၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၆/၇) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 08-Dec-2019

#Unicode ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင်လည်း နေ့လယ် (၁) နာရီ (၃၀) မိနစ်ခန့်အချိန်တွင်ရသေ့တောင်မြို့နယ်၊ ရေဘုတ်ရွာအရှေ့ဘက် (၁.၆)ကီလိုမီတာ အကွာအဝေးရှိ လယ်ကွင်းထဲ၌လည်းကောင်း၊ ဒီဇင်ဘာလ(၇) ရက်၊ နံနက်(၁၁) နာရီအချိန်တွင်ရေဘုတ်ရွာ၏အရှေ့မြောက်ဖက်(၃.၈) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင်တွင်လည်းကောင်းနယ်ချဲ့စစ်ရာဇဝတ်တပ်ဖွဲ့( မြန်မာ့တပ်မတော်) ၏ တပ်မ(၂၂) (ဘားအံ)လက်အောက်ခံ၊"ကျိုက်မရော"အခြေစိုက်၊ ခမရ (၂၀၈) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာလ(၆/၇) နှစ်ရက်တိုက်ပွဲအတွင်း ခမရ(၂၀၈) မှ တစ်ဆယ်ဦးကျော်သေဆုံးခဲ့ပြီးဒဏ်ရာရသူများလည်းထပ်မံရှိနိုင်သည်။ ယနေ့တိုက်ပွဲအတွင်းမိမိတို့ဖက်မှလည်း အာရက္ခစစ်သည်တော်တစ်ဦးတိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။ မြန်မာ့တပ်မတော်သည် ရဟတ်ယာဉ်(၂) စီးဖြင့် နေ့လည်(၁၂) နာရီတွင်တစ်ကြိမ့်၊ နေ့လည် (၂) နာရီ(၃၀) မိနစ်တွင်တစ်ကြိမ်၊စုစုပေါင်းကြာချိန်တစ်နာရီခန့်( နာရီဝက်ခန့်နှစ်ကြိမ်) လာရောက်ပစ်ခတ်တိုက်ခိုက်ရသည်အထိ မြန်မာ့တပ်မတော်ဖက်ကအထိအခိုက်၊အကျအဆုံးများခဲ့သည်။ ရန်သူ့လက်နက်ခဲယမ်းအချို့နှင့်ရန်သူအလောင်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၇) ရက်နေ့တွင်ဘူးသီးတောင်မြို့နယ်၊ကမ်းပိုင်ချောင်းကျေးရွာ၏ အနောက်မြောက်ဖက်၊(၁) ကီလိုမီတာအကွာအဝေးရှိတောင်တန်း နှင့် ၎င်းပတ်ဝန်းကျင်ရှိလယ်ကွင်းများထဲတွင်နံနက်(၁၁) နာရီ(၁၈) မိနစ်မှ ညနေ(၃) နာရီခန့်အထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများတောက်လျှောက်ရှိခဲ့သည်။ ရန်သူသည် မိမိတို့ရှိရာနေရာသို့ဝင်ရောက်လာသောကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဤတိုက်ပွဲအတွင်း၌လည်းရန်သူ့ဖက်မှ မျက်မြင်(၃) ဦးသေဆုံးခဲ့သည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ (၆) ရက္ေန႔တြင္လည္း ေန႔လယ္ (၁) နာရီ (၃၀) မိနစ္ခန္႔အခ်ိန္တြင္ရေသ့ေတာင္ၿမိဳ႕နယ္၊ ေရဘုတ္ရြာအေရွ႕ဘက္ (၁.၆)ကီလိုမီတာ အကြာအေဝးရိွ လယ္ကြင္းထဲ၌လည္းေကာင္း၊ ဒီဇင္ဘာလ(၇) ရက္၊ နံနက္(၁၁) နာရီအခ်ိန္တြင္ေရဘုတ္ရြာ၏အေရွ႕ေျမာက္ဖက္(၃.၈) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းေပၚတြင္တြင္လည္းေကာင္းနယ္ခ်ဲ႕စစ္ရာဇဝတ္တပ္ဖြဲ႕( ျမန္မာ့တပ္မေတာ္) ၏ တပ္မ(၂၂) (ဘားအံ)လက္ေအာက္ခံ၊"က်ိဳက္မေရာ"အေျခစိုက္၊ ခမရ (၂၀၈) တပ္ရင္းႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔ တိုက္ပြဲျဖစ္ပြားခဲ့သည္။ ဒီဇင္ဘာလ(၆/၇) ႏွစ္ရက္တိုက္ပြဲအတြင္း ခမရ(၂၀၈) မွ တစ္ဆယ္ဦးေက်ာ္ေသဆံုးခဲ့ၿပီးဒဏ္ရာရသူမ်ားလည္းထပ္မံရွိႏိုင္သည္။ ယေန႔တိုက္ပြဲအတြင္းမိမိတို႔ဖက္မွလည္း အာရကၡစစ္သည္ေတာ္တစ္ဦးတိုင္းျပည္ႏွင့္လူမ်ိဳးအတြက္အသက္ေပးဆပ္စြန္႔လႊတ္ခဲ့ရသည္။ ျမန္မာ့တပ္မေတာ္သည္ ရဟတ္ယာဥ္(၂) စီးျဖင့္ ေန႔လည္(၁၂) နာရီတြင္တစ္ႀကိမ္႔၊ ေန႔လည္ (၂) နာရီ(၃၀) မိနစ္တြင္တစ္ႀကိမ္၊စုစုေပါင္းၾကာခ်ိန္တစ္နာရီခန္႔( နာရီဝက္ခန္႔ႏွစ္ႀကိမ္) လာေရာက္ပစ္ခတ္တိုက္ခိုက္ရသည္အထိ ျမန္မာ့တပ္မေတာ္ဖက္ကအထိအခိုက္၊အက်အဆံုးမ်ားခဲ့သည္။ ရန္သူ႔လက္နက္ခဲယမ္းအခ်ိဳ႕ႏွင့္ရန္သူအေလာင္းအခ်ိဳ႕ကို သိမ္းဆည္းရမိခဲ့သည္။။ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ(၇) ရက္ေန႔တြင္ဘူးသီးေတာင္ၿမိဳ႕နယ္၊ကမ္းပိုင္ေခ်ာင္းေက်းရြာ၏ အေနာက္ေျမာက္ဖက္၊(၁) ကီလိုမီတာအကြာအေဝးရွိေတာင္တန္း ႏွင့္ ၎ပတ္ဝန္းက်င္ရွိလယ္ကြင္းမ်ားထဲတြင္နံနက္(၁၁) နာရီ(၁၈) မိနစ္မွ ညေန(၃) နာရီခန္႔အထိ ႏွစ္ဖက္အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ားေတာက္ေလွ်ာက္ရွိခဲ့သည္။ ရန္သူသည္ မိမိတို႔ရွိရာေနရာသို႔ဝင္ေရာက္လာေသာေၾကာင့္တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ဤတိုက္ပြဲအတြင္း၌လည္းရန္သူ႔ဖက္မွ မ်က္ျမင္(၃) ဦးေသဆံုးခဲ့သည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this