"ခွဲထွက်ခြင်းအနုပညာ" အပိုင်း(၁)

article

Date : 14-Dec-2019

Nyo Twan Awng
Nyo Twan Awng
Nyo Twan Awng
Nyo Twan Awng

"လူသားအစခွဲထွက်ခြင်းက"ဟုပြောစမှတ်ပြုရလောက်အောင် ခွဲထွက်ခြင်းကိုကျနော်တို့ပတ်ဝန်းကျင်၏နေရာအနှံတွင်တွေ့နိုင်ပြီးလူ့ဘဝ၏နေရာတော်တော်များများတွင်ခွဲထွက်ခြင်းသည်အရေးကြီးသောအလုပ်တစ်ခုအဖြစ်တည်ရှိလျှက်ရှိသည်။ သမက်တက်ခြင်းကိုအောင်မြင်ပြီးမြောက်သည့်နောက်တစ်ဆင့်တွင် လင်နှင့်မယားနှစ်ယောက်အနက်မှတစ်ယောက်ယောက်သည် တစ်အိမ်အိမ်မှခွဲထွက်ပြီး" လင်နောက်သို့မယားလိုက်"၊"မယားနောက်သို့လင်လိုက်"၊"နှစ်ယောက်စလုံးခွဲထွက်ပြီးကိုယ့်အိုးကိုယ့်အိမ်တည်ထောင်" စသည့်သုံးခုထဲမှတစ်ခုခုကိုရွေးချယ်ကာ "ခွဲထွက်ခြင်းနိဒါန်း"ကိုစတင်ကြသည်။အရပ်ဖက်တွင် "ယောင်နောက်ဆံထုံးပါ/ဆံထုံးနောက်ယောင်ပါ" ဟုပြောကြသည်။ ကျနော်သည်ကားတတိယအုပ်စုထဲတွင်ပါဝင်ခဲ့ပြီးအဘာနန့်အမင်တို့၏ခွဲထွက်ခြင်းဇာတ်လမ်းမှ ထပ်မံခွဲထွက်လာသောဒုတိယသားကြီးသြရသတစ်ယောက်ဖြစ်သည်။ သန္ဓေတည်ပြီးလူရုပ်လုံးပေါ်သောအချိန်အပါအဝင်သန္ဓေသားအဆင့်ဆင့်တိုင်းတွင်ခွဲထွက်ခြင်းများကိုတွေ့ရှိနိုင်ပါသည်။ ထို့အတူလူသားဘဝတွင်လည်းခွဲထွက်ခြင်းအမှုကိုပုံစံအမျိုးမျိုး၊နည်းလမ်းအသွယ်သွယ်ဖြင့်လုပ်ဆောင်လျှက်ရှိကြသည်။ ခွဲထွက်ခြင်းတွင်စွန့်လွှတ်ရဲ(ဝံ့)သောစိတ်များဖြင့်အလုပ်လုပ်နိုင်သောသူများမှာ သူပုန်များဖြစ်ကြပေလိမ့်မည်။ သူပုန်ဘဝကိုကျေနပ်စွာခံယူရင်းခွဲထွက်ခြင်းအနုပညာကိုဘဝတူညီနောင်သူပုန်များဖြင့်သူပုန်အလုပ်ကိုလုပ်နေရသည်မှာ ၂၀၂၀ မတိုင်ခင်မွေးဖွားလာသည့်ရခိုင်ဖြစ်နေသောကြောင့်ဖြစ်သည်။ သူပုန်မဖြစ်မခံယူလိုလျှင်သူပုန်ဘဝကလွတ်မြောက်အောင်အရင်ဦးဆုံးလွတ်မြောက်ရေးတိုက်ပွဲဝင်ကြရမည်။ သန္ဓေသားလောင်းဘဝကို ကျေနပ်စွာခံယူပြီးကိုးလကျော်ဆယ်လထဲဝင်ခါနီးတွင်ကား,ခွဲထွက်ရန်ကြိုးစားအားထုတ်မှုအရှိန်အဟုန်သည်ကာတလန်သားတို့စပိန်မှခွဲထွက်ရန်ကြိုးစားသည့်နှုန်းကဲ့သို့အမြင့်ဆုံးအနေအထားတွင်ရှိနေခဲ့သည်။ သန္ဓေသားလောင်းကိုအုပ်ကာလွှမ်းခြုံထားသောအလွှာ(ရေမွှာ)ထဲမှ မည်သည့်အချိန်၌ခွဲထွက်ခွင့်ရမည်နည်းဆိုသည်မှာ သန္ဓေသားတစ်ယောက်၏အဖြစ်ချင်ဆုံးသောဆန္ဒဖြစ်နေပေလိမ့်မည်။ "ခွဲထွက်ခြင်း"မှာ"လွတ်မြောက်ခြင်း"( Freedom) ဖြစ်သည်ကို ကလေးမွေးဖွားသည့်အခန်း( Labour Room) များကဖော်ပြနေသည်။ မိခင်သည်မိမိ၏ဝမ်းဗိုက်ထဲတွင်ရှိနေသော သန္ဓေသားလောင်းအာဟာရ,ရရှိစေရန်နှင့်မိမိဝမ်းခေါင်းထဲမှ ခွဲထွက်ခွင့်ပြုလိုက်သောအချိန်တွင် အားအင်ပြည့်ဝပြီးကျန်းမာသောကလေးငယ်တစ်ယောက်အဖြစ်မွေးဖွားခွင့်ရရှိစေရန် လုံလောက်သောအစားအစာကိုစား၍ အားမွေးထားရသည်။ ထို့ကြောင့် မိခင်တိုင်းသည် အာဟာရရှိသောအစားအသောက်များကိုအချိုးညီစွာစားသုံးရန်အထူးလိုအပ်သည်။ အားအင်ရှိသောမိခင်သည် ညှစ်အားကောင်းပြီးသန်စွမ်းသောကလေးငယ်များကိုမွေးဖွားပေးကြသည်။ "ဆယ်လ" ဟူသောသဘာဝတရားကြီး၏ ကန့်သတ်ချုပ်ချယ်မှုအောက်တွင်၎င်းအလွှာထဲ၌ရုန်းကန်လှုပ်ရှားရင်းခွဲထွက်လွတ်မြောက်ခြင်းအာရုံဦး၏နိဒါန်းအား,မိခင်ကိုယ်တိုင် ကမ္ဘာ့အနာကျင်ဆုံးအချိန်ကိုဖြတ်သန်းပြီး လူသားဖြစ်တည်ခွင့်ရရှိစေရန် ကြိုးစားနေသည့်အချိန်ကာလများတွင်" အိမ်ထောင်သည်မိန်းမတစ်ယောက်ကို မိခင်လောင်းတစ်ယောက်အဖြစ်သို့ရာထူးတိုးပေးသည့်အခမ်းအနား" လည်းဖြစ်နေသည်။ ဤမိခင်မှမွေးဖွားပေးထားပြီးလူ့လောကထဲသို့စောလျင်စွာရောက်ရှိနှင့်ပြီးဖြစ်ကြသော သူများအား "အစ်ကို"_"အစ်မ" ဘဝသို့အလိုအလျောက်ရာထူးတိုးမြှင့်ပေးလိုက်ခြင်းလည်းဖြစ်သည်။ ထို့အပြင် သန္ဓေသားလောင်းသည် အပြင်ဖက်ကိုစတင်ရောက်ရှိပြီးနောက်လုပ်ရသည့်အလုပ်များထဲတွင် မိခင်နှင့်သန္ဓေသားအားဆက်သွယ်ထားသည့်"ချက်ကြိုး"အားဖြတ်တောက်ပေးရပြီးကလေး၏"ခွဲထွက်ခြင်းအနုပညာ"ကိုစတင်တာလွှတ်ပေးလိုက်သည်။ ထို့ကြောင့်ဆရာဝန်များ၊သူနာပြုဆရာ/မများသည် "ခွဲထွက်ရေးကိုပြုလုပ်နေကြသူများ"၊"သံယောဇဉ်နှောင်ကြိုးအားဖြတ်တောက်ပေးနေကြသူများ"ဟုခေါ်ဆိုလျှင်ရပေလိမ့်မည်။ လင်မယားများသည်"မိသားစု"ဟူသော နိုင်ငံတစ်ခု၏အငယ်ဆုံးသောအစိပ်အပိုင်းဖြစ်သည်။ တစ်နည်း,လင်မယားတိုင်းသည်နိုင်ငံတည်ဆောက်ရေးအခန်းကဏ္ဍတွင် ပါဝင်အားဖြည့်ကူညီဆောင်ရွက်ပေးနေကြသူများလည်းဖြစ်သည်။မလွတ်မြောက်သေးသောလူမျိုးများတွင်ထိုသူတို့သည်လက်နက်မကိုင်ဆောင်ဘဲ(အကြမ်းမဖက်ဘဲ)ကိုယ်ပိုင်နိုင်ငံသေးသေးလေးကိုတည်ဆောက်နေကြသူများလည်းဖြစ်သည်။ ယေဘုယျအားဖြင့်"နိုင်ငံ"ဟူသည် နိုင်ငံသူ/နိုင်ငံသားများဖြင့်ဖွဲ့စည်းတည်ဆောက်ထားပြီးယင်းတည်ဆောက်ထားသည့်နိုင်ငံကိုမပျက်စီးသွားစေရန်, နိုင်ငံသားအသိစိတ်ဓာတ်အပြည့်ဖြင့်စောင့်ရှောက်ထားကြပြီး,စုပေါင်းစွမ်းအားများဖြင့်ကျားကန်ပေးထားခြင်းကိုခေါ်ဆိုသည်ဟုကျနော့်အနေဖြင့် အဓိပ္ပာယ်ဖွင့်လိုသည်။ ထို့အတူအတိတ်တွင် ရခိုင်နိုင်ငံတော်ကိုရခိုင်လူမျိုးများ၊ ရခိုင်မျိုးနွယ်စုများ၊ ရခိုင်ဘုရင့်သြဇာခံများဖြင့်ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ Universal Truth ယူနီဗာဆယ်အမှန်တရားဖြစ်သည်။ ရခိုင်နိုင်ငံပျက်သုဉ်းဆုံးရှုံးပြီးနောက် ရခိုင်နိုင်ငံအားပြန်လည်တည်ဆောက်ရေးအခန်းကဏ္ဍဆိုသည်မှာ ရခိုင်မိသားစုများအား ရခိုင်နိုင်ငံထဲတွင်အစုလိုက်အစုလိုက်စုစည်းနေထိုင်ကြခြင်းကိုဆိုလိုသည်။ထို့အတူရခိုင်ဘိုးဘွားပိုင်နယ်မြေထဲတွင်လွတ်လပ်အေးချမ်းစွာ၊လုံလုံခြုံခြုံနှင့်အမှီအခိုကင်းကင်း စုစည်းနေထိုင်ကြပြီးရခိုင့်အချုပ်အချာအာဏာအားပြန်လည်တည်ဆောက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့်ရခိုင်အမျိုးသမီးကောင်းများသည် ကလေးများအားအပြွတ်လိုက်၊တပွေ့တပိုက်မွေးပေးခြင်းသည် နိုင်ငံတစ်ခုတည်ဆောက်နေခြင်းတွင်တိုက်ရိုက်ပါဝင်တာဝန်ထမ်းဆောင်နေသည်ဟုမှတ်ယူ၍ရသည်။ ထို့ကြောင့်"မြန်မြန်နှင့်များများမွေးပေးကြပါ"ဟုထပ်မံတိုက်တွန်းလိုက်ပါသည်။ နာကျင်မှုကိုတိုင်းတာသည့်ကိရိယာ၏ညွှန်းကိန်းများအရ ကလေးမွေးဖွားသည့်အချိန်မှာအနာကျင်ဆုံးအချိန်ဖြစ်သည်ဟုဖော်ပြထားသည်။ ခွဲထွက်ခြင်းအနုပညာတွင် အနာကျင်ဆုံးခံစားမှုကိုခံစားရသော်လည်း မိမိမွေးထုတ်လိုက်သည့်သား/သမီးများကိုပထမဆုံးတွေ့မြင်လိုက်ရသည့်အချိန်သည် မိခင်တိုင်းအတွက်အလှဆုံးအချိန်ဖြစ်နေသည်။ ထိုအချိန်၌နာကြင်မှုကြားထဲကပြုံးသောအပြုံးသည် မိခင်တိုင်းတူညီနေကြပေလိမ့်မည်။ ခြွင်းချက်အချို့မှလွဲ၍ပ။ ရိုးရိုးမမွေးနိုင်သည့်အခြေအနေတွင် ခွဲထွက်ခွင့်မရသောကြောင့် ခွဲထုတ်


Share on social

You may also like this