မင်းပြားမြို့နယ်၊ ဖားပြိုရွာအရှေ့ဖက်(၂.၃) ကီလိုမီတာအကွာအဝေး( ရာမောင်တံတား) အနီး၌၂၀၂၀ ပြည့်နှစ်၊ နံနက်(၈) နာရီ(၂၈) မိနစ်တွင် ရင်ဆိုင်တိုကိပွဲဖြစ်ပွားခဲ့သည်။အချိန်တိုတိုအတွင်းအနည်းဆုံးရန်သူ(၄) ဦးအားသုတ်သသင်ရှင်းနိုင်ခဲ့သည်။ ထိရောက်စွာတိုက်ခိုက်နိုင်သောတိုက်ပွဲတစ်ပွဲဖြစ်သည်။
ပလက်ဝ၊ မြေပုံ၊ အမ်းမြိ့နယ်များအတွင်း၌ မြန်မာ့တပ်မတေဂျက်၊ ရဟတ်ယာဉ်၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ထို့ကြောင့်အရပ်သားများ၊ လူနေအိမ်များအနီးကျရောက်ပေါက်ကွဲ၍ဒဏ်ရာ ရမှုများရှိခဲ့သည်။
ရန်သူသည် သံချပ်ကာယာဉ်များအပါအဝင် လူ၊လက်နက်ခဲယမ်းများကို အဆမတန်ဖြည့်တင်းနေသောကြောင့်တိုက်ပွဲများဆက်လက်ပြင်းထန်လာဖွယ်ရှိသည်။ မိမိတို့အနေဖြင့်လည်း အကောင်ဆုံးခုခံကာကွယ်တိုက်ခိုက်သွားမည်။ တိုက်ပွဲနောက်ဆက်တွဲများနှင့် အခြားတိုက်ပွဲများရှိပါကဆက်လက်တင်ပေးသွားပါမည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်