၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၉)ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 20-Jul-2020

Nyo Twan Awng

 ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၆) ရက်နေ့မှစတင်ပြီး ရသေ့တောင်မြို့နယ်အတွင်းရှိ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များရှိရာနေရာများသို့ မြန်မာ့တပ်မတော်သည်လက်နက်ကြီး၊ လေကြောင်းပစ်ကူ၊ စစ်အင်အားအလုံးအရင်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်ပြုလုပ်ခဲ့သည်။ကိုရိုနာကူးစက်ရောဂါ တားဆီးရေး၊ ထိန်းချုပ်ရေး နှင့် တိုက်ဖျက်ရေးကာလ၊ ရက္ခိုင့်တပ်တော်မှ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားသည့်ကာလ များကိုအခွင့်ကောင်းယူပြီး ကြီးမားသောထိုးစစ်ဆင်တိုက်ခိုက်မှုများအား မြန်မာ့တပ်မတော်သည်ကျောက်တန်းရွာပတ်ဝန်း၌ဆက်လက်ပြုလုပ်နေခဲ့သည်။

ရခိုင်ပြည်၊ရသေ့တောင်မြို့နယ်၊ အောင်သာစည်( အောင်သာဇေ) ပတ်ဝန်းကျင်ရှိ မိမိတို့တပ်ဖွဲ့ဝင်များအားထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာ ဇူလိုင်လ(၁၉) ရက်နေ့ဆိုလျှင်လေးရက်မြောက်သို့ရောက်ခဲ့ပြီဖြစ်သည်။

ထို့အတူ ရန်သူသည်စစ်အင်အား၊ လက်နက်အင်အားများကို နေရာအနှံ့ထပ်မံဖြည့်တင်းနေသောကြောင့် မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်းရွာမြောက်ဖက်(၁.၂) ကီလိုမီတာအကွာအဝေး၌ ရေလမ်းမှ စစ်အင်အားဖြည့်တင်းနေသော မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့သည် နံနက်(၁၁) နာရီ(၀၇) မိနစ်၌ မိနစ်အနည်းငယ်ကြာထိတွေ့မှုဖြစ်ပွားခဲ့သည်။ သို့သော်လည်းရန်သူသည် အချိန်အကြာကြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်နာရီနီးပါးကြာ နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယနေ့တိုက်ပွဲများအတွင်း၌လည်း ရန်သူ(၁၅) ဦးခန့်အားရက္ခိုင့်တပ်တော်မှ သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

မိမိတို့အနေဖြင့် တိုက်ပွဲများမဖြစ်ပွားရအောင် ထိန်းထိန်းသိမ်းသိမ်းနေသော်လည်း မြန်မာ့တပ်မတော်မှ ယခုကဲ့သို့ ထိုးစစ်များကိုဆက်လက်ပြုလုပ်နေသောကြောင့် တိုက်ပွဲနောက်ဆက်တွဲ နှင့် ဖြစ်လာမည့် အကျိုးဆက်မှာ မြန်မာ့တက်မတော်၏တာဝန်သာဖြစ်ကြောင်းသိစေအပ်သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this