ပင်လယ်ကမ်းခြီ၊ ပလတ်စတစ်နန့် အမှိုက်စွန့်ပစ်ခြင်းအနုပညာ (အပိုင်း-၄)

article

Date : 01-Oct-2019

Nyo Twan Awng

(၃၁)ဤသည်ကို ပလတ်စတစ်များကြောင့်ဖြစ်သည်ဟု သူတို့၏မှတ်ချက်များတွင်တွိနိုင်သည်။ထို့ကြောင့် နီလှန်းဆား ချက်သူများသည်လည်း ပလတ်စတစ်အမှုန်များပါဝင်သောဆားငန်ရီများကို မချက်မိစီရန်သတိထားသင့်သည်။ စားသုံးသူများအနီနန့်လည်းဘေးဥပါဒ်ကင်းသောအိမ်သုံးဆားများကိုရွေးချယ်စားသုံးသင့်သည်။ အိမ်သုံးဆားမှာ ကမ္ဘာလုံးသုံးပစ္စည်းတစ်မျိုးဖြစ်ပြီးခန္ဓာကိုယ်မှလည်းနိတိုင်းလိုအပ်သည်။နိတိုင်းချက်ပြုတ်စားသောက်နီကတ် သည်။ အိုင်အိုဒင်းဆား(အိမ်သုံးဆား)စားသုံးမှုနည်းလျှင် လည်ပင်းကြီးရောဂါဖြစ်တတ်သည်။ (၃၂)ပလတ်စတစ်သုံးစွဲခြင်းယဉ်ကျေးမှုကိုလျှော့ချနိုင်မှသာ ကမ္ဘာကြီး၏ကျန်းမာရီးပြန်လည်၍နလံထူနိုင်မည်ဖြစ် သကဲ့သို့ ကျနော်ရို့သည်လည်းကျန်းမာသောဘဝကိုပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပလတ်စတစ် တော်လှန်ရီးကိုလုပ်ဆောင်ရန်လိုအပ်နီသည်။ ပလတ်စတစ်တော်လှန်ရီးဟူသည်မှာပလတ်စတစ်သုံးစွဲခြင်းကို လျှော့ချခြင်း၊ သတ်မှတ်ထားသောနီရာများတွင်အမှိုက်စွန့်ပစ်ခြင်း၊ ပြန်လည်သုံးစွဲ၍ရသောပလတ်စတစ်များကို သုံးစွဲခြင်းနန့် ထုတ်လုပ်ခြင်း ရို့ကိုဆိုလိုခြင်းဖြစ်သည်။ (၃၃)ပလတ်စတစ်သုံးစွဲခြင်းအားလျှော့ချရာတွင် လူတစ်ဦးတစ်ယောက်ချင်း၊ မိသားစုတစ်စုချင်း၊ ရပ်ကွက်အလိုက်၊ မြို့ရွာအလိုက်လျှော့ချသုံးစွဲခြင်းဖြင့် ပလတ်စတစ်ကြောင့်ဖြစ်လာမည့်အန္တရာယ်များကိုကြိုတင်ကာကွယ် နိုင်သည်။ ပလတ်စတစ် ကင်းမဲ့ဇုန်များတည်ဆောက်ခြင်းသည် အနာဂတ်ကမ္ဘာကြီး၏ကျန်းမာရီးကိုများစွာ အထောက်အကူပြုနိုင်သည်။ ငါးဖမ်းလုပ်ငန်းများကိုလုပ်ကိုင်နီကတ်သော ငါးဖမ်းသမားများသည်လည်း အမှိုက်များကိုပင်လယ်ထဲသို့ စည်းကမ်းမဲ့စွာပစ်ချခြင်းများကို လျှော့ချရှောင်ကြဉ်ခြင်းသည်လည်း ပင်လယ်ကို ကျေးဇူးဆပ်ရာရောက်သည်။ (၃၄)ပလတ်စတစ်သုံးစွဲခြင်းကိုလျှော့ချရာတွင် ကဏ္ဍတိုင်း၊နီရာတိုင်း၌လျှော့ချသုံးစွဲရန် ပလတ်စတစ်လျှော့ချရီးလုပ် ငန်းများကိုလုပ်ကိုင်နီကတ်သောအဖွဲ့အစည်းများမှဆော်သြပီးလျှက်ဟိသည်။ ယင်းအထဲတွင် စူပါမတ်ကက် Super Market များတွင်ထုပ်ပိုးထားသောကုန်ပစ္စည်းများမှ ပလတ်စတစ်ကို ကောင်တာတွင်တစ်ခါတည်း ချွတ်၍ထားခခြင်း ၊ ကော်ဖီဆိုင်၊အအီးဆိုင်များတွင် ကော်ဖီ(သို့)အအီးသောက်သည့်အချိန်များ၌ ပလတ်စတစ် ပိုက်တံ Straw များ ကိုမသုံးခြင်း၊ တစ်ခါသုံးပလတ်စတစ်အိတ်များအစား ရေရှည်သုံးစွဲနိုင်သောအိတ်များကို သုံးစွဲခြင်းနန့် ပလတ်စတစ်သုံးစွဲနီခြင်းအား နီရာတကာ၌လျှော့ချခြင်း ရို့ပါဝင်သည်။ (၃၅)ပလတ်စတစ်ကို ပျက်စီးစေသော Enzmye အင်ဇိုင်းတစ်မျိုးကိုတီထွင်ပြီး ပလတ်စတစ်များကိုလျှော့ချရန် သိပ္ပံ ပညာရှင်များမှကြိုးစားလျှက်ရှိသည်။ ကပ္ပလီဥကဲ့သို့အဥ၏အမြစ်မှထုတ်လုပ်သောပလတ်စတစ်များသည် 3 in 1 ပုံစံမျိုးအဖြစ်သုံးစွဲနိုင်သည်။ Biodegradable Plastic Bags /Bioplastic အမျိုးအစားဖြစ်ပြီး ၎င်းပလတ်စတစ် သည် အပူတွင်လျင်မြန်စွာပျော်ဝင်နိုင်ခြင်း၊ မြီကြီးထဲမှ ဘက်တီးရီးယားများဖြင့် ပျက်စီးနိုင်ခြင်း၊ ရီနန့်ဖျော်၍ သောက်သုံးနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်ခြင်းစသောဂုဏ်အင်္ဂါရပ်များဖြင့် အင်ဒိုနီရှားနိုင်ငံတွင် ထုတ်လုပ်လျက်ဟိသည်။ သို့သော် ဆိုးကျိုးများလည်းဟိသောကြောင့် ၎င်းဆိုးကျိုးများကိုလျှော့ချနိုင်ရန်ကြိုး ပမ်းလျက်ဟိသည်။ လောလောဆယ်၌ တွင်ကျယ်စွာအသုံးပြုနိုင်သောပစ္စည်းမဟုတ်သေးပါ။ (၃၆)ကျနော်ရို့သည်ပလတ်စတစ်သုံးစွဲခြင်းကြောင့် ရဟိလာသောဆိုးကျိုးများကိုလူထုအားအသိပညာပီးခြင်း၊ မိမိနီအိမ်ပတ်ဝန်းကျင်များအား ပလတ်စတစ်ကင်းမဲ့ဇုန်များဖြစ်လာစီရန် ဆောင်ရွက်ခြင်းဖြင့် ပလတ်စတစ် ခြိမ်းခြောက်မှု အန္တရာယ်များကိုတစ်နိုင်တစ်ပိုင် ကြိုတင်ကာကွယ်နိုင်သည်။ (၃၇)ဂနိကမ္ဘာကြီးသည်လူသားရို့၏ အတ္တ၊ လောဘ၊ ငတေစိတ်ဓာတ်များကြောင့်ကမ္ဘာ့ကမ်းခြီအသီးသီးရို့အပါအဝင် ရခိုင်ကမ်းရိုးတန်းဒေသဟိ ပင်လယ်ရို့သည်ပျက်စီးလျက်ဟိသည်။ထို့အပြင်ကမ်းခြီ၏လှိုင်းပုတ်သံများကြားတွင် ပင်လယ်ကျွီးသံ၊ ငိုညဉ်းသံများကို အားစိုက်ဂရုပြု နားထောင်ပါက၎င်းအသံများကိုပင်ကြားနိုင်လိမ့်မည်။ ထိုငိုကျွီးသံများမှာ ထိုမြို့နီလူထုများ စည်းကမ်းမဲ့ခြင်း နန့် စည်းမဟိကမ်းမဟိအမှိုက်များကိုစွန့်ပစ်နီကတ် ကြောင်း သြကာသ လောကကြီးအား တိုင်တန်းနီခြင်းဖြစ်ပေလိမ့်မည်။ (၃၈)အသုံးမလိုသောပစ္စည်းများကို ပင်လယ်ထဲသို့စွန့်ပစ်နီခြင်းများမှာ ပင်လယ်ကိုဖျက်ဆီးနီသူများ၊ မိမိကိုယ်ကို မိမိ သီကြောင်းကြံသူများ ဖြစ်ကြောင်းသတိမူသင့်သည်။ ပလတ်စတစ်၊အဆိပ်အတောက်ကိုငါးများမှစား-၎င်းအ ဆိပ်အတောက်များကိုစားထားသောပင်လယ်ငါး၊ပင်လယ်စာများကိုလူမှတစ်ဖန်စားသောက်ခြင်းကိုဆိုလိုပါ သည်။ ပင်လယ်ကိုမှီခို စားသောက်နီကတ်သူများသည်ပင်လယ်၏ကျေးဇူးကို မမိသင့်ပါ။ ကမ္ဘာ့အဆင့် သတ် မှတ်ချက်တွင် ငပလီကမ်းခြီအဆင့်လျှော့ကျလားခြင်းမှာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း၊ ထိန်းသိမ်းမှုအားနည်း ခြင်းကြောင့်ဖြစ်ပြီး နိုင်ငံရီးလည်းပါပေလိမ့်မည်။ (၃၉)ကျောက်ဖြူ ကမ်းခြီ အပါအဝင် ရခိုင်ကမ်းခြီများတစ်ဖန်ပြန်လည်၍ သာယာလှပသောကမ်းခြီ အဖြစ် ပြန်လည် ဖြစ်ခွင့်ရဟိစီရန် အမှိုက်၊ပလတ်စတစ်၊ အဆိပ်အတောက်များကို ပင်လယ်ထဲသို့စွန့်ပစ်ခြင်းအလိအထများကို ရှောင်ကြဉ်ပြီး အလှဆင်ကတ်ပါမယ်။ ပလတ်စတစ်များကိုစည်းကမ်းဟိဟိစွန့်ပစ်ခြင်းဖြင့်ရခိုင်လူမျိုးကြီး ပီသကတ်ပါမယ်။ 


Dr.ညိုထွန်းအောင် The End ကိုးကား World Economic Forum, ITV News, Greenpeace International, Hashem Al-Ghaili , 1 Million Women, We Need This, (Facebook Page) and Wikipedia


Share on social

You may also like this