၂၀၁၉ ခုနှစ် အောက်တိုဘာလ (၂၄)ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 25-Oct-2019

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၂၄) ရက်နေ့တွင်လည်း မြန်မာစစ်တပ်သည် မင်းပြားမြို့နယ်၊ကျော်ကရွာ အရှေ့မြောက်ဖက်တောင်တန်းရှိ ရက္ခိုင့်တပ်တော်ရှိရာနေရာသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုကိုဆက်လက်ပြုလုပ်နေခဲ့သောကြောင့် တိုက်ပွဲများပြင်းထန်လျှက်ရှိသည်။ မြန်မာစစ်တပ်သည် လက်နက်ကြီးများဖြင့် တစ်နေ့လုံးတောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေခဲ့သော်လည်း ထိုးစစ်အားညနေ(၄) နာရီနောက်ပိုင်းမှသာပြုလုပ်ခဲ့သည်။ လောလောဆယ်တိုက်ပွဲအသေးစိပ်အခြေအနေများကိုမသိရသေးပါ။ တအန်း(ပလောင်) ဒေသတွင်လည်း မြန်မာစစ်တပ်၏ထိုးစစ်ဆက်တိုက်ခိုက်နေမှုများကြောင့်တိုက်ပွဲများပြင်းထန်လျှက်ရှိသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်


Share on social

You may also like this