Date : 10-Jan-2020
#Unicode ဘူးသီးတောင်မြို့နယ်၏ ထိပ်ထူးပေါက်တောင်တန်း၌ မြေမြှုပ်မိုင်းများပေါက်ကွဲခြင်းနှင့်ပတ်သက်၍ ၎င်းမိုင်းများမှာမိမိတို့၏မိုင်းမဟုတ်ကြောင်း ထုတ်ပြန်ကြေညာချက် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၈) ရက် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၇) ရက်၊ နံနက်(၁၀) နာရီ(၃၀) မိနစ်တွင် ဘူးသီးတောင်မြို့နယ်၊ ထိပ်ထူးပေါက်ရွာကျေးရွာ၏ အရှေ့မြောက်(ခန့်မှန်ခြေးမြေပုံညွှန်း(DT-601 977) တွင် မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါသည်။ အဆိုပါပေါက်ကွဲမှုကြောင့် မူဆလင်အရပ်သား(၄) ဦးသေဆုံးကာ (၆) ဦးဒဏ်ရာရရှိသွားကြောင်းကြားသိရပါသည်။ဤကဲ့သို့ အပြစ်မဲ့ပြည်သူလူထုနှင့် အရပ်သားများသေဆုံးရခြင်းအပေါ် မိမိတို့(ULA/AA)အနေဖြင့်စိတ်မကောင်းဖြစ်ကာဝမ်းနည်းရပါသည်။ ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာမှာ မြန်မာ့တပ်မတော်၏စစ်ကြောင်းတစ်ခုမှ တစ်လနီးပါးစခန်းချနေထိုင်ခဲ့သောနေရာဖြစ်ပြီး မြေမြှုပ်မိုင်းမပေါက်ကွဲမီတစ်ရက်အလို( ၂၀၂၀ ခုနှစ် ဇန်နဝါရီလ(၆) ရက်နေ့) ၌အဆိုပါစစ်ကြောင်းမှာတပ်ပြောင်းရွှေ့သွားသည့်နေရာပင်ဖြစ်ပါသည်။ ဤသည်ကို ထိပ်တူးပေါက်ရွာသူ/ရွာသားများအားလုံးအသိပင်ဖြစ်ပါသည်။ ထို့အတူ ထိခိုက်ဒဏ်ရာရသူများ၏ ဒဏ်ရာများကိုကြည့်လျှင်ပင် မြန်မာ့တပ်မတော်၏ စွန့်လွှတ်မိုင်းလက်ချက်သာဖြစ်ကြောင်းသိစေနိုင်ပါသည်။ မြန်မာ့တပ်မတော်သည် ၎င်းတို့စခန်းချနေထိုင်သည့် နေရာများဖြစ်သည့် ရှေ့တန်းစခန်းကုန်းများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများပတ်လည်၌ ၎င်းတို့တပ်ရွှေ့ပြောင်းသွားသည့်အချိန်များတွင် စွန့်လွှတ်မိုင်းများကိုချန်ထားလေ့ရှိပါသည်။ ယမန်နေ့ကပေါက်ကွဲခဲ့သောထိပ်ထူးပေါက်တောင်တန်းဖြစ်စဉ်မှ မြေမြှုပ်မိုင်းမှာလည်း မြန်မာ့တပ်မတော်မှ ထောင်ထားခဲ့သောစွန့်လွှတ်မိုင်းကြောင့်သာဖြစ်ပြီး မြန်မာ့တပ်မတော်မှစွပ်စွဲထားသကဲ့သို့မိမိတို့၏မိုင်းမဟုတ်ကြောင်းအခိုင်အမာ ငြင်းလိုပါသည်။ မြန်မာ့တပ်မတော်အနေဖြင့် ၎င်းတို့ကျူးလွန်သည့်ပြစ်မှုများကိုမိမိတို့အဖွဲ့အစည်းအပေါ်ပုံချခြင်းမှာ အောက်တန်းကျသောလုပ်ရပ်တစ်ခုသာဖြစ်ပြီး အစိုးရစစ်တပ်တစ်ခု၏ အဆင့်အတန်းဂုဏ်သိက္ခာကင်းမဲ့မှုကိုဖော်ပြနေခြင်းပင်ဖြစ်သည်။ ထို့အပြင် မြန်မာ့တပ်မတော်သည် DT-607972 (ထိပ်ထူးပေါက်တောင်ဦး)၊DT-620959(စံဂိုးတောင်ဘုရား(သို့မဟုတ်)၃၁-ဘုံဘုရား) DT-627952(နွားရုံတောင်ရွာအနီး) စသည့်နေရာများအပြင်၎င်းမြေပုံညွှန်းပတ်ဝန်းကျင်များ၌ ဆက်လက် စခန်းချတပ်စွဲကာနေထိုင်လျှက်ရှိဆဲပင်ဖြစ်သည်။ ထို့ကြောင့် အရပ်သားပြည်သူလူထုများအနေဖြင့်မိုင်းအန္တရာယ်ကင်းဝေးစေရန် မြန်မာ့တပ်မတော်စခန်းချနေထိုင်သောပတ်ဝန်းကျင်များသို့ သွားလာခြင်းမပြုလုပ်ကြပါရန် လေးစားစွာဖြင့်ထပ်မံအသိပေးအပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ဘူးသီးေတာင္ၿမိဳ႕နယ္၏ ထိပ္ထူးေပါက္ေတာင္တန္း၌ ေျမျမႇဳပ္မိုင္းမ်ားေပါက္ကြဲျခင္းႏွင့္ပတ္သက္၍ ၎မိုင္းမ်ားမွာမိမိတို႔၏မိုင္းမဟုတ္ေၾကာင္း ထုတ္ျပန္ေၾကညာခ်က္ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ(၈) ရက္ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ(၇) ရက္၊ နံနက္(၁၀) နာရီ(၃၀) မိနစ္တြင္ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ထိပ္ထူးေပါက္႐ြာေက်း႐ြာ၏ အေရွ႕ေျမာက္(ခန႔္မွန္ေျခးေျမပုံၫႊန္း(DT-601 977) တြင္ မိုင္းေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ပါသည္။ အဆိုပါေပါက္ကြဲမႈေၾကာင့္ မူဆလင္အရပ္သား(၄) ဦးေသဆုံးကာ (၆) ဦးဒဏ္ရာရရွိသြားေၾကာင္းၾကားသိရပါသည္။ဤကဲ့သို႔ အျပစ္မဲ့ျပည္သူလူထုႏွင့္ အရပ္သားမ်ားေသဆုံးရျခင္းအေပၚ မိမိတို႔(ULA/AA)အေနျဖင့္စိတ္မေကာင္းျဖစ္ကာဝမ္းနည္းရပါသည္။ ေပါက္ကြဲမႈျဖစ္စဥ္ျဖစ္ပြားခဲ့သည့္ေနရာမွာ ျမန္မာ့တပ္မေတာ္၏စစ္ေၾကာင္းတစ္ခုမွ တစ္လနီးပါးစခန္းခ်ေနထိုင္ခဲ့ေသာေနရာျဖစ္ၿပီး ေျမျမႇဳပ္မိုင္းမေပါက္ကြဲမီတစ္ရက္အလို( ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ(၆) ရက္ေန႔) ၌အဆိုပါစစ္ေၾကာင္းမွာတပ္ေျပာင္းေ႐ႊ႕သြားသည့္ေနရာပင္ျဖစ္ပါသည္။ ဤသည္ကို ထိပ္တူးေပါက္႐ြာသူ/႐ြာသားမ်ားအားလုံးအသိပင္ျဖစ္ပါသည္။ ထို႔အတူ ထိခိုက္ဒဏ္ရာရသူမ်ား၏ ဒဏ္ရာမ်ားကိုၾကည့္လွ်င္ပင္ ျမန္မာ့တပ္မေတာ္၏ စြန႔္လႊတ္မိုင္းလက္ခ်က္သာျဖစ္ေၾကာင္းသိေစႏိုင္ပါသည္။ ျမန္မာ့တပ္မေတာ္သည္ ၎တို႔စခန္းခ်ေနထိုင္သည့္ ေနရာမ်ားျဖစ္သည့္ ေရွ႕တန္းစခန္းကုန္းမ်ား၊ စာသင္ေက်ာင္းမ်ား၊ ဘုန္းႀကီးေက်ာင္းမ်ားပတ္လည္၌ ၎တို႔တပ္ေ႐ႊ႕ေျပာင္းသြားသည့္အခ်ိန္မ်ားတြင္ စြန႔္လႊတ္မိုင္းမ်ားကိုခ်န္ထားေလ့ရွိပါသည္။ ယမန္ေန႔ကေပါက္ကြဲခဲ့ေသာထိပ္ထူးေပါက္ေတာင္တန္းျဖစ္စဥ္မွ ေျမျမႇဳပ္မိုင္းမွာလည္း ျမန္မာ့တပ္မေတာ္မွ ေထာင္ထားခဲ့ေသာစြန႔္လႊတ္မိုင္းေၾကာင့္သာျဖစ္ၿပီး ျမန္မာ့တပ္မေတာ္မွစြပ္စြဲထားသကဲ့သို႔မိမိတို႔၏မိုင္းမဟုတ္ေၾကာင္းအခိုင္အမာ ျငင္းလိုပါသည္။ ျမန္မာ့တပ္မေတာ္အေနျဖင့္ ၎တို႔က်ဴးလြန္သည့္ျပစ္မႈမ်ားကိုမိမိတို႔အဖြဲ႕အစည္းအေပၚပုံခ်ျခင္းမွာ ေအာက္တန္းက်ေသာလုပ္ရပ္တစ္ခုသာျဖစ္ၿပီး အစိုးရစစ္တပ္တစ္ခု၏ အဆင့္အတန္းဂုဏ္သိကၡာကင္းမဲ့မႈကိုေဖာ္ျပေနျခင္းပင္ျဖစ္သည္။ ထို႔အျပင္ ျမန္မာ့တပ္မေတာ္သည္ DT-607972 (ထိပ္ထူးေပါက္ေတာင္ဦး)၊DT-620959(စံဂိုးေတာင္ဘုရား(သို႔မဟုတ္)၃၁-ဘုံဘုရား) DT-627952(ႏြား႐ုံေတာင္႐ြာအနီး) စသည့္ေနရာမ်ားအျပင္၎ေျမပုံၫႊန္းပတ္ဝန္းက်င္မ်ား၌ ဆက္လက္ စခန္းခ်တပ္စြဲကာေနထိုင္လွ်က္ရွိဆဲပင္ျဖစ္သည္။ ထို႔ေၾကာင့္ အရပ္သားျပည္သူလူထုမ်ားအေနျဖင့္မိုင္းအႏၲရာယ္ကင္းေဝးေစရန္ ျမန္မာ့တပ္မေတာ္စခန္းခ်ေနထိုင္ေသာပတ္ဝန္းက်င္မ်ားသို႔ သြားလာျခင္းမျပဳလုပ္ၾကပါရန္ ေလးစားစြာျဖင့္ထပ္မံအသိေပးအပ္ပါသည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္