၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၃) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

blog

Date : 04-Jan-2020

Nyo Twan Awng

#Unicode ဇန်နဝါရီလ(၃) ရက်နေ့တွင်မြေပုံ၊ ပလက်ဝ၊ရသေ့တောင်မြို့နယ်များ၏ နေရာ(၃) ခု၌တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရာဇဝတ်နယ်ချဲ့မြန်မာ့တပ်မတော်သား(၁၇) ဦး (မျက်မြင်) အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ဇန်နဝါရီ(၂) ရက်နောက်ဆက်တွဲအနေဖြင့် မြေပုံမြို့နယ်အတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း ရန်သူသည် အချင်းချင်းလက်နက်ကြီးမှားယွင်းပစ်ခတ်မှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်။ မြေပုံမြို့နယ်၊စညှင်းရွာအရှေ့ဖက်၊(၁.၅) ကီလိုမီတာအကွာအဝေးရှိ ပွိုင့်-၂၅၇ ( Point-257) တောင်ကုန်းရှိမိမိတို့ရှိရာနေရာအား နယ်ချဲ့စစ် ရာဇဝတ်တပ်ဖွဲ့သည်နံနက်(၇) နာရီမှစတင် ၍နေရာ(၄) နေရာမှလက်နက်ကြီးများစုပြုံပစ်ခတ်တိုက်ခိုက်နေခဲ့ပြီး စတုတ္ထနေ့ထိုးစစ်အားဆက်လက်ပြုလုပ်ခဲ့သည်။ မိမိတို့မှတ်တမ်းများအရ ယနေ့,လက်နက်ကြီးပစ်ခတ်တိုက်ခိုက်သည့်အရေအတွက် အကြိမ်(၂၀၀) နီးပါးရှိခဲ့သည်။ ရန်သူသည် ဤနေရာအား လေးရက်မြောက်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်ပြီး ယနေ့ရန်သူ့ထိုးစစ်အတွင်း အာရက္ခစစ်သည်တော်များမှရန်သူ(၁၅) ဦး(မျက်မြင်)ထက်မနည်းသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ မိမိတို့ဖက်မှအလတ်စားဒဏ်ရာရရှိသူအချို့မှလွဲ၍ ရန်သူ့မြေပြင်၊ဝေဟင်ထိုးစစ်အား အကောင်းဆုံးဟန့်တားတိုက်ခိုက်နိုင်ခဲ့သည်။ ယခင်နေ့များ၌သေဆုံးခဲ့သောရန်သူ့အလောင်းများမှာပုပ်ပွလျှက်ရှိသည်။ ရသေ့တောင်မြို့၊ အခြေစိုက်၊ခမရ (၅၃၇) တပ်ရင်း နှင့် ရက္ခိုင့်တပ်တော်တို့သည် သောင်းဒရားရွာ တံတားတောင်ဘက်ထိပ်အနီး၌ နံနက်(၆) နာရီ(၅၀) မိနစ်မှစတင်ပြီး နာရီဝက်ခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဤကဲ့သို့ထိတွေ့မှု အတွင်း မိမိတို့ဖက်မှထိခိုက်ဒဏ်ရာရမှုမရှိခဲ့သော်လည်း ရန်သူ့ဖက်မှထိခိုက်၊ကျဆုံးမှုများရှိနိုင်သည်။ ပလက်ဝမြို့နယ်၊ နယ်စပ်မှတ်တိုင် (၇၁)/BP 71 အနောက်မြောက်ဖက်၊(၁.၄) ကီလိုမီတာအကွာအဝေးရှိ Point-825 /ပွိုင့် ၈၂၅ ကုန်းရှိရန်သူတစ်ဦးအား Sniper စနိုက်ဘာဖြင့်သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်(ရခိုင်)ရွာအနီး၌ နေ့လည်(၁) နာရီခန့်အချိန်တွင် ရန်သူသည်မိမိတို့ရှိရာနေရာသို့ဝင်ရောက်လာသောရန်သူ(၁) ဦး(မျက်မြင်)အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သကဲ့သို့ နောက်ထပ်ရန်သူ(၂) ဦးထပ်မံဒဏ်ရာရရှိကြောင်းသိရှိရသည်။ တိုက်ပွဲများအတွင်းသတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သောအာရက္ခစစ်သည်တော်များအားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော် #Zawgyi ဇန္နဝါရီလ(၃) ရက္ေန႔တြင္ေျမပံု၊ ပလက္ဝ၊ရေသ့ေတာင္ၿမိဳ႕နယ္မ်ား၏ ေနရာ(၃) ခု၌တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ရာဇဝတ္နယ္ခ်ဲ႕ျမန္မာ့တပ္မေတာ္သား(၁၇) ဦး (မ်က္ျမင္) အားသုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။ ဇန္နဝါရီ(၂) ရက္ေနာက္ဆက္တြဲအေနျဖင့္ ေျမပံုၿမိဳ႕နယ္အတြင္းျဖစ္ပြားခဲ့ေသာတိုက္ပြဲအတြင္း ရန္သူသည္ အခ်င္းခ်င္းလက္နက္ႀကီးမွားယြင္းပစ္ခတ္မႈေၾကာင့္ ေသဆံုးသူႏွင့္ ထိခိုက္ဒဏ္ရာရသူမ်ားရွိခဲ့သည္။ ေျမပံုၿမိဳ႕နယ္၊စညႇင္းရြာအေရွ႕ဖက္၊(၁.၅) ကီလိုမီတာအကြာအေဝးရွိ ပြိဳင့္-၂၅၇ ( Point-257) ေတာင္ကုန္းရွိမိမိတို႔ရွိရာေနရာအား နယ္ခ်ဲ႕စစ္ ရာဇဝတ္တပ္ဖြဲ႕သည္နံနက္(၇) နာရီမွစတင္ ၍ေနရာ(၄) ေနရာမွလက္နက္ႀကီးမ်ားစုျပံဳပစ္ခတ္တိုက္ခိုက္ေနခဲ့ၿပီး စတုတၳေန႔ထိုးစစ္အားဆက္လက္ျပဳလုပ္ခဲ့သည္။ မိမိတို႔မွတ္တမ္းမ်ားအရ ယေန႔,လက္နက္ႀကီးပစ္ခတ္တိုက္ခိုက္သည့္အေရအတြက္ အႀကိမ္(၂၀၀) နီးပါးရွိခဲ့သည္။ ရန္သူသည္ ဤေနရာအား ေလးရက္ေျမာက္ထိုးစစ္ဆင္တိုက္ခိုက္ျခင္းျဖစ္ၿပီး ယေန႔ရန္သူ႔ထိုးစစ္အတြင္း အာရကၡစစ္သည္ေတာ္မ်ားမွရန္သူ(၁၅) ဦး(မ်က္ျမင္)ထက္မနည္းသုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။ မိမိတို႔ဖက္မွအလတ္စားဒဏ္ရာရရွိသူအခ်ိဳ႕မွလြဲ၍ ရန္သူ႔ေျမျပင္၊ေဝဟင္ထိုးစစ္အား အေကာင္းဆံုးဟန္႔တားတိုက္ခိုက္ႏိုင္ခဲ့သည္။ ယခင္ေန႔မ်ား၌ေသဆံုးခဲ့ေသာရန္သူ႔အေလာင္းမ်ားမွာပုပ္ပြလွ်က္ရွိသည္။ ရေသ့ေတာင္ၿမိဳ႕၊ အေျခစိုက္၊ခမရ (၅၃၇) တပ္ရင္း ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔သည္ ေသာင္းဒရားရြာ တံတားေတာင္ဘက္ထိပ္အနီး၌ နံနက္(၆) နာရီ(၅၀) မိနစ္မွစတင္ၿပီး နာရီဝက္ခန္႔ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့သည္။ ဤကဲ့သို႔ထိေတြ႕မႈ အတြင္း မိမိတို႔ဖက္မွထိခိုက္ဒဏ္ရာရမႈမရွိခဲ့ေသာ္လည္း ရန္သူ႔ဖက္မွထိခိုက္၊က်ဆံုးမႈမ်ားရွိႏိုင္သည္။ ပလက္ဝၿမိဳ႕နယ္၊ နယ္စပ္မွတ္တိုင္ (၇၁)/BP 71 အေနာက္ေျမာက္ဖက္၊(၁.၄) ကီလိုမီတာအကြာအေဝးရွိ Point-825 /ပြိဳင့္ ၈၂၅ ကုန္းရွိရန္သူတစ္ဦးအား Sniper စႏိုက္ဘာျဖင့္သုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ျပင္ရွည္(ရခိုင္)ရြာအနီး၌ ေန႔လည္(၁) နာရီခန္႔အခ်ိန္တြင္ ရန္သူသည္မိမိတို႔ရွိရာေနရာသို႔ဝင္ေရာက္လာေသာရန္သူ(၁) ဦး(မ်က္ျမင္)အားသုတ္သင္ရွင္းလင္းႏိုင္ခဲ့သကဲ့သို႔ ေနာက္ထပ္ရန္သူ(၂) ဦးထပ္မံဒဏ္ရာရရွိေၾကာင္းသိရွိရသည္။ တိုက္ပြဲမ်ားအတြင္းသတၱိေျပာင္ေျမာက္စြာတိုက္ပြဲဝင္ခဲ့ေသာအာရကၡစစ္သည္ေတာ္မ်ားအားဂုဏ္ျပဳမွတ္တမ္းတင္အပ္ပါသည္။ သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္


Share on social

You may also like this