Date : 12-Jan-2020
#Unicode ဇန်နဝါရီလ(၁၁) ရက်နေ့တွင် တိုက်ပွဲများပြင်းထန်သကဲ့သို့ မြန်မာ့တပ်မတော်ဖက်မှ အသေအပျောက်အများဆုံးနေ့တစ်နေ့လည်းဖြစ်ခဲ့သည်။ ၂၀၂၀ ခုနှစ်နှစ်ဆန်းပိုင်းမှစ၍ ရခိုင်ဒေသ၊ ပလက်ဝဒေသအတွင်း၌ တိုက်ပွဲများမှာနေ့တိုင်းနီးပါးဖြစ်ပွားလျှက်ရှိပြီး ယနေ့သည် တိုက်ပွဲနေရာအများဆုံးနှင့်အတူ တိုက်ပွဲအရှိန်သည်ဆက်လက်မြင့်တက်လျှက်ရှိသည်။ မိမိတို့အနေဖြင့် ၂၀၂၀ နှစ်ဆန်းပိုင်းမှစ၍ တိုက်ပွဲများလျော့ချရန်ကြိုးစားနေသော်လည်း နယ်ခဲျ့စစ်ရာဇဝတ်တပ်ဖွဲ့ မြန်မာ့တပ်မတော်သည် ကြီးမားသောထိုးစစ်ဆင်တိုက်ခိုက်မှုများကိုအရှိန်အဟုန်မြှင့်ဆက်လက်လုပ်ဆောင်နေခြင်း၊ လက်နက်၊လူအင်အားအများအပြားကိုထပ်မံပို့ဆောင်နေခြင်းများကြောင့် ယခုကဲ့သို့တိုက်ပွဲများပိုမိုပြင်းထန်စွာဖြစ်ပွားနေရခြင်းဖြစ်သည်။ ဇန်နဝါရီ(၁) ရက်မှ (၁၁) ရက်အတွင်း တိုက်ပွဲအကြိမ်အရေအတွက်(၃၈) ကြိမ်အထိရှိခဲ့ပြီး တိုက်ပွဲဧရိယာသည်လည်းတစ်ရက်ထက်တစ်ရက်ပိုမိုကျယ်ပြန့်လာခဲ့သည်။ ဆယ့်တစ်ရက်တာကာလအတွင်း စစ်ရာဇဝတ်တပ်ဖွဲ့မြန်မာ့တပ်မတော်ဖက်မှ အရာရှိကြီး၊ အရာရှိငယ်အချို့အပါအဝင် သေဆုံးသူ(၇၅) ဦးနှင့် ဒဏ်ရာရသူ( ၄၂)ဦးအထက်ရှိခဲ့ပြီး ရခိုင်စစ်မျက်နှာပြင်၌၎င်းတို့၏ ထိုးစစ်မှာအထိနာလျှက်ရှိသည်။ (၁)ဇန်နဝါရီလ(၁၁) ရက်၊ နံနက်(၄) နာရီ(၅၀) မိနစ်တွင် မင်းပြားမြို့နယ်၊ ဖားပြို(ချင်း) ရွာ၏ အရှေ့တောင်ဖက်(၁.၉) ကီလိုမီတာအကွာအဝေးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲအတွင်း၌လည်း ရန်သူဖက်မှအရာရှိအချို့အပါအဝင်အကျအဆုံးများနှင့်အတူလက်နက်ခဲယမ်းအချို့ကိုထားပြီးထွက်ပြေးသွားသည်။ နံနက်(၉) နာရီ (၁၃) မိနစ်တွင် ရန်သူသည် ရဟတ်ယာဉ်(၂) စီးဖြင့် မိနစ်(၂၀) ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဤကဲ့သို့တိုက်ပွဲပြင်းထန်နေသည့်ကြားမှ ရန်သူ၏စစ်အသုံးအဆောင်၊လက်နက်ခဲယမ်းများပါသော ကြောပိုးအိတ်(၁၈) လုံးကိုသိမ်းဆည်းရမိခဲ့သည်။ မိမိတို့ဖက်မှလည်း အလတ်စားဒဏ်ရာရရှိသူအချို့ရှိခဲ့သည်။ရန်သူ့ဖက်မှအနည်းဆုံး(၁၅) ဦး ကျော်သေဆုံးကာဒဏ်ရာရသူများလည်းထပ်မံရှိခဲ့သည်။ ရန်သူသည်အထိနာပြီးလက်နက်ကြီး၊လက်နက်ငယ်များဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုကြောင့်မေလွန်းရွာမှ ကိုဖြိုးဝင်း(၁၀) လအရွယ်၊ ကလေးငယ်(ကျား) တစ်ဦးပွဲချင်းပြီးသေဆုံးကာဒဏ်ရာရသူအရပ်သားအချို့ရှိခဲ့သည်။(သိမ်းဆည်းရမိပစ္စည်းများ၏ဓာတ်ပုံကိုထပ်မံတင်ပေးသွားပါမည်) (၂)ထို့အပြင် နံနက်(၆) နာရီ(၃၀) မိနစ်အချိန်တွင်လည်း မင်းပြားမြို့နယ်၊ သေကန်ရွာနှင့် စမ်းဘလေရွာကြားတွင်လည်း ရင်ဆိုင်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲအတွင်း၌လည်း ရန်သူ့ဖက်မှအထိနာခဲ့သည်။ (၃)ထို့အတူ နေ့လည်(၁) နာရီ(၁၀) မိနစ်အချိန်တွင်လည်း မင်းပြားမြို့နယ်၊မင်းရွာနှင့် မြစ်နားရွာအရှေ့ဖက်(၁) ကီလိုမီတာအကွာအဝေးရှိတောင်တန်းတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအသေးစိပ်နှင့်နောက်ဆက်တွဲအခြေအနေများကိုလောလောဆယ်မသိရသေးပါ။ (၄)နေ့လည်(၃) နာရီခန့်အချိန်တွင်လည်း မင်းပြားမြို့နယ်၊ ခွဆုံရွာအရှေ့မြောက်ဖက်(၁.၃) ကီလိုမီတာအကွာအဝေးရှိတောင်တန်းတွင်လည်းမြန်မာ့တပ်မတော်သည်မိမိတို့ရှိရာနေရာသို့ဝင်ရောက်လာသောကြောင့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ဇန်နဝါရီလ(၁၁) ရက်နေ့တွင် မင်းပြားမြို့နယ်၏နေရာ(၄) ခု၌တိုက်ပွဲများဖြစ်ပွားကာ ၂၀၂၀ ဇန်နဝါရီလ၏အပြင်းထန်ဆုံးနေ့တစ်နေ့လည်းဖြစ်သည်။ (၅)မြေပုံမြို့နယ်၊ စညှင်းရွာအနောက်မြောက်ဘက် (၄) ကီလိုမီတာအကွာအဝေးရှိတောင်တန်းတွင်လည်းရန်သူသည်မိမိတို့ရှိရာနေရာသို့ကျုးကျော်ဝင်ရောက်လာသောကြောင့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ညနေ(၄) နာရီ(၄၄) မိနစ်တွင် ရန်သူသည် ရဟတ်ယာဉ်(၂) စီးဖြင့် (၁၅) မိနစ်ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရသည်အထိ တိုက်ပွဲပြင်းထန်ကာ ရန်သူ့ဖက်မှအထိအခိုက်အကျအဆုံးများရှိခဲ့သည်။ (၆) နေ့လည်(၁) နာရီ(၃၈) မိနစ်တွင်လည်း ဘူးသီးတောင်မြို့နယ်၊ အောင်ဇေယျရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ (၇)မြန်မာ့တပ်မတော်သည်ရသေ့တောင်မြို့နယ်၊ အမှတ်(၅၃၇) တပ်ရင်းမှလည်းကောင်း၊ ရသေ့တောင်ရေစိုးချောင်းဗျူဟာမှလည်းကောင်း လက်နက်ကြီးများတောက်လျှောက်ပစ်ခတ်တိုက်ခိုက်သကဲ့သို့ညနေ(၃) နာရီ(၁၀) မိနစ်တွင် ရဟတ်ယာဉ်(၂) စီးဖြင့် မိနစ်(၃၀) ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲများအတွင်းသတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့ပြီးတိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသောအာရက္ခစစ်သည်တော်များအားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ဇန္နဝါရီလ(၁၁) ရက္ေန႔တြင္ တိုက္ပြဲမ်ားျပင္းထန္သကဲ့သို႔ ျမန္မာ့တပ္မေတာ္ဖက္မွ အေသအေပ်ာက္အမ်ားဆံုးေန႔တစ္ေန႔လည္းျဖစ္ခဲ့သည္။ ၂၀၂၀ ခုႏွစ္ႏွစ္ဆန္းပိုင္းမွစ၍ ရခိုင္ေဒသ၊ ပလက္ဝေဒသအတြင္း၌ တိုက္ပြဲမ်ားမွာေန႔တိုင္းနီးပါးျဖစ္ပြားလွ်က္ရွိၿပီး ယေန႔သည္ တိုက္ပြဲေနရာအမ်ားဆံုးႏွင့္အတူ တိုက္ပြဲအရွိန္သည္ဆက္လက္ျမင့္တက္လွ်က္ရွိသည္။ မိမိတို႔အေနျဖင့္ ၂၀၂၀ ႏွစ္ဆန္းပိုင္းမွစ၍ တိုက္ပြဲမ်ားေလ်ာ့ခ်ရန္ႀကိဳးစားေနေသာ္လည္း နယ္ခဲ်႕စစ္ရာဇဝတ္တပ္ဖြဲ႕ ျမန္မာ့တပ္မေတာ္သည္ ႀကီးမားေသာထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကိုအရွိန္အဟုန္ျမႇင့္ဆက္လက္လုပ္ေဆာင္ေနျခင္း၊ လက္နက္၊လူအင္အားအမ်ားအျပားကိုထပ္မံပို႔ေဆာင္ေနျခင္းမ်ားေျကာင့္ ယခုကဲ့သို႔တိုက္ပြဲမ်ားပိုမိုျပင္းထန္စြာျဖစ္ပြားေနရျခင္းျဖစ္သည္။ ဇန္နဝါရီ(၁) ရက္မွ (၁၁) ရက္အတြင္း တိုက္ပြဲအႀကိမ္အေရအတြက္(၃၈) ႀကိမ္အထိရွိခဲ့ၿပီး တိုက္ပြဲဧရိယာသည္လည္းတစ္ရက္ထက္တစ္ရက္ပိုမိုက်ယ္ျပန္႔လာခဲ့သည္။ ဆယ့္တစ္ရက္တာကာလအတြင္း စစ္ရာဇဝတ္တပ္ဖြဲ႕ျမန္မာ့တပ္မေတာ္ဖက္မွ အရာရွိႀကီး၊ အရာရွိငယ္အခိ်ဳ႕အပါအဝင္ ေသဆံုးသူ(၇၅) ဦးႏွင့္ ဒဏ္ရာရသူ( ၄၂)ဦးအထက္ရွိခဲ့ၿပီး ရခိုင္စစ္မ်က္ႏွာျပင္၌၎တို႔၏ ထိုးစစ္မွာအထိနာလွ်က္ရွိသည္။ (၁)ဇန္နဝါရီလ(၁၁) ရက္၊ နံနက္(၄) နာရီ(၅၀) မိနစ္တြင္ မင္းျပားၿမိဳ႕နယ္၊ ဖားၿပိဳ(ခ်င္း) ရြာ၏ အေရွ႕ေတာင္ဖက္(၁.၉) ကီလိုမီတာအကြာအေဝးတြင္ ရင္ဆိုင္တိုက္ပြဲျဖစ္ပြားခဲ့သည္။ ဤတိုက္ပြဲအတြင္း၌လည္း ရန္သူဖက္မွအရာရွိအခိ်ဳ႕အပါအဝင္အက်အဆံုးမ်ားႏွင့္အတူလက္နက္ခဲယမ္းအခိ်ဳ႕ကိုထားၿပီးထြက္ေျပးသြားသည္။ နံနက္(၉) နာရီ (၁၃) မိနစ္တြင္ ရန္သူသည္ ရဟတ္ယာဥ္(၂) စီးျဖင့္ မိနစ္(၂၀) ခန္႔လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ဤကဲ့သို႔တိုက္ပြဲျပင္းထန္ေနသည့္ၾကားမွ ရန္သူ၏စစ္အသံုးအေဆာင္၊လက္နက္ခဲယမ္းမ်ားပါေသာ ေၾကာပိုးအိတ္(၁၈) လံုးကိုသိမ္းဆည္းရမိခဲ့သည္။ မိမိတို႔ဖက္မွလည္း အလတ္စားဒဏ္ရာရရွိသူအခိ်ဳ႕ရွိခဲ့သည္။ရန္သူ႔ဖက္မွအနည္းဆံုး(၁၅) ဦး ေက်ာ္ေသဆံုးကာဒဏ္ရာရသူမ်ားလည္းထပ္မံရွိခဲ့သည္။ ရန္သူသည္အထိနာၿပီးလက္နက္ႀကီး၊လက္နက္ငယ္မ်ားျဖင့္ရမ္းသန္းပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ေမလြန္းရြာမွ ကိုၿဖိဳးဝင္း(၁၀) လအရြယ္၊ ကေလးငယ္(က်ား) တစ္ဦးပြဲခ်င္းၿပီးေသဆံုးကာဒဏ္ရာရသူအရပ္သားအခိ်ဳ႕ရွိခဲ့သည္။(သိမ္းဆည္းရမိပစၥည္းမ်ား၏ဓာတ္ပံုကိုထပ္မံတင္ေပးသြားပါမည္) (၂)ထို႔အျပင္ နံနက္(၆) နာရီ(၃၀) မိနစ္အခိ်န္တြင္လည္း မင္းျပားၿမိဳ႕နယ္၊ ေသကန္ရြာႏွင့္ စမ္းဘေလရြာၾကားတြင္လည္း ရင္ဆိုင္တိုက္ပြဲထပ္မံျဖစ္ပြားခဲ့သည္။ ဤတိုက္ပြဲအတြင္း၌လည္း ရန္သူ႔ဖက္မွအထိနာခဲ့သည္။ (၃)ထို႔အတူ ေန႔လည္(၁) နာရီ(၁၀) မိနစ္အခိ်န္တြင္လည္း မင္းျပားၿမိဳ႕နယ္၊မင္းရြာႏွင့္ ျမစ္နားရြာအေရွ႕ဖက္(၁) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းတြင္လည္း တိုက္ပြဲျဖစ္ပြားခဲ့သည္။ တိုက္ပြဲအေသးစိပ္ႏွင့္ေနာက္ဆက္တြဲအေျခအေနမ်ားကိုေလာေလာဆယ္မသိရေသးပါ။ (၄)ေန႔လည္(၃) နာရီခန္႔အခိ်န္တြင္လည္း မင္းျပားၿမိဳ႕နယ္၊ ခြဆုံရြာအေရွ႕ေျမာက္ဖက္(၁.၃) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းတြင္လည္းျမန္မာ့တပ္မေတာ္သည္မိမိတို႔ရွိရာေနရာသို႔ဝင္ေရာက္လာေသာေၾကာင့္တိုက္ပြဲျဖစ္ပြားခဲ့သည္။ ထို႔ေၾကာင့္ ဇန္နဝါရီလ(၁၁) ရက္ေန႔တြင္ မင္းျပားၿမိဳ႕နယ္၏ေနရာ(၄) ခု၌တိုက္ပြဲမ်ားျဖစ္ပြားကာ ၂၀၂၀ ဇန္နဝါရီလ၏အျပင္းထန္ဆံုးေန႔တစ္ေန႔လည္းျဖစ္သည္။ (၅)ေျမပုံၿမိဳ႕နယ္၊ စညႇင္းရြာအေနာက္ေျမာက္ဘက္ (၄) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းတြင္လည္းရန္သူသည္မိမိတို႔ရွိရာေနရာသို႔က်ဳးေက်ာ္ဝင္ေရာက္လာေသာေၾကာင့္တိုက္ပြဲျဖစ္ပြားခဲ့သည္။ ညေန(၄) နာရီ(၄၄) မိနစ္တြင္ ရန္သူသည္ ရဟတ္ယာဥ္(၂) စီးျဖင့္ (၁၅) မိနစ္ခန္႔လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ရသည္အထိ တိုက္ပြဲျပင္းထန္ကာ ရန္သူ႔ဖက္မွအထိအခိုက္အက်အဆံုးမ်ားရွိခဲ့သည္။ (၆) ေန႔လည္(၁) နာရီ(၃၈) မိနစ္တြင္လည္း ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေအာင္ေဇယ်ရြာအနီး၌ တိုက္ပြဲျဖစ္ပြားခဲ့သည္။ (၇)ျမန္မာ့တပ္မေတာ္သည္ရေသ့ေတာင္ၿမိဳ႕နယ္၊ အမွတ္(၅၃၇) တပ္ရင္းမွလည္းေကာင္း၊ ရေသ့ေတာင္ေရစိုးေခ်ာင္းဗ်ဴဟာမွလည္းေကာင္း လက္နက္ႀကီးမ်ားေတာက္ေလွ်ာက္ပစ္ခတ္တိုက္ခိုက္သကဲ့သို႔ညေန(၃) နာရီ(၁၀) မိနစ္တြင္ ရဟတ္ယာဥ္(၂) စီးျဖင့္ မိနစ္(၃၀) ခန္႔လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ တိုက္ပြဲမ်ားအတြင္းသတၱိေျပာင္ေျမာက္စြာတိုက္ပြဲဝင္ခဲ့ၿပီးတိုင္းျပည္ႏွင့္လူမိ်ဳးအတြက္အသက္ေပးဆပ္စြန္႔လႊတ္ခဲ့ရေသာအာရကၡစစ္သည္ေတာ္မ်ားအားဂုဏ္ျပဳမွတ္တမ္းတင္အပ္ပါသည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္