၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၃) ရက်၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 23-Nov-2019

Nyo Twan Awng

#Unicode ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၃) ရက်၊ နံနက်(၁၁) နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကြက်ချေးရွာ အနောက်မြောက်ဖက်(၁.၈) ကီလိုမီတာအကွာအဝေးတွင် လည်းကောင်း၊ နံနက်(၁၁) နာရီ (၂၃) မိနစ်တွင်,ပလက်ဝမြို့နယ်၊ ရေချမ်းသာရွာအနောက်ဖက်(၂.၄) ကီလိုမီတာအကွာအဝေးတွင်လည်းကောင်းမိနစ်အနည်းငယ်ကြာထိတွေ့တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။ ရန်သူသည်ရှေ့ဆက်တိုးလာခြင်းမရှိဘဲ လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ဤထိတွေ့မှုများအတွင်းရန်သူ့ဖက်မှ ထိခိုက်ဒဏ်ရာရသူအနည်းငယ်ရှိခဲ့သည်။ မြန်မာ့တပ်မတော်၏ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းဗျူဟာမှ လက်နက်ကြီးများဖြင့် နေ့၊ည ပစ်ခတ်တိုက်ခိုက်နေခဲ့သည်မှာကာလအတန်ကြာပြီဖြစ်သည်။ ထို့ကြောင့် ၎င်းရေစိုးချောင်းဗျူဟာမှ ဆင်းလာသော စစ်ကြောင်းတစ်ခုအား ရက္ခိုင့်တပ်တော်မှညနေ(၃) နာရီ (၅၄)မိနစ်တွင် ရေစိုးချောင်းဗျူဟာအနီး၌ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ရန်သူ့ဖက်မှအထိအခိုက်အကျအဆုံး (မျက်မြင်-(၄) ဦးသေဆုံးခဲ့သည်။ အဆိုပါရန်သူ့စစ်ကြောင်းအား ညနေ(၄) နာရီ(၄၅) မိနစ်တွင်နောက်ထပ်တစ်ကြိမ်ထပ်မံတိုက်ခိုက်ခဲ့သည်။ ရန်သူ့ဖက်မှထိခိုက်ကျဆုံးသူများထပ်မံရှိခဲ့သည်။ ထို့နောက် စစ်ရာဇဝတ်နယ်ခဲျတပ်(မြန်မာ့တပ်မတော် Myanmar Army) သည် ၎င်းတို့၏ လုပ်နေကျထုံးအတိုင်း လက်နက်ကြီးများဖြင့် ရခိုင်ကျေးရွာများကိုဦးတည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့်ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာအတွင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့်လူနေအိမ်(၁) လုံးမီးလောင်ပျက်စီးခဲ့သည်။ စစ်ရာဇဝတ်နယ်ခဲျ့တပ်(မြန်မာ့တပ်မတော် Myanmar Army) သည် လူမျိုးရေးအမုန်းတရားများကိုအခြေခံ၍ ရသေ့တောင်၊ ဘူးသီးတောင်၊ မြေပုံ နှင့်ပလက်ဝမြို့နယ်များဖက်တွင်လက်နက်ကြီးများ နှင့် စစ်သဘောၤများပေါ်မှရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်များဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရခိုင်ကျေးရွာများကိုဦးတည်တိုက်ခိုက်ခြင်းစသည်တို့ကို တောက်လျှောက်ပြုလုပ်လျှက်ရှိသည်။ ထို့ကြောင့်အရပ်သားများသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရသည့်အရေအတွက်များမှာလည်းတစ်ရက်ပြီးတစ်ရက်မြင့်တက်လျှက်ရှိသည်။ မြန်မာ့တပ်မတော်၏ စစ်ရာဇဝတ်ကျူးလွန်သည့်လုပ်ရပ်များကို မှတ်တမ်းတင်၍ နိုင်ငံတကာအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံပေးပို့ကြပါရန်ထပ်မံတိုက်တွန်းအပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ၂၀၁၉ ခုႏွစ္၊ နိုဝင္ဘာလ(၂၃) ရက္၊ နံနက္(၁၁) နာရီခန္႔တြင္ ပုဏၰားကြ်န္းၿမိဳ႕နယ္၊ ၾကက္ေခ်းရြာ အေနာက္ေျမာက္ဖက္(၁.၈) ကီလိုမီတာအကြာအေဝးတြင္ လည္းေကာင္း၊ နံနက္(၁၁) နာရီ (၂၃) မိနစ္တြင္,ပလက္ဝၿမိဳ႕နယ္၊ ေရခ်မ္းသာရြာအေနာက္ဖက္(၂.၄) ကီလိုမီတာအကြာအေဝးတြင္လည္းေကာင္းမိနစ္အနည္းငယ္ၾကာထိေတြ႕တိုက္ခိုက္မႈမ်ားျဖစ္ပြားခဲ့သည္။ ရန္သူသည္ေရွ႕ဆက္တိုးလာျခင္းမရွိဘဲ လက္နက္ႀကီး၊လက္နက္ငယ္မ်ားျဖင့္ရမ္းသန္းပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။ ဤထိေတြ႕မႈမ်ားအတြင္းရန္သူ႔ဖက္မွ ထိခိုက္ဒဏ္ရာရသူအနည္းငယ္ရွိခဲ့သည္။ ျမန္မာ့တပ္မေတာ္၏ရေသ့ေတာင္ၿမိဳ႕နယ္၊ ေရစိုးေခ်ာင္းဗ်ဴဟာမွ လက္နက္ႀကီးမ်ားျဖင့္ ေန႔၊ည ပစ္ခတ္တိုက္ခိုက္ေနခဲ့သည္မွာကာလအတန္ၾကာၿပီျဖစ္သည္။ ထို႔ေၾကာင့္ ၎ေရစိုးေခ်ာင္းဗ်ဴဟာမွ ဆင္းလာေသာ စစ္ေၾကာင္းတစ္ခုအား ရကၡိဳင့္တပ္ေတာ္မွညေန(၃) နာရီ (၅၄)မိနစ္တြင္ ေရစိုးေခ်ာင္းဗ်ဴဟာအနီး၌ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။ ရန္သူ႔ဖက္မွအထိအခိုက္အက်အဆံုး (မ်က္ျမင္-(၄) ဦးေသဆံုးခဲ့သည္။ အဆိုပါရန္သူ႔စစ္ေၾကာင္းအား ညေန(၄) နာရီ(၄၅) မိနစ္တြင္ေနာက္ထပ္တစ္ႀကိမ္ထပ္မံတိုက္ခိုက္ခဲ့သည္။ ရန္သူ႔ဖက္မွထိခိုက္က်ဆံုးသူမ်ားထပ္မံရွိခဲ့သည္။ ထို႔ေနာက္ စစ္ရာဇဝတ္နယ္ခဲ်တပ္(ျမန္မာ့တပ္မေတာ္ Myanmar Army) သည္ ၎တို႔၏ လုပ္ေနက်ထံုးအတိုင္း လက္နက္ႀကီးမ်ားျဖင့္ ရခိုင္ေက်းရြာမ်ားကိုဦးတည္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ထို႔ေၾကာင့္ရေသ့ေတာင္ၿမိဳ႕နယ္၊ အမ်က္ေတာင္ေက်းရြာအတြင္းလက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲမႈေၾကာင့္လူေနအိမ္(၁) လံုးမီးေလာင္ပ်က္စီးခဲ့သည္။ စစ္ရာဇဝတ္နယ္ခဲ်႕တပ္(ျမန္မာ့တပ္မေတာ္ Myanmar Army) သည္ လူမိ်ဳးေရးအမုန္းတရားမ်ားကိုအေျခခံ၍ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေျမပံု ႏွင့္ပလက္ဝၿမိဳ႕နယ္မ်ားဖက္တြင္လက္နက္ႀကီးမ်ား ႏွင့္ စစ္သေဘာၤမ်ားေပၚမွရမ္းသန္းပစ္ခတ္တိုက္ခိုက္ျခင္း၊ ရဟတ္ယာဥ္မ်ားျဖင့္ဗံုးႀကဲတိုက္ခိုက္ျခင္း၊ ရခိုင္ေက်းရြာမ်ားကိုဦးတည္တိုက္ခိုက္ျခင္းစသည္တို႔ကို ေတာက္ေလွ်ာက္ျပဳလုပ္လွ်က္ရွိသည္။ ထို႔ေၾကာင့္အရပ္သားမ်ားေသဆံုးျခင္း၊ ထိခိုက္ဒဏ္ရာရသည့္အေရအတြက္မ်ားမွာလည္းတစ္ရက္ၿပီးတစ္ရက္ျမင့္တက္လွ်က္ရွိသည္။ ျမန္မာ့တပ္မေတာ္၏ စစ္ရာဇဝတ္က်ဴးလြန္သည့္လုပ္ရပ္မ်ားကို မွတ္တမ္းတင္၍ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားထံေပးပို႔ၾကပါရန္ထပ္မံတိုက္တြန္းအပ္ပါသည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this