"ကိုဗစ်စွာ အလိုတော်မပြည့်သိမ့်"

article

Date : 16-Sep-2020

Nyo Twan Awng

(၁) ပထမလှိုင်း

ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်မြန်ရောဂါ(Covid-19 )စွာ ရခိုင်ပြည်နန့် အောက်သားပြည်မှာ Second Wave "ဒုတိယလှိုင်း"အဖြစ် အားကောင်းမောင်းသန်ကူးစက်ပျံ့နှံ့လို့ဟိနီရေ။ ဒုတိယလှိုင်းမှာ ရောဂါပိုးပျံ့နှံ့နှုန်းစွာရေ ပထမလှိုင်းကာလအတွင်းမှာပျံနှံ့နှုန်းထက် ဆယ်ဆနီးပါးပိုမြန်ရေ။ ပြင်းအားကတော့ စကေလျော့လားပုံပေါက်တေ။ ယကေလေ့ တစိချေတောင်မှမပေါ့ဖို့လိုရေ။

ပထမလှိုင်း ကာလ(၉ လအတွင်း)မှာတော့ ကိုရိုနာစွာ ရခိုင်သားတိနန့် ဖူးစာကောင်းမဆုံလီခ။ လက်ချိုးရီတွက်လို့ရရေကိန်းဂဏန်းသာသာ၊ တစ်ရာအောက်လောက်ရာဟိခရေ။ ၂၀၁၉ ခုနှစ်အကုန်မှာစဖြစ်ခတေကိုရိုနာကူးစက်ရောဂါစွာ ရခိုင်မြီကို (၅) လကျော်အကြာ၊မေလ(၁၈) ရက်နိမှာမှ စရောက်တေ။(Arakan Case-188) ငပလီ-သံတွဲဖက်ကနီစလို့ဝင်လာရေ။ ပြီးကေ တောင်ကုတ်။ ယင်းကနီ အခြားမြို့တိကိုကျော်ပြီးကေဘူးသီးတောင်၊မောင်တောဖက်ကိုရောက်လားရေ။

ရခိုင်ပြည်အတွင်းမှာ ကိုရိုနာကူးစက်ခံရလူအရီအတွက်စွာ မေလ၊ ဇွန်လ၊ ဇူလိုင်လ သုံးလပေါင်းမှ(၂၁) ယောက်ရာဟိခတေ။ ကူးစက်ခံရေရေလူတိလေ့ အသီအပျောက်မဟိခဘဲ အားလုံးသက်သာပျောက်ကင်းလားခတေ။ ကိုဗစ် ပထမလှိုင်း( Covid 19 First Wave)နန့် အာရက္ခတိုင်းပြည်ရဲ့ ဇာတ်လမ်းကအေလောက်ရာဟိခတေ။ ကိုဗစ်ကူးစက်ခံလူနာတစ်ယောက် ကိုယ့်လောင်းကိုယ်လှော်ပနာ PPE ဝတ်လို့ဆီးရုံလားခရေ တောင်ကုတ်ဖက်ကမြင်ကွင်းစွာပထမကိုဗစ်ကာလ ကမ္ဘာကျော်ပြကွက်ဖြစ်ခတေ။

(၂) ဒုတိယလှိုင်း( Arakan Case-375)

ဒုတိယလှိုင်းမှာ ကူးစက်ပုံကတော့ အရင်ထက်ပြင်းရေ။ သြဂုတ်(၁၆) ရက် (Arakan Case-375) ကနိန် စက်တင်ဘာလ(၁၆) ရက်၊မိုးထ(၈)နာရီတစ်လတာအတွင်း ရခိုင်ပြည်အတွင်းမှာ(၇၇၂)ယောက်အထိကူးစက်ခံထားရပြီးဗျာယ်။ ကိုဗစ်ဖြစ်ပွားမှုအစကနီအေနိအထိတော့ ရခိုင်ပြည်မှာစုစုပေါင်း (၇၉၃) ယောက်အကူးစက်ခံထားရပြီးကေ ရခိုင်ပြည်၏ မြို့တိုင်းလိုလိုမှာပိုးတွိလူနာဟိထားပြီးဗျာယ်ဖြစ်တေ။ ဆိုခါ,ကိုဗစ်စွာစရိတ်ငြိမ်းနန့်ရခိုင်ပြည်ကိုတစ်ပတ်ပတ်ထားပြီးဗျာယ်။ (ကိန်းကဏန်းတိက စကေတဗွေလွဲနိုင်ရေ)

ကိုဗစ်စွာစစ်တွေသို့ရောက်နီရေလူတိကိုတော့ ပိုခြီပုံပေါက်တေ။😃ယင်းမြို့မှာကူးစက်နှုန်းအရီအတွက်ပိုများစွာတွိလို့။ စကူးခံမြို့နန့်မြို့ကြီးလို့လေ့ကူးစက်ပျံနှံ့ဖို့များရေ။ဗမာပြည်တစ်ပြည်လုံးအတိုင်းအတာနန့် ကိုဗစ်စဖြစ်ရေအချိန်ကနီအေနိအထိ(စက်တင်ဘာလ-၁၆)ပိုးတွိလူစုစုပေါင်း(၃၆၃၆) ယောက်ဟိခဗျာယ်။ ယင်းအထဲမှာ (၈၃၂) ယောက်ကိုဗစ်ပိုးကင်းစင်ခပြီးဗျာယ်။ ကုသလို့ပျောက်ကင်းလားခဗျာယ်။ ကိုဗစ်ပိုးရဲ့အထွက်မှာအသက်ပါယူလားခြင်းခံရရေလူကတော့ ယင်းစုစုပေါင်း(၃၆၃၆)အထဲမှာ (၃၉) ယောက်။ သီလူ။

(၃) D614G- ဒုတိယလှိုင်းအစ Akyab က

ပထမလှိုင်းထဲက ကိုဗစ်စွာ ဒုတိယလှိုင်းအစမှာသူ့ပုံစံကိုစကေတဗွေရုပ်ပြောင်းထားပုံပေါက်တေ။ ရခိုင်သားတိအတွက်ကိုဗစ်စွာနဂိုရုပ်ကိုဖျက်လို့ လာခပုံပေါက်တေ။ အေဂုကူးစက်နီရေ ရောဂါပိုးကိုစုံစမ်းစစ်ဆီးပြီးရေအချိန်မှာ အေနိုင်ငံထဲမှာ"ကိုဗစ်ဒုတိယလှိုင်းအစ အတ်ကြပ် Akyab က" လို့ပြောလို့ရဖို့ထင်ရေ။

ဒုတိယလှိုင်းဖြစ်ပေါ်နီရေနိုင်ငံတိထဲမှာ လည်း G614 ဗီဇပြောင်း(ပုံပြောင်း) ပိုးတိကိုတွိရေ။ Akyab=စစ်တွေမြို့စွာ ကိုဗစ်ဒုတိယလှိုင်းအစဖြစ်စွာကို လီယာဉ်စီးခရီးသည်ငါးထောင်ကျော်ကို ကျန်းမာရီးဝန်ကြီးဌာနကထုတ်ပြန်ပနာ အတည်ပြုပီးထားရေ။ (အခြားပြည်နယ်/တိုင်းတိအတွက်ထုတ်ပြန်ထားစွာမတွိရ)။ ယပြီးကေ,ညမထွက်ရအမိန့်ရခိုင် တပြည်လုံးထုတ်ပနာ ထပ်ဆင့်အတည်ပြုပီးထားရေ။ ကုန်စည်ကူးသန်းရောင်းဝယ်လားလာခွင့်မှာ ရခိုင်ပြည်ကို လူမျိုးရီးအမုန်းတရားနန့်တစ်ဖက်သတ် ကန့်သတ်ထားပနာ ဟုတ်မှန်ကြောင်း တတိယံမိအတည်ပြုပီးရေ။

Coronavirus 2019 ကိုရိုနာဗိုင်းရပ်(စ်) ၂၀၁၉ ကြောင့်ဖြစ်တေ အေကူးစက်မြန်ရောဂါစွာ လူကနီလူကိုကူးစက်တတ်တေရောဂါဖြစ်တေ။ အဂုအချိန်မှာကမ္ဘာ့နိုင်ငံပေါင်းစုံနီးပါးကိုကူးစက်ပျံ့နှံရောက်ဟိလားခဗျာယ်ဖြစ်တေ။ "ကိုရိုနာအစ ဝူဟန်က" ဆိုရေပယှောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဝူဟန်မြို့ကစတင်ဖြစ်ပွားခပြီး တစ်ကမ္ဘာလုံးနီးပါးသို့ အချိန်တိုတိုအတွင်းမှာ ကူးစက်ပျံနှံ့ရောက်ဟိလားခတေ။ ကမ္ဘာ့ကျန်းမာရီးအဖွဲ့ WHO က ကမ္ဘာ့ကပ်ရောဂါအဖြစ် ၂၀၂၀ ပြည့်နှစ် မတ်လ(၁၁) ရက်နိမှာကြေညာခတေ။

ကိုရိုနာဗိုင်းရပ်(စ်)စွာ မှို့တိလီမှာလွင့်ရေပိုင်, တိမ်တိအာကာမှာလွင့်နီပိုင် လားနီပြီးကေ သူ့တာဝန်ကိုသူကျီပွန်စွာထမ်းလို့ဟိရေ။ ဝင်ချင်လူခန္ဓာဝင်ပြီး မဝင်ချင်လူခန္ဓာမဝင်စွာက ကိုဗစ်လကျင့်မကောင်းလို့ပြောရဖို့။သူ့အလုပ်က သူလားရာလမ်းမှာတွိရေလူတိရဲ့ နှာခေါင်း၊ ပါးဇပ် လမ်းကြောင်းတိကနီတစ်ဆင့် ဝင်ရောက်ပြီးကေ ယင်းလူခန္ဓာမှာနားခိုပြီးကေ ယင်းလူရဲ့ ကျန်းမာရီးနဂိုအခံကို စမ်းသပ်လီရေ။ ခုခံအားမကောင်း၊ နဂိုယိုယွင်းပျက်စီးနီရေ ကျန်းမာရီးပုံစံနန့်ဆိုကေတော့ ကိုရိုနာက နှိပ်စက်လီဗျာယ်။

ကိုဗစ်စွာ သူခေတ္တတည်းခိုနီရေလူ့ခန္ဓာရဲ့ နှာခေါင်းကောင်း/မကောင်းစစ်ဆီးရေ။ အနံ့မရလိုက်ဗျာယ်ဆိုစွာနန့် သူ့ရည်ရွယ်ချက်အောင်မြင်ဗျာယ်။ ဆီးချိုသမားတိကတော့ အနှိပ်စက်အခံရဆုံး။ယေဇု Mask တပ်ကတ်။ လက်ဆီးကတ်။ကိုဗစ်နန့်ပတ်သက်လို့လိုက်နာရဖို့စည်းကမ်းတိကိုတိတိကျကျလိုက်နာကတ်။ အလိဇီထိုးပနာ မနီကတ်ကေ့။ မပေါ့ကတ်ကေ့။

(၄) ဒုတိယ ကိုယ်စောင့်နတ်သား/နတ်သမီး

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၂၂) ရက်နိ BBC ကသိပ္ပံနန့်နည်းပညာသတင်းတစ်ပုဒ်မှာ Scientific Advisory Group fo Emergencies (Sage) အဖွဲ့က ကိုဗစ်နိုင်းတင်းကို ရာသက်ပန် Covid လို့တောင်ပြောထားရေ။ ဒေကမ္ဘာမြီထက်မှာ လောလောဆယ် ဗြုန်းခနဲပျောက်လားဖို့မဖြစ်နိုင်သိမ့်လတ်။ ကိုဗစ်ပုံစံပြောင်းတစ်မျိုးမျိုးနန့် (သို့မဟုတ်) အခြားပုံစံတစ်မျိုးမျိုးနန့်တည်ဟိနီနိုင်ရေ။ဆိုလိုစွာက,ဒုတိယ ကိုယ်စောင့်နတ်သား/နတ်သမီးပယှောင်ဟိနီလီဖို့လို့ဆိုလိုစွာထင်ရေ။

အေအချိန်မှာ Covid-19 (G614) စွာ"အချိန်မရွီးမင်းလည်းကူးစက်ခံရနိုင်ရေ။ ငါလည်းကူးစက်လားနိုင်ရေ" ဆိုရေသတိတရားနန့်သတိထားပြီးနီထိုင်ကတ်ဖို့လိုရေ။ New Normal life ဆိုရေ "ခေတ်သစ်လူမှုဘဝသစ်"မှာ ချစ်သူခင်သူတိနန့်ပြန်ဆုံဖို့၊ အာရက္ခတိုင်းပြည်ပြန်ဖြစ်လာဖို့က ကိုဗစ်ကာလမှာ ရခိုင်တစ်ယောက်ချင်းစီ၏ စည်းကမ်းလိုက်နာမှုအပေါ်မှာမူတည်နီရေ။ တစ်ဖက်မှာ ရခိုင်သားတိအာရက္ခတိုင်းပြည်နန့်ထိုက်တန်လားဆိုရေ စမ်းသပ်မှုမယ်သယ်လားလို့ တွေးမိရေ။

(၅)Stay At Home (ကိုယ့်အိမ်မှာကိုယ်နီကတ်ပါ)

COVID-19 (SARS-CoV/2) ဓာတ်ခွဲအတည်ပြုလူနာသစ်၊ ပိုးတွိသူစာရင်းကို ကျန်းမာရီးနန့်အားကစားဝန်ကြီးဌာနကနိတိုင်းထုတ်ပြန်လို့ဟိရေ။ ကူးစက်နှုန်းမလျော့သိမ့်။ ထပ်လို့ပျံနှံ့နီဆဲ။ ကြည့်ရစွာ သောင်းဂဏန်းနားထိခရီးဆက်နီပုံပေါက်တေ။

တစ်ရက်ထက်တစ်ရက်စံချိန်တင်ပိုးတွိလူစာရင်းက နောက်ထပ် မပေါ့ကတ်ကေ့လို့ပြင်းထန်ရေသတိပီးခေါင်းလောင်းသံအဖြစ်ထိုးလို့ဟိရေ။နိုင်ငံရီးကိုဗစ်( ကိုဗစ်အတု-အစစ်) လို့ဝီဝါးစဉ်းစားနီစွာထက် မိမိကစလို့ကာကွယ်ဖို့ တပ်လှန့်နှိုးဆော်သံအဖြစ်မှတ်ယူကတ်ဖို့လိုရေ။ အေဂုကာလမှာ Stay At Home ဆိုစွာကို အစိုးရကထုတ်ပြန်မှမဟုတ်ဘဲ ကိုယ့်စွာကိုယ်ထုတ်ပနာ နီထိုင်ကတ်ပါလို့တိုက်တွန်းလိုက်ရေ။ ပေါ့လို့နီလို့ကတ်တော့ ကူးစက်ခံရရေလူစွာ မင်းလေ့ဖြစ်နိုင်ရေ၊ ငါလေ့ဖြစ်လားနိုင်ရေ။

သီခြာစွာက ကိုဗစ်စွာအလိုတော်မပြည့်သိမ့်။ ဂရုမထူဘဲ ပေါ့ပေါ့တန်တန်နီကေတော့ အချိန်မရွီးဇာသူ့ကိုမဆိုကူးစက်လားနိုင်ရေ။

ရခိုင်လူမျိုး Dr.ညိုထွန်းအောင်
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၁၆) ရက်၊
ညဇာသား ၇:၀၀ နာရီ။


Share on social

You may also like this