စစ်ရာဇဝတ်နယ်ချဲ့မြန်မာ့တပ်မတော်မှလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်ကျောက်ရံသာစည်ရွာသားအချို့ဒဏ်ရာရ

blog

Date : 23-Aug-2020

Nyo Twan Awng

စစ်ရာဇဝတ်နယ်ချဲ့မြန်မာ့တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်ခဲ့သောလက်နက်ကြီးကျည်အချို့ထိမှန်၍ ကျောက်ရံသာစည်ရွာအတွင်းမှကလေး(၁) ဦး၊အရပ်သား(၄) ဦး ၊စုစုပေါင်း(၅) ဦးထိခိုက်ဒဏ်ရာရ

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၂၃) ရက်ရေးတင်သည်။ AAInfoDesk@2020

ရခိုင်ဒေသအတွင်း၌ ယခုရက်များအတွင်း ကိုရိုနာကူးစက်ခံရသူအရေအတွက်မြင့်တက်နေပြီး စစ်တွေမြို့၌ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ရသည်အထိ ကူးစက်ပျံ့ပွားနှုန်းမြင့်တက်ခဲ့သည်။ တပြိုင်နက်တည်းတွင် မြန်မာ့တပ်မတော် သည် ကိုရိုနာကူးစက်ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများကိုခုတုံးလုပ်ပြီး စစ်အင်အား၊ လက်နက်အင်အားဖြည့်တင်းခြင်း၊ စစ်ဆင်ရေးလုပ်ငန်းများကိုဆက်တိုက်လုက်ဆောင်နေခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၂၂) ရက်နေ့တွင် မြန်မာ့တပ်မတော်မှ စစ်ဆင်ရေးလုပ်မည်ဟုကြေညာထားသော ရသေ့တောင်မြို့နယ်အတွင်းရှိ ကျောက်ရံသာစည်ရွာအတွင်းသို့ မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမျှမရှိဘဲ ည(၈) နာရီ(၁၀) မိနစ် နှင့် ည(၈) နာရီ(၃၀) မိနစ်အတွင်း လက်နက်ကြီးများဖြင့် လူမျိုးရေးအမုန်းတရားကိုအခြေခံသောစိတ်မျိုးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။မညင်းတောင်ရွာ၌ အခြေချတပ်စွဲထားသော မြန်မာ့တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုကြောင့် ကလေး(၁) ဦး နှင့် အရပ်သား(၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ထိခိုက်ဒဏ်ရာရရှိခဲ့သူများမှာအောက်ပါအတိုင်းဖြစ်သည်။
(၁) မမြတ်လဲ့သူ(၃-နှစ်)၊ ဦးခေါင်းညာဘက်ဘေးတွင် လက်နက်ကြီးစထိမှန်ခဲ့သည်။
(အဖ ဦးကျော်အေး၊ အမိ ဒေါ်အေးသန်းနု)

(၂) ဒေါ်အေးသန်းနု (၄၃-နှစ်)၊ ဦးခေါင်းနောက်စေ့တည့်တည့်တွင် လက်နက်ကြီးစထိမှန်ခဲ့သည်။ ဦးခေါင်းခွံ ကြေမွခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ အသက်အန္တရာယ်စိုးရိမ်ရဖွယ်ရှိသည်။
(အဖ ဦးအောင်သိန်းစိုး၊ အမိ ဒေါ်အေးစိန်လှ)

(၃) မခိုင်လင်းဝေ (၁၆-နှစ်) ဘယ်ဘက်၊ နို့အုံနားတွင် လက်နက်ကြီးစထိမှန်ခဲ့သည်။ ဘယ်ဘက်လက်မောင်းအောက်မှ ဖောက်ထွက်သွားပြီးအလတ်စားဒဏ်ရာရရှိခဲ့သည်။
(အဖ၊ ဦးအေးစိန်မောင်၊ အမိ ဒေါ်ခင်ချေ)

(၄) ဦးကျော်အေး(၄၅-နှစ်)၊ ညာဘက်ရင်ဘတ်တွင် လက်နက်ကြီးစထိမှန်ခဲ့သည်။ ထို့အပြင် ဘယ်ဘက်ရင်ဘတ်၊ ညာဘက်ခြေခုံ နှင့် ဘယ်ဖက်ခြေခုံ အသီးသီးတို့တွင် လက်နက်ကြီးစထိမှန်ခဲ့သည်။
(အဖ- ဦးင/သံတိုင်၊ အမိ-ဒေါ်စိန်ဝင်းနု)

(၅) ဦးထွန်းတင်(၃၅-နှစ်)  ဦးခေါင်းညာဘက်ဘေး၊ နားထင်တို့တွင် လက်နက်ကြီးစထိမှန်ခဲ့သည်။
(အဖ ဦးမောင်သန်းနု၊ အမိ ဒေါ်ဦးမျသန်း)

မြန်မာ့တပ်မတော်၏ ဤကဲ့သို့သောလုပ်ရပ်များကို ရခိုင်၊ ပလက်ဝ အနှံ့အကြိမ်ဖန်များစွာပြုလုပ်ထားခဲ့ပြီးဖြစ်သည်။

မိမိတို့အနေဖြင့် မြန်မာ့တပ်မတော်၏ လူမျိုးတုံးသတ်ဖြတ်သောလုပ်ရပ်၊ လူမျိုးဖြုတ်ရှင်းလင်းရေးသို့ဦးတည်သောလုပ်ရပ်၊ စစ်ရာဇဝတ်ကျူးလွန်သောလုပ်ရပ်များကိုသေချာစွာမှတ်တမ်းတင်ရှိထားပြီး ရရှိထားသောသက်သေအထောက်အထားများအား နိုင်ငံတကာအဖွဲ့အစည်းများထံပေးပို့သွားမည်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Share on social

You may also like this