ဆိုင်ကလုန်း မိုခါ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထည့်ဝင်သော အလှူငွေများအား လက်ခံခြင်း

blog

Date : 10-Jun-2023








ဆိုင်ကလုန်း မိုခါ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထည့်ဝင်သော အလှူငွေများအား လက်ခံခြင်း

 

ဆိုင်ကလုန်းမိုခါ မုန်တိုင်းဒဏ်သင့် အာရက္ခ ပြည်သူပြည်သားများ၏ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) မှ ထည့်ဝင်လှူဒါန်းသော မြန်မာငွေ ကျပ်သိန်း (၅၀၀၀) နှင့် “ဝ” ပြည်နယ်၊ ပြည်သူ့အစိုးရမှ ထည့်ဝင်လှူဒါန်းသော မြန်မာငွေ ကျပ်သိန်း (၅၀၀၀)၊ စုစုပေါင်း ကျပ်သိန်း (၁၀၀၀၀) (စာဖြင့်--သိန်းတစ်သောင်းကျပ် တိတိ) ကို MOCHA ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ-Cyclone Mocha Emergency Rescue and Rehabilitation Committee For Arakan (Cyclone Mocha ERRCA) မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၀) ရက်၊ နံနက် (၉) နာရီ (၃၀) မိနစ်ခန့်အချိန်တွင် ကောင်းမွန်စွာ လက်ခံရရှိခဲ့ပါသည်။

 

အလှူငွေများကို “ဝ” ပြည်နယ်၊ ပြည်သူ့အစိုးရ ၊ ဒု-ဥက္ကဋ္ဌ နှင့် ပြင်ပဆက်ဆံရေးဌာန၊ ဌာနကြီးမှူး ဖြစ်သော ဦးကျောက်ကော်အန်းမှ FPNCC နှင့် “ဝ” ပြည်နယ်၊ ပြည်သူ့အစိုးရ ကိုယ်စားပေးအပ်ခဲ့ပြီး Cyclone Mocha ERRCA ကော်မတီ၊ ဥက္ကဋ္ဌ Dr.ညိုထွန်းအောင် နှင့် Humanitarian and Development Coordination Office (HDCO) အကြီးအကဲ ဦးထွန်းမင်းနိုင်တို့မှ “ဝ” ပြည်နယ်၊ ပန်ခမ်းမြို့တွင် လက်ခံရယူခဲ့ပါသည်။

 

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအား ယခုကဲ့သို ပံ့ပိုးကူညီပေးသည့်အတွက် ပံ့ပိုးကူညီပေးကြသော အဖွဲ့အစည်းများနှင့် အားလုံးသောလူပုဂ္ဂိုလ်များကို မုန်တိုင်းဒဏ်သင့် အာရက္ခပြည်သူလူထုများ ကိုယ်စား မိမိတို့ကော်မတီမှ အထူးလှိက်လှိက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။


Share on social

You may also like this

blog 15-Oct-2024

ပင်လယ်ဓားပြအတိုက်ခံရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ( . . .