီးကေအောက်သမတစ်ယောက်နန့် သမက်တက်ရေလို့ပြောသံကြားယင့်။ အဂု ယင်းသူမယားသည် ဝမ်းကြီးတန်းလန်းနန့် မွီးခါနီး။ အေဂု ယင်းသူစွာ,ရခိုင်ပြည်ထဲကို အောက်သားတပ်တိနန့်အတူ AA ကိုအမြစ်ပြတ်ချေမှုန်းဖို့စစ်ဆင်ရီးနန့် ရခိုင်ပြည်ထဲရောက်နီစွာ သုံးလေးလဟိရာ။ တိုက်ပွဲတိဇကုန်ပြင်းနီခါ,ရတက်မအီးရေအမိတိဆုတောင်း မေတ္တာပို့ဖို့ရောက်လာကတ်စွာထင်ရေ။ အောက်သားတပ်ထဲက အရာဟိတိကလည်း အေဂုတလိုင်း သီမင်းကအဝယ်လိုက်နီလို့ပြောသံကြားယင့်။ AA ကပစ်လိုက်တေ ကျည်ဆံတိကလည်း အရာဟိတိစီ လားမှန်ရေ။ AA ကလက်တည့်စွာလား ယင်းသူရို့ကံမကောင်းစွာလား။ ကြည့်ရစွာ နှစ်ခုစလုံးထင်ရေ။ ညဇာက အရီးမြမေ သားနန့် စကားပြောလိုက်ရရေလို့ပြောသံကြားရေ။ အောက်သားတပ်ထဲက ထွက်ပြီးချင်နီစွာ အောက်တစ်ပိုင်းသီနီဗျာယ်လို့။ အိမ်နီးနားချင်း သူငယ်ချင်းဖြစ်ရေလူ AA က အောင်လှကျော် ဖုန်းနံပတစ်ခေါက်ရှာပီးလို့ အမိသည်နန့်မှာလိုက်ရေလို့ ကြားယင့်။ မထွက်ပြီးကေ သီလီရဖို့ဗျာယ်၊နရတိ။ အရီးမနှစ်လုံး ယင်း" ဆုတောင်းပြည့်ဘုရား" ရှေ့မှာ အသံတိတ် ဘေးချင်းကပ်ဆုတောင်းကတ်တေ။ ဆုတောင်းစွာကတတူတူရာထင်ရေ။ သားတိ အန္တရာယ်ကင်း ဘီးကင်းကတ်ပါစီလို့။ ဆုတောင်းနီတုန်းတန်းလန်း ဖုန်းတစ်လုံးဝင်သံကြားရေ။ အရီးမြမေဖုန်း။ ဖုန်းကိုနားထောင်လိုက်တေ။ အသံသဲ့သဲ့ချေကြားယင့်။ "အီးယောင် ကိုကိုတိုက်ပွဲမှာကျလားခဗျာယ်"။ သမီးသည်အသံ။ အရီးမြမေ မျက်ရည်တိနန့်အတူ ပြောလိုက်စွာက " အရှင်ဘုရား မျက်နှာလိုက်တေ"။ ရခိုင်ပြည်က ဆုတောင်းပြည့် ဘုရားတိ ဘားမှာ အောက်သားပလာတူးတိ ဆုတောင်းကတ်တေ။ ယင်းဘုရား ဇာဆုပီးလီဖို့ထင်လဲ? အသူတောင်းရေဆုပြည့်ဖို့ထင်လဲ?? ယင်းလောက် ရခိုင်လူမျိုးတိကို နှိပ်စက်နီရေတိရစ္ဆာန်ထက်ယုတ်ညံ့ရေလူတိကို။

လျှာထုတ်K ၂၀၁၉-ဇူလိုင်လ-၄ ရက် Credit Picture: Original Uploader


Share on social

You may also like this